This content was deleted by the author. You can see it from Blockchain History logs.

The Nun-icon of Mal king ( Part- 1)

သီလရှင် မယ်ကင်း ရုပ်တု ( အပိုင်း-၁)

Hello , all steemit member.

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့် လအတွင်းက သီလရှင် ဆရာကြီး မယ်ကင်း၏ ပုံစံတူရုပ်ထု အား ထုလုပ်၍ ကိုးကွယ်ပူဇော်ခဲ့ကြပါသည်

သီလရှင်မယ်ကင်း သည် ရတနာပုံ ခေတ်က ဗန်းမော်ဆရာတော်ဘုရားကြီး နှင့် စာဆိုအပြိုင် ရှမ်းကလေးကျွန်း ဆရာ တော်ဘုရား ၏ နှစ်မတော် ကသည်းအနွယ် သီလရှင် ဆရာကြီး မယ်ကင်း ( ခေါ်) ဒေါ်ခေမာ ဖြစ်ပါသည်

image

"သီလရှင် အစ မယ်ကင်းကလို့ " ဟူ၍ အဆိုရှိခဲ့ပါတယ်

သီလရှင် ဆရာကြီး မယ်ကင်းသည် မဏိပူရ ကသည်းလူမျိုးဖြစ်ပြီး မင်းတုန်းမင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၁၆၈ ခုနှစ်တွင် မဏိပူရ ကသည်းလူမျိုးများ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပါတယ်

ဆရာကြီး မယ်ကင်းသည် ငယ်စဉ်ကပင် သီလရှင် အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး ဥပဇ္ဈာယ်ဆရာထံ၌ ကစည်းသဒ္ဒါကြီးသဂြိုလ်နှင့် ဋီကာကျော်များကို သင်ကြာပြီး ရဟန်းလူထွက် ဆရာကြီးထံတွင် အဌသာလိနီ အဌကထာနှ င့် သမ္မောဟဝိသောဒနိ၊အဌကထာများကို သင်ကြားကာ စစ်ကိုင်းတောင်ရိုး ဂူတစ်လုံးချောင်တွင် တောရ ဆောက်တည်နေထိုင်၍ ထွဋ်ခေါင် ဆရာတော်ထံ ညဝါ နှင့် အဌကထားများကို သင်ကြားခဲ့ကြောင်းလည်း သိရပါသည်

သီလရှင်ဆရာကြီးမယ်ကင်းသည်'သီလရှင်တို့၏အစ ပထမ ဦးစီးခေါင်ဆောင် တည်ထောင်သူ ဖြေစ်ပါသည်

image

သီလရှင် သာသနာကို ဦးစီးအစတည်ထောင်သူဆရာကြီးမယ်ကင်းသည်
အိန္ဒိယနိုင်ငံ မဏိပူရမြို့ ရှမ်းမျိုး ရှမ်းနွယ်ကသည်းလူမျိုး မိဘနှစ်ပါးတို့မှ သက္ကရာဇ် ၁၁၆၇ခုနှစ်တနင်္လာနေ့တွင် ဖွားမြင်သောသမီးရတနာဖြစ်ပါသည်

မွေးချင်းနှစ်ယောက်ရှိရာ အကြီးက နောင်အခါ မင်းအကိုးကွယ်ခံ ရှမ်းကလးကျွန်းဆရာတော် ဦးနန္ဒဖြစ်ပြီး အငယ်က နောင်အခါ သီလရှင်သာသနာမှာ'' ရှေ့သွားခေါင်းဆောင်စံပြဖြစ်လာသူ '' မင်း မိဖုရားမှစ၍ ဆွေတော်မျိုးတော်အားလုံးတို့၏ အထူးအပူဇော်ခံ အကြည်ညိုခံရသူ ဖြစ်ပြီး သီလရှင် ဆရာကြီး ဆရာလေးတို့၏ သာသနာ့မိခင်ကြီးအရာ၌ တည်ရှိသူ နာမည်ကျော် ဆရာကြီး ခေမာ( ခ) မယ်ကင်း ဟူ၍ ဖြစ်လာခဲ့ပါသည်

@mamamyanmar