Donation of need for Monastery (Part -2 )

လှူ တတ်ကြပါစေ ( အပိုင်း -၂ )

Hello , all steemit member .

ဗုဒ္ဓဘာသာဝင် တို့၏ လှူ တန်းမှု့များစွာထဲကမှ ကထိန်ခင်းခြင်း ကထိန်သင်္ဃန်းကပ်လှူ ခြင်း ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါသည်

ထိုသို့ကထိန်အလှူ ပြုလုပ်ကြရာတွင် သာသနာ့ နွယ်ဝင်သူတော်စင် အများအပြား သီတင်းသုန်းရာ စစ်ကိုင်းတောင်သို့ ကထိန်အလှူ ပြုလုပ်ကြသူများ သည် မိမိတို့ မဲကျရာ ကျောင်းတိုက် အသီးသီးသို့လာရောက်၍ ကထိန်ခင်းကြပါသည်

image

အထူးသဖြင့် မန္တလေးဈေးချို တော်ရှိ ဈေးသူဈေးသားများ တို့သည် ဈေးရုံ အလိုက် အစုအဖွဲ့အလိုက် စစ်ကိုင်းတောင် ရှိ မဲကျရာ ဘုန်းကြီးကျောင်းများသို့ လာရောက်လှူ တန်းလေ့ ရှိခဲ့ကြပါသည်

သို့ပေမယ့် ယခု ဆယ်စုနှစ် နောက်ပိုင်းလောက်မှ စတင်ကာ စစ်ကိုင်းတောင် တစ်ခွင်သို့ လာရောက်၍ ကထိန်ခင်းကြသူ အများစုသည် တောင်ကြီးတန်ဆောင်တိုင် အလည်သွားရင်းဖြင့် တောင်ကြီး အနီးအနားဘုန်းကြီးကျောင်းများသို့၎င်း ပုဂံ ဘုရားဖူးထွက်ကြရင်း လမ်းတစ်လျောက်ဘုန်းကြီးကျောင်းများသို့၎င်း ငပလီချောင်းသာ သို့အပန်းဖြေ သွားကြရင်း ထိုနေရာတ်ု့၌ရှိသော ဘုန်းကြီးကျောင်းများ တွင် ကထိန်ခင်းကြသည့် အတွက် စစ်ကိုင်းတောင် တစ်ခွင်မှာ ရှိကြသော ဘုနါကြီးကျေားင်း များစွာ ကထိန်အလှူ မရရှိသည် ကများခဲ့ပါသည်

ကျမ ငယ်စဉ်က ကျမ၏ အဖိုး အဖွား မိဘ များမှလည်းနှစ်စဉ်နှစ်တိုင်း ကထိန်ခင်းခြင်း ဖြင့် ကထိန်အလှူ ပြုလုပ် ခဲ့ကြပါသည်

ငယ်ရွယ်စဉ် အချိန်အခါကတော့ ကထိန်ခင်းခြင်း ၏ အကျိုး လှူ ခြင်းဖြင့် ရရှိစေသည့် ကုသိုလ် အကျိုးတရားများကို နားလည်ခြင်းမရှိခဲ့ပါ

အိမ်၌ ကထိန်ခင်း သံဃာတော်များအား ဆွမ်းကပ် ပြီးသကာလ ခင်းကျင်းထားသော ပဒေသာပင်များအား ကထိန်ကျရာ ကျောင်းတိုက်သို့ သွားရောက် လှူ တန်းရာတွင် ကျောင်းတိုက်သည် ချောင်ကျသော နေရာတွင် ရှိပါက သွားရေးလာရေး ခက်ခဲသောနေရာ သို့သွားရောက်လှူတန်းရသည်တွင်
ငယ်စဉ်ကတည်းက လှူနေကြ ကိုးကွယ်ဆည်းကပ်နေကြ ကျောင်းတိုက်များသို့ ကထိန်မခင်းဘဲ သွားလာရေးခက်ခဲသော ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကထိန်ခင်းရပါမည်လား ဟု ပြောဆိုခဲ့ဘူးပါသည်

ကထိန်မရသည့် ဘုန်းကြီးကျာင်းများ လာဒ်လာဘ နည်းပါးသည့်ကျောင်းများ သို့ သွားရောက၍ ကထိန်သင်္ဃန်း သွားရောက်ဆက်ကပ် ခြင်းဖြစ်သည် ကို တော့ အခုမှပင် နားလည် သဘောပေါက်ရပါသည်

image

အရွယ်ရောက်လာချိန် ကထိန်သင်္ဃန်းအား ဆက်ကပ် ၍ ကထိန်အလှူ အား ကိုယ်တိုင်ရေစက်ချ တရားနာ သည့် အခါတွင်တော့ ကထိန်သင်္ဃန်းကပ်လှူရခြင်းဖြင့် အကျိုးများပုံ တို့ကို သိရှိ ခဲ့ရပါတော့တယ်

@mamamyanmar

H2
H3
H4
3 columns
2 columns
1 column
5 Comments
Ecency