Erythrina ( Coral Tree )

" ကသစ်ပန်း "

image

Hello ,all my steemit member.

Steemit မှ မိတ်ဆွေသူငယ်ချင်းများအားလုံး မင်္ဂလာပါ

ဒီနေ့ post တင်ရေးသားချင်သော အကြောက်းအရာကတော့
" ကသစ်ပန်း " နှင့်ပတ်သက်သော အကြောင်းအရာ ဖြစ်ပါတယ်

ဒီရက်ပိုင်းတွင် ကသစ်ပန်းလေးများဟာ လှပစွာပွင့်လန်းနေကြ ပြီး ကြက်သွေးရောင် အပွင့်လေများက နီနီရဲရဲ တို့ဖြင့် နွေဦးရာသီ နှင့်အပြိုင် လှပလျက်ရှိနေကြပါတယ်

image

ကသစ်ပန်းတွေဟာ ဖေဖော်ဝါရီလ ကနေ ဧပြီ လလောက်
အထိ ပွင့်ကြပါသည်

ကသစ်ပွင့် နှင့် ပေါက်ပွင့် ဟာ အရောင်အဆင်းရော ပုံသဏ္ဌန်ပါ
ဆင်တူပါတယ်
ကသစ် နဲ့ ပေါက် တွေက ပွင့်ရင် အရွက်လုံးဝမဲ့ နေပြီး အပွင့်တွေသာ ပွင့်တတ်တာမို့ အလွန်လှပါတယ် ဆူးပါရင် ကသစ်လို့သာ အလွယ်ပြောပေမည့် ဆူးမဲ့သော ကသစ်တွေလည်းရှိ
ကြပါသေးတယ်

image

ယခုလို အချိန်မှာသာ ပွင့်တာမို့ ကသစ်ပန်း ကို နွေဦးကြိုသော
ပန်းတပွင့် အလား တင်စားချင်မိပါတော့တယ်

ကသစ်ပင်

ကသစ်ပင် တွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာတွ့ရှိ ရပါတယ်

ကသစ်ရဲ့ မျိုးစု အမည်က Erythrina ဖြစ်ပါတယ်

မြန်မာပြည်မှာ ကသစ် အနွယ် ၁၁ မျိုးခန့်ရှိပါတယ်

ကသစ် အမျိုးအစားများကတော့
အင်းကသစ် ရေကသစ် သင်္ဘောကသစ် တောင်ကသစ်
ကုန်းကသစ် ကသစ်ဖြူ ပင်လယ်ကသစ် ဟု၍ အမျိုးအစားပေါင်း များစွာ ရှိကြပါတယ်

image

ကသစ်ပင်သည် ပိတောက်ပင်ကဲသို့ အပင်ကြီးအမျိုးအစား
ဖြစ်ပါတယ် ကသစ်ပင်သည် နှစ်ရှည်ခံ သစ်မာပင်ကြီး ဖြစ်ပြီး
ပင်စည်အကိုင်းတွေမှာ ဆူးမာများရှိလို့နေပါတယ်

ကသစ်အရွက်တွေကတော့ သုံးရွက်မွှာ ငှက်မွှေးရွက်ပေါင်း
ဖြစ်ပြီး ရွက်လွှဲ ထွက်ကြပါတယ် ကသစ်ရွက်များသည်
အကြွေစောကြပါတယ်

ကသစ်ပန်းသည် ပန်းပွင့်များစွာ ပါကြတယ် ပန်းပွင့်လေးများ
သည် ကြက်သွေးနီရောင် ဖြစ်ကာ အပွင့်အခြေမှာ ပွင့်ခံရွက်
ပွင့်ညှာရွက်လေးများ ပါဝင်ပြီး အကြွေစောကြပါတယ် ပွင့်ဖတ်အုံ သည် နီညိုရောင်ဖြစ်ပြီး လှပပါတယ်

image

များသောအားဖြင့် ကသစ်ပွင့် အနီရောင်များသာ တွေ့ရှိရပြီး
တောင်တန်းဒေသများတွင်တော့ အဖြူရောင်ကသစ်ပွင့်များ
လည်း ပေါက်ရောက်ကြပါသေးတယ်

image

ကျမတို့မြင်တွေ့ရတဲ့ အနီရောင် အပွင့်လေးများ ပွင့်သည့်
ကသစ်ပင်ရဲ့အမည်ကတော့ Erythrina varigata လို့ခေါ်ပါတယ် ကြက်သွေးနီရောင် အဆင်းနဲ့ပွင့်ကြပါတယ်
သန္တာရောင် အဆင်းရှိတာမို့ Coral tree လို့လည်းခေါ်ကြပါတယ်

image

ကသစ်အသုံးဝင်ပုံ

ယွန်းထည် ပစ္စညါးများ ကိုလည်း ကသစ်ပန်း အသားနဲ့ ပြုလုပ်
ကြပါတယ်
ကသစ်နီပင်၏ အခေါက်နဲ့ အရွက်တွေကို ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုကြပါတယ်
ဓမ္မတာမမှန်တာ နှင့် လိင်အင်္ဂါအဖျားပိုင်း အက်ကွဲခြင်း ရောဂါ
များ ကုသရာမှာအသုံပြုတယ်လို့သိရပါတယ်

အရှင်နာဂသိမ် ဆေးကျမ်းထဲမှာ ကသစ်ပင်၏ အပွင့် အခေါက် အရွက်တို့ကိုသုံးရာ၏၊အရသာမှာ စပ်၏ပူ၏ ကြေကျက်သောအခါစပ်၏ လို့ဆိုထားပါတယ် နှုတ်ကိုမြိန်စေ၏ ဝမ်းမီးကိုတောက်စေ၏ သည်းခြေကိုပယ်၏ ပိုးရောဂါ ဖောရောင် နားရောဂါ သည်းခြေကြောင့်ဖြစ်သော ရောဂါများကိုပျောက်စေ၏
အမြစ်သည် ဥတုကိုမှန်စေ၏ အခေါက်သည် လေသလိပ်
ကိုနိုင်စေ၏ ဝမ်းသက်ခြင်း ကိုပျောက်စေ၏ ဝမ်းမီးတောက်၏
ပိုးကိုနိုင်၏ ဆီးချုပ်ရောဂါကိုနိုင်၏ လို့ဆိုထားပါတယ်

ကသစ်အပွင့်အမြစ်ကိုထောင်ပြီး နွားနို့အေးတွင်စိမ်သောက်ပါက ကာမအားတိုးစေ၏၊ ကသစ်ဆူးဖုကိုသွေးကာ လိမ်းသော်
ဝက်ခြံပျောက်၏ အရွက်အရည်ကို ရေနွေးနဲ့ရောပြီး ငုံလျင် သွားကိုက်သွားနာပျောက်၏

ဟူ၍ ကုသနည်းအဖုံဖုံ ကိုစံနစ်တကျရေးသားထားတာကို ဆေးကျမ်းထဲမှာ ဖတ်မှတ် လေ့လာမိပါသည်

image

မြန်မာလူမျိုးတွေမှာ အယူသည်းတတ်ကြတာ တစ်ခုရှိပါတယ်
အိမ်မှာ ဆူးပါတဲ့အပင်ဆို မစိုက်သင့်ဖူး အိမ်ကို ဒုက္ခပေးစေနိုင်တယ် လာဘ်တိတ်စေတယ် ဟူ၍ ဗေဒင်ကိန်ခမ်း အလိုအရ
ခုတ်တာ သတ်တာတွေ ရှိတတ်ပါတယ်

တေးရေးဆရာ မြို့မငြီမ်း ရေးသားထားပြီး အဆိုတော်
ဦးအံ့ကြီး သီဆိုခဲ့သော ကသစ်ပန်း သီချင်းကလည်း ကျမတို့ ခေတ်သီချင်း မဟုတ်သည့်တိုင် မြန်မာသံစဉ်ကို ကြိုက်နှစ်သက်သူတိုင်း ခံစား နားဆင်ကြသည့် သီချင်းတစ်ပုဒ် ဖြစ်ပါသည်
ကသစ်ပန်းပွင့်ပုံ နှင့် ရာသီဖွဲ့ကို ရေးသားထားသော သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါသည်

သီချင်းတစ်ပုဒ် လုံမရသည့်တိုင် လူအများသိရှိ ကြပြီး
လိုက်ပါသီဆိုကြသည့် သီချင်း စာသားကတော့

ကသစ်ပန်းသီချင်း

" ကသစ်ပန်း… နှစ်တိုင်းပင် …သခွပ်ပွင့်ချိန်ခါ... သကြားနဲ့ အသူရာ..သားမက်နဲ့ ယောက္ခမ .. ဘောက်ကျလို့လည်းအားမရနိုင်ရှာ ..ဒါကိုအားမကျဖို့ မယားအလှ .. တောင်းပန်မှာ… ယောက္ခမဆိုတာ..တည့်အောင်ပေါင်း … ကျောင်းကိုပို့ …ဥပုသ်ရက်ရှည်စောင့်ခိုင်းမှာ .."

အဲ့ဒီသီချင်းစားသားလေးကို နာထောင်ဖူးတဲ့အချိန်မှာ
သိလိုက်ရတာကတော့
သားမက် နဲ့ယောက္ခမ မတည့်တတ် ပုံ အပြင် ကသစ်ပန်း
ပွင့်ချိန် ရာသီဥတု စသည်တို့ကို သိရှိရပါတယ်

ကသစ်ပန်းကို မြင်မိချိန်တွင် အသူရာမင်း ဇာတ်လမ်းကို သတိရမိတတ်ပါသေးတယ်

သိကြားမင်း နဲ့ အသူရာမင်း စစ်ခင်းကြတဲ့ပွဲ မှာ
သိကြားမင်း က အနိုင်ရပြီး အသူရာမင်း က စစ်ရှုံးသွားခဲ့ ပုံ

စစ်ရှုံးသူ အသူရာမင်း ဟာ သူနေထိုင်ရာ တိုင်းပြည်မှာ
လောကစိမ်းစည် ကိုသိကြားမင်းကဲ့သို့ စံစားခွင့်ရှိနေသောအခါ သူ ဟာ ရှုံးနိမ့်သူ ဆိုတာ မေ့လျော့လို့ နေခဲ့ပါတယ်

ဒါပေမဲ့ သူ စံစားရာ အသူရာပြည် မှာသခွတ်ပန်း တွေ ပွင့်လာ
ချိန်ရောက် မှ " အော် ငါဟာ ရှုံးနိမ့်သူ ပါ လား " ဆိုပြီး
အမှတ်ရပါသတဲ့

အခုလ်ုအချိန် သိကြားမင်း စံစားရာ ဘုံနန်း တဝိုက်မှာတော့ ကသစ်ပန်း တွေ ပွင့်လန်လို့နေပါတော့တယ်

အထက်ပါဇာတ်လမ်း ကိုခံစားမိသည်တွင်

ကျမ တို့ ဘဝမှာ လည်း ဘဲ

လူ့ဘဝ ရဲ့ တစ်ချိန်ချိန် မှာ မိမိတို့ စံမြန်းရာ ဘုံနန်း ရဲ့ ပတ်ဝန်းကျင်မှာ ကသစ်ပန်း တွေ ဝေနေမှာလား သခွတ်ပွင့် တွေ ပွင့်နေမှာလား ဆိုတာ မိမိ ပြုလုပ်ခဲ့သည့်အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါ
တယ်

ဒါကြောင် လူသားတိုင်း အထူးသဖြင့် အမျိုးသမီး တိုင်း မှလည်း
ကသစ်ပွင့် လေးတွေ နဲ့ ထုံလွှမ်း နေ တဲ့ ဘုံနန်း မှာ စံမြန်းသူ
တွေအဖြစ် ယခုကတည်းက ကြိုးစားအားထုပ်ကြစေရန် အတွက် ရည်ရွယ် လျက် ရေးသားလ်ုက်ရပါတယ်

image

လှလည်းလှ ဆေးဖက်လည်း ဝင်သော ကသစ်ပန်းလေးတွေကို ကသစ်ပန်း မမြင်ဖူးသော Steemit အဖွဲ့ဝင်များအတွက် မြင်
တွေ့စေ ချင်သောငှာ post တင် ရေးသားလိုက်ပါတယ်

Author -

@mamamyanmar

MSC -070

H2
H3
H4
3 columns
2 columns
1 column
34 Comments
Ecency