Youth and Reading လူငယ်နှင့် စာဖတ်ခြင်း

image
ယနေ့ခေတ်တွင် လူငယ်လူရွယ်အများစုမှာ ပြင်ပစာ ဖတ်ရှုမှု့ နည်းပါးလာသည်ကို တွေ့ရှိလာရသည် ။
ထိုအခါ မိမိ၏ စိတ်တွင် လူငယ်လူရွယ်များအား အားမလိုအားရ ဖြစ်ခြင်းများ ကိန်းအောင်းလာပေသည် ။
မိမိငယ်စဉ်က စာဖတ်ဝါသနာပါခဲ့သည်ကိုပင် ဝမ်းမြောက်ဂုဏ်ယူမိသည် ။ မိမိငယ်စဉ် ကျောင်းသားအရွယ် ၃တန်း ၄တန်းနှစ်များဆီက ယနေ့ခေတ် ကဲ့သို့ စာအုပ်စာပေ မပေါများခဲ့ပေ ။ ပတ်ဝန်းကျင်တွင် တွေ့ကရာ စာတိုပေစများ ကာတွန်းဂျာနယ်များဖြင့်သာ ကြီးပြင်းခဲ့ရသည် ။ အများစုမှာ စာအုပ်ဟုခေါ်မဖြစ်တော့သော စာရွက်အပြုတ် စာတိုပေစများက အများစုဖြစ်သည် ။ ဝတ္ထုကို မဖတ်တတ်သေးပေ ပုံပြင်စာအုပ်များ ကာတွန်းစာအုပ်များနှင့် ရွှေသွေးဂျာနယ်များ သည်သာ ကလေးပီပီ မိမိဖတ်ချင်သော စာများဖြစ်ခဲ့သည် ။ ရွှေသွေး ဂျာနယ်တွင် စာဖြင့်ဖော်ပြသော ပုံပြင်လေးများ တစ်ပုဒ်စ နှစ်ပုဒ်စ ပါတတ်သည် ။ ကာတွန်းတွင် ဆရာဆွေမင်း (ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ နှင့် တပည့်ကျော် ဗိုက်ကလေး လူပျိုကြီး စောတင်မောင် ဇာတ်ကောင်းများဖြင့် ဖွဲ့စည်းထားသော တောရွာဓလေ့ကို သဘောကျသည် ။ ဖတ်စရာစာ များခြင်းကလည်း သတိထားမိစရာ ဖြစ်ခဲ့သည် ။ ဖတ်စရာ စာအုပ် ဆိုသည်မှာ ရှားပါးပစ္စည်းဖြစ်ခဲ့သည် ။ မိမိဘေးအိမ်များမှာ နေရာစုံလှည့်၍ ပစ္စည်းအဟောင်းဝယ်ယူသူများ ဖြစ်ကြသည် ။ညနေဘက် ၎င်းတို့ အိမ်ပြန်ရောက်မှ မွှေနှောက်ရှာဖွေ ဖတ်ရှု့ ရသည် ။ အမေသည် ကျောင်းစာမှလွဲ၍ တခြားစာဖတ်လျှင်မကြိုက် မိလျင် အရိုက်ခံရသည်။ စာအုပ်သိမ်းခံရသည် ဆူငေါက်ခံရသည် ။ ထို့ကြောင့် အမေ မသိအောင် ခိုးသိမ်းထားရသည် ။ ကျောင်းကပြန်လာလျင် မိမိ သိမ်းထားသော နေရာသို့ အလျင်အမြန် သွား၍ ၂ရွက် ၃ရွက် ဖတ်လိုက်ရမှ ကျေနပ်မိသည် ။ လူငယ်ကြိုက် စာအုပ် ရှားပါးခြင်းကြောင့် ဖတ်ကုန်သွားမည်ကို စိုးရိမ်နေရ သောကြောင့် မကုန်စေရန် နည်းနည်းချင်း ဖတ်ခြင်းဖြစ်သည် ။ ကာတွန်းစာအုပ် များများ ရရှိချိန်သည် ဝမ်းသာဆုံး အပျော်ဆုံးနေ့ပင် ။ ထိုနေ့များတွင် ပျော်လွန်းသဖြင့် ညအိပ်မပျော်ပေ ။ ဘေးပတ်ဝန်းကျင်တွင် မိမိကဲ့သို့ စာဖတ်ဝါသနာကြီးသူ မရှိ သာမန် စာဖတ်သူများတော့ ရှိသည် ။ မိမိလောက် စာဖတ်လောဘမကြီးကြဟု ထင်မြင်မိပေသည် ။ စာခိုးဖတ်သဖြင့် အရိုက်ခံခဲ့ရဖူးသည်ကို ယနေ့ထိ မှတ်မိနေသေးသည် ။ နန်းဦး ကာတွန်း စာအုပ်ဖြစ်သည် ။ ကာတွန်းထဲတွင် နန်းဦးဟုသော လူငယ် ကလေး တစ်ယောက် မိဘမရှိ ဘုန်းကြီးကျောင်းတွင် ကပ္ပိယ အဖြစ် နေရသော ဇာတ်လမ်းဖြစ်သည်ကို မှတ်မိနေသေးသည် ။
ကျောင်းကအပြန် လွယ်အိတ်ချိတ်ပြီး ဖွတ်ထားသော နေရာ ချောင်လေးထဲသို့ သွားကာ ခိုးဖတ်ခဲ့ရသည် ။
ကျောင်းတက်စဉ် မုန့်စားဆင်းချိန်များတွင် ဘေးအခန်းမှ အတန်းကြီး များဆီသွား၍ မြန်မာစာဖတ်နေသူ အတန်းကြီးများနားကပ်ခါ မဟောသဓာ ဝတ္ထု ကမ္ဘာ့သမိုင်းများ ဖတ်ရသည်ကို အရသာတွေ့လှသည် ။ အတန်းကြီးများကလည်း ပုဒ်ဖြတ် ပုဒ်ရပ် မှန်မှန်ဖြင့် ဖတ်ပြသည်ကို သဘောကျကျသည် ။ ကျောင်းပိတ်ရက်များတွင် မိမိသိမ်းထားသော ကာတွန်း စာအုပ်များနှင့် အတန်းကြီး တို့၏ သမိုင်စာအုပ် မြန်မာစာအုပ်တို့သာ ဖတ်စရာ ရှိပေသည် ။
ထို့မှတဆင့် ၆တန်း ၇တန်းအရွယ်တွင် စာအုပ် အငှားဆိုင်နှင့် ထိတွေ့ခွင့်ရခဲ့သည်။ ဟာသစာအုပ် ပုံပြင် စာအုပ် ကလေးကာတွန်း ထို့မှ တဆင့် လူငယ်ကာတွန်း လူငယ်ကာတွန်းမှ တဆင့် ဝတ္ထုတိုလေးများ စဖတ်လာခဲ့သည် ။ ထိုအခါ မှစ၍ စာရေးဆရာများအား မှတ်တတ်သော အကျင့်ဖြစ်လာခဲ့သည် ။ မည်သည့် စာရေးဆရာရေးသော ဝတ္ထုက ဖတ်လို့ကောင်းသည်ကို ခွဲခြားတတ်လာသည် ။ မိမိကြိုက်သော စာရေးဆရာ စာအုပ်များ တစ်အုပ်ပြီး တစ်အုပ် ရွေးဖတ်တတ်လာသည် ။
ယနေ့ခေတ်တွင်
လူတော်တော်များများ စာဖတ်အားနည်းသည်ကို အပြုအမူ အမူအကျင့်တို့ဖြင့် သိနိုင်သည် ။ စဉ်းစားဆုံးဖြတ်ရာတွင် လည်းကောင်း တွေးခေါ်ရာတွင် လည်းကောင်း သိရှိနိုင်သည် ။ မိမိကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရာတွင် အသိပညာ ဗဟုသုတ ရှိသူမှာ တပန်းသာလေ့ရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှု့ကို အကြမ်းအားဖြင့် ပညာတတ်လူတန်းစားများ ယဉ်ကျေးမှု့ အနုပညာ ကုန်ထုတ်လုပ်မှု့ ကျန်းမာရေး အားကစား စသည့် အမျိုးအစားများတွင် ပညာသည်လည်း ပါဝင်ပေသည် ။ လူတစ်ယောက်ကို နောက်ဆုံး တတ်ရောက်ခဲ့သော အတန်းပညာဖြင့် ဆုံးဖြတ်တတ်ကြသည် ။
ငယ်နုစဉ်က ထိုကဲ့သို့ အတန်းပညာဖြင့် ဆုံးဖြတ်သည်ကို နားမလည်ခဲ့ပေ ။ ဘာကြောင့် အတန်းပညာဖြင့် လူတစ်ဦး၏ အကျင့် စာရိတ္တ တွေးခေါ်မှု့ ပေါင်းသင်းဆက်ဆံရေး စသည်တို့ကို ဆုံးဖြတ်ကြကြောင်းကို နောက်အပိုင်းတွင် ဆက်ရေးသွားပါဦးမည် ။ steemitမှ မိတ်ဆွေ အပေါင်းအသင်း စာဖတ်သူများ ကြီးပွားတိုးတက်ကြပါစေ ။
@philosophy
Wring by Myint Aung Naing
photo by google image
@myintaungnaing

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency