Hot mode

Hot mode

သူမ တစ်ညလုံးဘယ်လူးညာလိမ့်အိပ်မပျော်ဘူးတဲ့ သည်နှစ်နွေအပူက ၄၄ လောက်ရှိနေပြီ။ ဒါပေမယ့် သူအိပ်နေတဲ့အခန်းက Air condition တပ်ထား တဲ့အခန်း ။ မိန်းမရယ် Aircond ဖွင့်အိပ်မှပေါ့ ဆို တော့။ တော့ aircond ကြီးကပျက်နေပြီလားမသိ ဘူးတဲ့ မအေးဘူးတဲ့။ ကျွန်တော်က ခရီးကပြန်လာ တာဆိုတော့ မနက် ၃ နာရီရှိနေပြီ။ ပူတာကတော့ ပူတုန်းပဲ။ နေစမ်းပါဦးကြည့်ပါရစေ တကယ်ပဲ Aircond ပျက်နေပြီလားပေါ့။ ကြည့် လိုက်တော့ cool mode မဟုတ်ပဲ၊ Hot mode နှိပ်ထား သည်။ ပူပြီပေါ့။ မပူဘယ်ခံနိုင်မလဲ။ ဒါနဲ့ Cool mode ကိုပြန်ချိန်ထားလိုက်သည်၊ အခန်း လည်း တဖြည်းဖြည်းပြန်အေးလာသည်။
သူမနှင့်ကျွန်တော်တို့ဘဝကလည်းထိုနည်းနှင်နှင် သာ aircond တပ်ထားပြီး ပူအိုက်နေရသလိုမျိုး သူမပူလောင်လှသည်။ အဓိကကို ကြည့်လိုက် တော့ hot mode ကိုနှိပ်ထားသလိုမျိုး ဖြစ်နေခြင်းသာဖြစ်သည်။ mode မှားပြီးနှိပ်ထား
ခြင်းကို သူမကိုတိုင်မသိ ။ မိမိမှာ aircond ကြီးကိုပိုင်ဆိုင်ထားရှိနေမှန်းပင်သူမမသိ၊ မိန်းမရေ cool mode ကလေးနှိပ်ပြီး aircond အခန်းထဲ အိပ်နေလိုက်ရုံဖြင့် အေးချမ်းသောဘဝကို ပိုင်ဆိုင် ၍ အေးအေးချမ်းချမ်းနေပါမည့်အကြောင်းပြော ပြပေးချင်ပါသည်၊အပူများကိုသူရှာသည်။သောက များကိုသူရှာသည်၊ပြီးတော့ငြီးတွားနေသည်။ တကယ်တမ်းအပူသောက မရှိနိုင်သောအခြေအနေ မျိုးဖန်တီးပေးထားသည့်တိုင် သူ့ဘာသာသု အပူမုတ်ကိုနှိပ်ပြီးသောကပွားနေခြင်းကို ဘယ်လို များ အေးမြစေအောင်ဆောင်ရွက်ပေးရပါ့မလဲ။ Aircond ခုလုပ်ကပြန်ချိန်ပေးလို့ရသော်လည်း သူ့သောကနှင့်သူပူနေတဲ့အပူကပြန်ချိန်ပေး၍မရ။ မိမိကနှစ်သိမ့်ဆွေးနွေး၊အားပေးပါသော်လည်း သူ ကပျဲပြာလိုနေသဖြင့် aircond မအေးလို့ ပြူတင်းပေါက်တွေဖွင့်ပေးရသလိုသာ သူပြောချင် သမျှပြောနေသည်ကို နားထောင်ပေးရပါလေ သည်။

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency