Drawing Thingyan Pot

image

သင်္ကြန်အတာအိုးပုံလေးဆွဲထားတာပါ။ခုချိန်မှာ သင်္ကြန်ကတော့ပြီးသွားပါပြီ။ဒီပုံလေးက သင်္ကြန်အမှတ်တရအနေနဲ့ဆွဲထားတာပါ။သင်္ကြန်တွင်းတုန်းကလမ်းလျှောက်သင်္ကြန်နှစ်ခုတော့ လည် ဖြစ်ခဲ့တယ်။မြို့ထဲက လမ်းလျှောက်သင်္ကြန်နဲ့အင်းလျားလမ်းက လမ်းလျှောက်သင်္ကြန်။မြို့ထဲက လမ်းလျှေက်သင်္ကြန်မှာတော့ သိပ်မပျော်သလိုပဲ။ကိုယ်တွေလမ်းလျှောက်တဲ့ဘက်က ရေသိပ်မပက်လို့လည်း ဖြစ်မယ်ထင်တယ်။ အင်းလျားလမ်း လမ်းလောက်သင်္ကြန်ကိုတော့ ပိုပျော်တယ်။အင်းလျားလမ်းမှာတော့ ရေများများပက်တဲ့ ဘက်က လမ်းလျှောက်ဖြစ်ပြီး လမ်းထဲမှာ တိုင်းရင်းသားမဏ္ဍပ်တွေနဲ့ဆိုင်တွေအများကြီးလည်း ရှိတယ်။အပေါ်ကလည်း ရေပန်းလေးတွေနဲ့ ရေဖြန်းပေးတော့ စိုစိုစွတ်စွတ့် ရေတွေစိုရွှဲပြီး လမ်းလျှောက်လို့ရတယ်။အဲလို ရေတွေစိုရွှဲပြီး လမ်းလျှောက် ရတာလေးကို သဘောကျတယ်။

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency