ဘေး အန္တရယ် လေးမျိုး

......................
လောကမှာ လူဖြစ်​လာတိုင်း
လူ့ကျင့်​ဝတ်​နှင့်​မညီလျှင်
လူဟူ၍ မသတ်​မှတ်​နိုင်​​သေး​ချေ

ဒီ​တော့ မ​ကောင်းတဲ့အကျင့်​ကို
ပြုလုပ်​မိပြီး မှားမှန်​သိလို့ ပြန်​ပြင်​တာထက်

မှားမှန်းသိလျှက်​ ဆက်​လက်​ကျင့်​သုံး​နေတာ​လောက်
မိုက်​တဲ့သူ​တွေရှိပါဦးမလား
ဘာသာတစ်​ခုဆိုတာ
လူသား​တွေရဲ့ အဓိကအ​ခြေခံဖြစ်​တယ်
မိမိ ယုံကြည်​​နေတဲ့ဘာသာက
လွဲမှား​နေရင်​ လွဲမှားမှန်းလည်းသိရင်
စွန့်​လွတ်​နိုင်​ရမယ်

တစ်​ချို့ဘာသာက နွားကိုသတ်​ရင်
အကုသိုလ်​ကံကြီးတယ်​လို့ယူဆတယ်
တစ်​ချို့က ကုသိုလ်​ရတယ်​လို့သတ်​မှတ်​တယ်
ယုံကြည်​ချက်​​တွေက ဆီနဲ့​ရေ ပဲ

အဓိက ကိုယ်​ချင့်​စာကြည့်​ရုံနဲ့ တိုင်းတာလို့ရပါတယ်
ဥပမာ ကိုယ့်​ကို နည်းနည်းထိရင်​ မခံချင်​ကြသလို
တစ်​ခြားသတ္တ၀ါမှာလည်း ဒီစိတ်​ရှိကြပါတယ်

မေတ္တာဓာတ်​​တွေခမ်း​ခြောက်​​နေကြရင်
မိမိ​ရော သူတစ်​ပါး​ရော ပူ​လောင်​​နေကြမှာပဲ

ဘာပဲဖြစ်​ဖြစ်​ အပြစ်​ကို
မသိ မ​ကြောက်​တတ်​တဲ့သူ​​တွေအဖို့ ​ဘေး ၄-ရှိတယ်

၁။ ကိုယ့်​ကိုကိုယ်​ စွပ်​စွဲကဲ့ရဲ့မကြည်​ညိုတဲ့
အတ္တာနုဝါဒ​ဘေး။
၂။ သူတစ်​ပါးက စွပ်​စွဲကဲ့ရဲ့မကြည်​ညိုတဲ့
ပရာနုဝါဒ​ဘေး။
၃။ ​ထောင်​ဒဏ်​ကျပြီး အပြစ်​​ပေးခံရတဲ့
ဒဏ္ဍ​ဘေး။
၎။ အပါယ်​​လေးပါးကျရတဲ့
အပါယ​ဘေး။ ဆိုတာပါပဲ

အပြစ်​ဟာ အကြီးအ​သေး
အဆင့်​လိုက်​သတ်​မှတ်​လို့ ရှိသလို

ဘေးဒဏ်​မှာလည်း သူကံအလိုက်
သင့်​​စေမှာပဲ​ပေါ့

အဓိက စာရှုသူတို့
ဘေးအပေါင်းမှ လွတ်​ကင်း​စေလိုလျှင်
မ​ကောင်းတဲ့ အပြစ်​မှန်​သမျှ
ရှောင်းရှာဖို့လိုပါတယ်​လို့
ဆန္ဒပြုလိုက်​ပါတယ်​။

@letwethondara

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency