This content was deleted by the author. You can see it from Blockchain History logs.

ချင်းပြည်နယ် ဟားခါးမြို့သို့ ( ၆ )

image

ကြက် မီးအုံးလေးနဲ့ ခေါင်ရေချီပြင်းလေး ရေစပ်နဘေးထိုင်ကာ ဝိုင်းဖွဲ့ကာ စားကြလေသည်။အရှိန်ရလာတော့မှ ချောင်းထဲဆင်းရင်း ငါး
လိုက်ဖမ်းမည် ငါးမရက ရေချိုးပြန်ရန်သာရှိသည်။ခုတော့ အအေး
ဒဏ် ခံနိုင်ရန် သွေးပူလေ့ကျင့်ခန်း လုပ်ရင်း စကားတမြည် ပြောဆိုနေရသည်။
အတန်ငယ် အကြာမှာတော့ နားလေးတွေ ထူလာလေပြီ အပေါ်အနွေးထည်တို့ ခြွတ်ကာ ရေစပ်သို့ ဆင်းခဲ့ ကြသည်။
" အောင်မလေး အေးတယ်ဟ"
"ဟား ဟား ဟား"
"လာပါ အောက်ရောက်ရင်နွေသွားရော"
" အေးပါ လာပါပြီဟ "
စဆင်းကာစ အေးလိုဆိုပြီး အဝန်မရဲလေးနဲ့ ပဲ ပေး
သော် လဲငါလေးတွေမြင်သော အခါ ဝါသနာက ထိန်းမရ အအေးဒဏ်ကိုမေ့ ငါးဖမ်းရင်းပျော်ရလေသည်။ရေကအလွန် ကြည်လင်နေသဖြင့် ငါးလေးများကို မြင်နေရသည်။ရေကလဲ ဒူးခေါင်းလောက်သာရှိသည်။
image
ငါးများသည် ရေစီးတွင်သိပ်မတွေ့ရ ငါးသေးသေးလေးတွေသာ ရှိ
သည်။ကျောက်တုံးကြီးများ၏ အောက်တွင် ငါးအကြီးများခိုအောင်တတ်သည်။ထိုငါးကြီးများကို မပြေးနိုင်ရန် ပုဆိုးဖြင့်ဝိုင်းဝန်း ကာရန်ကာ အမိအရ လိုက်ဖမ်းကြသည်။ ဒီဒေသတွင် ငါးအရှားသည်ဖြစ်၍
တကောင် ရရန်ပင် အနည်းကြီးစားရှာရကာ တွေလျှင် အလွတ်မခံနိုင် အမိအရဝိုင်း ဖမ်းကြရသည်။တကောင် ရလျှင် ကုန်းပေါ်တက်ခါ အမောပြေ ခေါင်ရည်မေ့ ရေညိမ်တာနဲ့ ပြန်ဆင်းရှာဖမ်း အချိန်အတော်
ကုန်သွားသည်။လူတွေလဲ အေးလှပြီးမို့
"ကဲ့ နားဆို့ဟေ့ ပြန်ရဦးမှာ"
" အေးအေး ငါးလဲရပြီ လူလဲမူးပြီး"
" လာပြီလာပြီ"
လူဆုံတဲ့ခါ ကျွန်တော်တို့လဲ အိမ်သို့ ပြန်လာခဲ့ကြသည်။
image

အိမ်သို့ရောက်ရင်ပဲ နောက်တပွဲကြိုဆိုပြန်သည်။ကဲ ဒီမှာလဲ ပွဲစီစဉ်ထားတယ်နော် ခဏနားပြီး စရအောင်ဟုတ်ဆိုသောအခါ အလွန်အံ့သြဝမ်းသာရပြန်သည်။ ကြည့်ပါဦး သီချင်းခွေထဲမှာသာ ကြည့်ရတဲ့မီးပုံ
ပွဲ ခုတော့လက်တွေ့ ဆင်နွှဲ့ရတော့မယ်လေ။အလွန်ပျော်ရွှင် ဝမ်းသာရပါတော့သည် မဟုတ်ပါလား။

image

မြန်မာသီချင်း ကိုစကားသံ ဝဲဝဲလေးနဲ့ သီဆိုကြတာ အတ်ေကို နားထောင်ကောင်းပါသည်။ချင်းသီချင်းဆိုပြန်တော့လဲ နားမလည်ပေမဲ့ တမူထူးခြားသောသံစဉ်များပင် ဖြစ်ပေသည်။ကိုယ်လဲဝါသနာ မနေနိုင်တော့ ဝင်ဟဲရတော့သည်။
image
မီးလဲငြိမ်းလို့ လူလဲ မူးပြီဖြစ်၍ စောင်ထူထူနဲ့ကွေးတော့မယ်။
ဒီကနေ့တော့ ပျော်ရွှင်စရာများနဲ့ ဒို့ချင်းပြည် ခရီးစရလေပြီ။ရိုးရာဓလေ့
သာယာလှပတဲ့ ရှုမျှော်နဲ့ သဘာဝ တရားများကိုဆက်လျှက်ဖော်ပြပေးပါဦးမည်။

ရေးသားသူ - msc - 042 @mgmgaung