This content was deleted by the author. You can see it from Blockchain History logs.

အ​တွေးစများ အပိုင်း(၁)

အ​တွေးစများ အပိုင်း(၁)

နှစ်​ရက်​ သုံးရက်​ခန့်​ ဆက်​တိုက်​ ရွာ​နေ​သော မိုး​ကြောင့်​ ​အေးစိမ့်​ကာ ချမ်းစိမ့်​စိမ့်​ဖြစ်​​​နေ၏. . သို့​ကြောင့်​ ​စောင်​​ခြုံကာ ​ကွေး ​နွေး​နွေး​လေး​နေ ​နေရ၏။

ဤသို့ ​အေး​ဆေး ​နွေး​ထွေးစွာ​နေ​နေကာမှ တစ်​​ယောက်​ပြီး တစ်​​ယောက်​ ​ခေါ်ဆို​နေသဖြင့်​ တစ်​​နေကုန်​ ဖုန်းသံမစဲ မနားတမ်း ​ဖြေဆို​နေရ​လေ၏။ အမယ်​​လေးနာ်​ . . ငါ့ရဲ့ သာယာ​နွေး​ထွေး​သော အချိန်​ကာလ​လေးကို ဖုန်း​ခေါ်ပြီး ဖျက်​လုပ်​ဖျက်​ဆီး လုပ်​​နေကြတယ်​ ဟု မ​ကျေမနပ်​​တွေး မိလိုက်​​သေးသည်​။

သို့​သော်​ ​စေ့​စေ့​တွေး ​ရေး​ရေး​ပေါ်ဆိုသလိုပင်​ . .. တကယ်​တမ်း​တော့ ဒီဖုန်း​တွေ ရှိကာ ဆက်​သွယ်​​ရေး ​ကောင်းမွန်​လာခြင်းသည်​ အလွန်​အင်​မတန်​မှ ​ကောင်း​ပေသည်​။

ဟိုးယခင်​ ကျ​နော်​တို့ ​ကျောင်းတက်​​နေစဉ်​ကဆိုရင်​ ​သူငယ်​ချင်း​တေ ဘယ်​လောက်​ပင်​ ခင်​မင်​ရင်းနှီးချစ်​ခင်​ကြသည်​ဖြစ်​​ပါ​စေ . .. ​ကျောင်းပြီး၍ ကိုယ့်​နယ်​ ကိုယ့်​​ဒေသ ပြန်​ကြပြီဆိုလျှင်​ အဆက်​အသွယ်​ပြတ်​​တောက်​ကာ ခင်​မင်​ရင်းနှီးမှုများ တစ်​ခန်းရပ်​ခဲ့ရသည်​ချည့်​ပင်​။

ထိုသို့ဖြင့်​ နယ်​မတူ မြို့အလှမ်း​ဝေးသဖြင့်​ ဆက်​သွယ်​ရ မလွယ်​ကူကာ အခင်​မင်ပျက်​ခဲ့ရ​သော အ​ပေါင်းအသင်းများမှာ များစွာ များစွာပင်​။ ​ကျောင်းတုန်းက အတူတူ ဆိုးခဲ့ ကဲခဲ့ ချစ်​ခင်​​ဖေးမခဲ့မှုပုံရိပ်​များသာ ရင်​ထဲ နှလုံးသားထဲတွင်​ အမှတ်​တရပုံရိပ်​များ အဖြစ်​သာ ​ထင်​ကျန်​​နေရစ်​ခဲ့ရ​ပေသည်​။

are-there-too-many-android-phones-video.jpg

ယခုကာလမှာ​တော့ ဆက်​သွယ်​မှု​တွေလည်း ​ကောင်းလာ လူတိုင်းနီးပါးမှာလည်း ဖုန်း​တွေ ရှိ​နေပြီမို့ မြို့ရွာနယ်​ပယ်​​ဒေသ မည်​မျှပင်​ ​ဝေးပါ​စေ အဆက်​အသွယ်​ မပြတ်​ ၊ အခင်​အမင်​ အရင်းအနှီး မပျက်​​တော့​ချေ။

မိသားစုကိစ္စ၊မိတ်​​ဆွေအ​ပေါင်းအသင်း အ​ရေး​ပေါ်ကိစ္စများဆိုလျှင်​လည်း ဖုန်းတစ်​ချက်​ ဆက်​ရုံဖြင့်​ သိလာနိုင်​သလို ​တော်​ရုံအလုပ်​ကိစ္စဆိုလျှင်​လည်း ဖုန်းတစ်​ချက်​ဖြင့်​ ပြီး​မြောက်​နိုင်​လာ​ပေသည်​မို့ ကျ​နော်​တို့ ငယ်​စဉ်​က ယခင်​​ခေတ်​ကာလ အချိန်​များနှင်​စာလျှင်​ များစွာ အဆင်​​ပြေ​ချော​မွေ့​လာ​ပေသည်​။

သို့​ကြောင့်​ မိုး​အေး​အေးနဲ့ ​စောင်​ခြုံ​ကွေး​နေရချိန်​ ဖုန်း​တွေ လာ​နေသည်​မှာ ဇိမ်​ပျက်​​သော်​လည်း တစ်​ခုခုဆိုလျှင်​ ယခင်​အချိန်​ကလို အဆက်​အသွယ်​မပျက်​​ လွယ်​ကူ​ချော​မွေ့​နေ ရှိ​နေရသည်​ကပင်​ စိတ်​ချမ်း​မြေ့စရာ​ပေတကား ဟု ​ဖြေ​တွေး​ကျေနပ်​ လိုက်​​လေရ​တော့သည်​တကား . . . ။

@masterinnwa
MSC-253
Photo Credit: Google Search