ဂါမဏိဇတ်အပိုင်း(၂)ငါးရာ့ငါးဆယ်နိပါတ်တော်

လွန်လေပြီးသောကာလ သာမယ။
ဗာရာဏသီပြည်၍ ဗြဟ္မဒတ်မင်းကြီး စိုးစံသည်ရှိသော ၎င်း၏ သားတော်အရေတွက် တစ်ရာတွင် အထွေးဆုံးမှာ ဂါမဏိမင်းသား ဖြစ်လေ၏ မင်းကြီသည် သားတော်တို့အာ တစ်ယောက်လျှင် အမတ်တစ်ယောက်ထားကာ အတက်ပညာတိုကို သင်ကြားစေသည်။
ဂါမဏိမင်းသား၏ ဆရာဖြစ်သော အမတ်သည် ပညာရှိ၏ အရာရာကို ကျွမ်းကျင်လိမ္မာ၏ အသီးသီးသော သားတော်အပေါင်တို့ အတတ်ပညာများ ပြည့်စုံသည်ရှိသောအခါ မင်းကြီးလည်း သားတော်တို့အား ဇနပုဒ်များဆီသို့ စေလွတ်လိုက်သည် ဤ၍ အထွေးဆုံးသားတော် ဂါမဏိမင်းသားသည် ဖခမည်းတော် စေလွတ်ရာ ဇနပုဒ်​သို့
မသွားပဲ မင်းကြီးထံ ခွင့်ပန်လျှက် မင်းကြီး၏ခြေတော်ရင်း၍ အမြဲခစားလျက်နေလေသည်။
ဂါမဏိမင်းသားသည် ပညာရှိဆရာအမတ်၏ အဆုံးအမကို မြေဝယ်မကျနာခံ၍ မင်းကြီး၏ အမူကစ္စမှန်သမျှကို ဆောင်ရွက်ရသဖြင့် နန်းတွင်းနန်းပြင်ရှိ အလုံးစုံသော တိုင်းသူပြည်သားအပေါင်း၏ ချစ်ခင်မြတ်နိုးမှူကို ခံရ၏ ကာလအတန်ကြာသော် မင်းကြီးလည်း ရောဂါဝေဒနာနှိပ်စက်၍ နတ်ရွာစံအံ့ဆဲဆဲမှာ ဤတွင် မှူးမတ်ပေါင်းက မင်းကြီးအား..........အရှင်မင်းကြီး
အရှင်မင်းကြီး နတ်ရွာစံ ကံတော်ကုန်ပါက မည်သူကို ထီးနန်းစည်းစိမ်ကို အပ်နှင်းရပါမည်နည်းဟု......
လျှောက်တင်ကြကုန်၏ ထိုအခါ မင်းကြီးလည်း အမတ်တို့ ငါ့သားတော်အားလုံးသည် ထီးနန်းနှင့် ထိုက်တန်ကြသူတွေချည်း ဖြစ်ကြသည် သို့သောလည်း အားလုံးကို ပေးအပ်ဖို့ရာမဖြစ် ...... သည့်အတွက် သင်တို့အားလုံးသဘောကျ နှစ်သက်သူကိုသာ ပေးကြကုန် ဟူ၍ မှာကြားပြီး နတ်ရွာစံသွားလေသည်........
အမတ်တို့လည်း မင်းကြီးနတ်ရွာစံလေလျှင် သင်္ဂြိုဟ်ခြင်းအမှူ့ကို စီစဉ်ဆောင်ရွက်ကြ၏ အမတ်မင်းတို ......
ကျွန်ုပ်တို၏ မင်းကြီးသည် နတ်ရွာစံခံနီးတွင် ကျွန်ုပ်တို့ နှစ်သက်သူကိုသာ ထီးနန်းစည်းစိမ်ပေးကြကုန်ဟု မှာကြားခဲ့၏ အကျွန်ုပ်တို့ကား ဂါမဏိမင်းသားကိုပင် နှစ်သက်ကြကုန်၏ ၎င်းအား ထီးနန်းစည်းစိမ်လွှဲအပ်လို၏ အသင်တို့ သဘောထားကော မည်သို့ရှိပါသနည်း အားလုံးသည် ဂါမဏိမင်းသားအပေါ် ထီးနန်းလွှဲအပ်ရေး၌ ကန့်ကွက်သူ လုံးဝမရှိ တစ်သဘောတည်းအကြိုက်ညီကြလေရာ ဂါမဏိမင်းကိုပင် ဗာရာဏသီ၏ ထီးနန်းကိုလွှဲအပ်လိုက်ကြ၏ ဂါမဏိမင်းလည်း မင်းအဖြစ်ကိုရရှိလေသော်.......
ငါ.....မင်းအဖြစ်ကို ရရှိခြင်းကား ဆရာကောင်းကို မှီခိုဆည်းကပ်ခွင့်ရသောကြောင့် ဖြစ်၏ ဆရာကောင်း တပည့်ဖြစ်ရလေခြင်းအတွက် နောင်တော် ကိုးကျိပ်ကိုးယောက်တို့ကို လွှမ်းမိုးကာ မင်းအဖြစ်ကို ရရှိခဲ့လေပြီတကား....
ဟူ၍ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်လေတော့၏ ဗာရာဏသီပြည်၏ ထီးနန်းအား အထွေးဆုံးညီ ဂါမဏိမင်းသား ရရှိသွားကြောင်း နောင်တော်အပေါင်းတို့ ကြားသိလေသောအခါ.....
အပိုင်း(၃)ဆက်ရန် imagemyanmar @moemoekyaw

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency