ဂါမဏိဇတ် အပိုင်း (၃) ငါးရာငါးဆယ်နိပါတ်တော်

ဂါမဏိကား အငယ်ဆုံးဖြစ်၏ အငယ်ဆုံးက ထီးနန်းဆက်ခံသည်မှာ သဘာဝမကျ သည့်အတွက် ၎င်းကိုတိုက်ထုတ်ကြရမည် ဟုဆိုကာ နောင်တော်အပေါ်င်း၏ စစ်တပ်ကြီးသည် ဗာရာဏသီပြည်အား ဝိုင်းရံထားလိုက်ကြချေ၏ ဂါမဏိမင်းလည်း လတ်တလော ပေါ်ပေါက်လာသော အခြေနေကို ကြားသိရလေသောအခါ ဆရာရင်း ပညာရှိအမတ်ကြီးနှင့် တိုင်​ပင်​၏ ဆရာ၏ အဆုံမအတိုင်း ခမည်းတော်မင်းကြီး၏ အမွေဥစ္စာတို့အား အပုံတရာပုံပြီးနောက် ကိုးဆယ်ကိုးပုံတို့ကို နောင်တော်တို့ထံ ပို့လိုက်လေ၏ နောင်တော်တို့လည်း ညီထွေး၏ ပြုမူချက်ကို သဘောကျနှစ်သက်သည့်အတွက် ညီအကိုတို့ ငါတိုအားလုံးလည်း တစ်​ပြိုင်​နက်​တည်း မင်းမပြုနိုင် မင်းပြု၍လည်း ပြည်သူပြည်သားတွေက ဘဝင်ကျမည် မကျမည်မသိ ညီထွေး မင်းပြုခြင်းနှင့်စပ်လျဉ်၍ မှူးမတ်အပေါင်းသာမက ပြည်သူပြည်သားများ သဘောကျ နှစ်သက်ကုန်၏ သည်အတွက် ညီထွေးကိုပဲ ထီးနန်းစည်းစိမ် ခံစားပါစေဟုဆိုကာ စစ်မထိုးတော့ပဲ နေရပ်အသီးသီးသို့ ပြန်လည်ဆုတ်ခွာသွားကြလေသည် ဂါမဏိမင်းလည် ဆရာပညာရှိအမတ်၏ အဆုံအမကိုခံယူလျက် တိုင်းပြည်အား မက်းကျင့်တရားနှင့်အညီ အုပ်ချုပ်လေသည်
ပြီးပါပြီ image
myanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now