စျေးသည်

စျေးသည်

လင်းကြက်မတွန်ခင် နိုးထလာ
မျက်လုံးတွေကဝေးဝါးဆဲပါ
စိတ်တစ်ခုလုံးက ကျန်နေခဲ့တဲ့
ခေါင်းအုံးလေးဆီမှာ...။
အအေးဓာတ်က အရိုးထိခိုက်
လေအေးတစ်ချက်တိုးဝှေ့တိုက်တော့
အိပ်ချင်စိတ်က ပျောက်လိုက်ပေါ်လိုက်...။
အိမ်ကကြက်ဖ တွန်သံပေးတော့
အိပ်ချင်စိတ်လည်းပျောက်
ထမင်းကြော် ပူပူကလေးလည်း ကြော်ပြီးပေါ့။
စျေးသည်နဲ့စျေးဝယ်တို့
သုံးဆောင်ဖို့ ပြင်ဆင်ကာ
ကုသိုလ်လည်းရ ဝမ်းလည်းဝလို့ နှလုံးသွင်းရင်း
စေတနာရှေ့ထား...
စျေးသည် စျေးဝယ် ကျေးဇူးရှင်
ချမ်းသာကိုယ်စိတ် မြဲပါစေ
ဆင်းရဲခပ်သိမ်း ကင်းပါစေ
နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ...

သစ်အယ်သီး

@myanmarkoko

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency