ကျွန်တော့်အကြောင်း တစေ့တစောင်း

ကျွန်တော် ပထမနှစ်အောင်ပြီဆိုတော့ ဒုတိယနှစ်စတက်ရပြီပေါ့။ ဒီနှစ်တော့ ကျွန်တော် စက်ဘီးနင်းရတဲ့ဒုက္ခလေး ကျွတ်သွားခဲ့ပြီ။ ကျောင်းကပေးတဲ့အဆောင်မှာ တစ်လတစ်သောင်း(စားစရိတ်အပါ)နဲ့ ပေးပြီးနေခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ထောက်ပံကြေးမပေးသေးဘူးဗျ။ ခုခေတ်ကလေးတွေ ကံကောင်းတယ်။ တစ်လကို ထောက်ပံ့ကြေး ၃၀၀၀၀ဆီရကြတယ်။အဆင်ပြေတာပေါ့။အဆောင်ကြေးလည်းမပေးရတော့ဘူး။ပြီးတော့ လဖက်ရည်ဖိုးကရသေး။ဟန်ကျချက်ဗျာ။ ကိုတွေတုန်းက ဆိုရင် အဆောင်လခ semester နှစ်ခုလုံးပေါင်းပြီး စာပေးပွဲဖြေခါနီးမှ ပေါင်းပေးရတာ😁😁😁..
အဲ့သလို အဖော်တွေတော့ပေါတယ်။ သူတိုက သက်သက်ကိုမပေးကြတာ။ကိုယ်ကတော့ မရှိသေးလို့။ အဆောင်ကြေးက တစ်သောင်းဆိုတော့ တန်တာပေါ့ကွာ၊ထမင်းရောကျွေးသေးတာဆိုတော့....
ရွာကလူကြီးတွေကပြောကြတယ်။ ကြက်သာရိုးလေးပါဆယ်ထုတ်ပြီး ရွာကိုပြန်ယူပြီးပြလိုက်ချင်တယ်။ အိမ်ကယူလာတဲ့ အငံ၊အစပ်လေးပါမှ စားလို့ရတာ။ တချို့ကောင်တွေဆို အဆောင်ထမင်းလှည့်တောင်မကြည့်ကြဘူး။
ဒီလိုနဲ့ အဆောင်ရောက်လာတယ်ဆိုပါတော့။
အခုမှပဲ University Life ဆိုတာ ခံစားမိလာတယ်။အိမ်း.....ပိုက်ဆံသာပေါပေါရှိရင် တက္ကသိုလ်တက်ရတာ ဇိမ်ကျချက်ပဲ။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ သွားလိုက်လာလိုက်၊စားလိုက်သောက်လိုက်နဲ့။ practical လေးသွားလုပ်၊ Tutorial လေးသွားဖြေ၊စာမေးပွဲကပ်မှ စာလေးကျက်ဖြေ မအောင်ကိုမရှိဘူး။ တက္ကသိုလ်မှာကျတဲ့သူဆိုတာ အတော်လေးကို လေခဲ့လို့သာ ကျခဲ့တာပဲ။
ကျွန်တော်လည်း အပေါင်းအသင်းဆန့်လာပြီ။
ကျွန်တော်သူငယ်ချင်းတွေကထူဆန်းတယ်။
တစ်ကောင်မှစော်မရှိကြဘူး😁😁😁။
ဘာလို့မရှိကြလဲဆိုတော့..... ရုပ်ဆိုးလို့မဟုတ်တာတော့သေချာတယ်😁😁
image

ကျွန်တော်တို့်တတွေ သွားလိုက်၊လာလိုက် ပျော်ပျော်ပါးပါးနေခဲ့တယ်။ သူငယ်ချင်း ၈ယောက်ရှိတဲ့အနက် ရှားရှားပါးပါး ဆိုင်ကယ်က နှစ်စီးပဲရှိတယ်။
သူတို့အိမ်တွေက မှာလိုက်တာကာ.....
ငါ့သား ဆိုင်ကယ်ကိုသုံးယောက်မစီးနဲ့။
လူကြီးစကား မပယ်ရှားကြဘူး။
ကျွန်တော်တို့ လေးယောက်စီးကြတယ်။ ဒါမှ လူစိတာကိုး။ ဖုန်းဆိုတာ နှစ်သိန်းတန်ဖုန်းတောင် မပေါသေးဘူး ။ စပြီးထုတ်ခါစပဲရှိသေးတယ်။
ပိုက်ဆံရှိသားသမီးတွေကတော့ ကိုင်နိုင်တာပေါ့။
ခလုတ်ဖုန်းလေးထဲထည့်ပြီး တစ်မိနစ် ၅၀ နဲ့ MPT ရဲ့ ၄၀ စဖုန်းကလေးတွေ သုံးကြတယ်။ ကျွန်တော်တို့ကတော့ ဆက်စရာရှိရင် အဆောင်မှူးဆီက ကြိုးဖုန်းနဲ့ ဆက်ရတာပဲ။ အဝင် အထွက် တစ်မိနစ်ကို ၁၀ဝ ပဲ။ ခုမှပြန်စဉ်းစားရင်း နှမြောလို့မဆုံးဘူး။


အားလပ်ချိန် တွေမှာ အဆောင်အချင်းချင်း ချိန်းပြီးတော့ ဘောလုံးကန်ကြတယ်။ အဖွဲ့လိုက် လမ်းဘေးထိုင်ပြီး လမ်းလျှောက်ထွက်တဲ့ ကောင်မလေးတိုင်း ထိုင်ပြီးစကြတယ်။ တစ်ခါတစ်ခါ အတန်းလစ်ပြီး game ဆိုင်သွားကြတယ်။
ပျော်စရာတွေပါ။
စဉ်းစားမိတိုင်း ကြည်နူးတယ်။ ပြန်မရတော့လို့ တွေးကြည့်ရုံပဲရှိတော့တယ်။ ဒီလိုနဲ့ ကျွနော်တို့
လေးနှစ်တာ ကျောင်းတက်ပြီးတော့ B.Ed ဘွဲ့ရရှိခဲ့ကြတယ်။
ကျောင်းတွေပြီးလို့ အိမ်ပြန်ကြတော့မယ်ဆိုတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ၊ ကျွန်တော်တို့အဖွဲ့နဲ့ ခင်ကြတဲ့ မိန်ကလေးတွေ၊
ငိုကြ၊ဝမ်နည်းကြ၊ ဆုံးရှုံးမှုကြီးတစ်ခု ခံစားလိုက်ရသလို နှမြောတသဖြစ်ခဲ့ကြတယ်...


ကျောင်းပြီးလို့ အလုပ်ခန့်မယ့် orderကိုစောင့်ရတာ
၇ လလောက်တော့ကြတယ်။ ၂.၆. ၂၀၁၄ မှာ ကျွန်တော်တို့ အလုပ်ခန့်အပ်ကြောင်း အမိန့်စာတွေ ကျလာပြီ။အလုပ်ရပြီ။ ကျောင်းဆရာဖြစ်ပြီပေါ့။ ကျွန်တော်အဓိကပြောချင်တာ ရောက်ပါပြီ။
မနက်ဖြန်လိုရက်မှာ ကျွန်တော်တာဝန်ကျတဲ့ကျောင်းကိုသွားတော့မယ်။
လသာသာ ညခင်းလေးတစ်ခုရဲ့ အစိတ်အပိုင်းအချို့.....
လရောင်ဖြိုးတိုးဖြောက်တောက် ကျွန်တော်တို့အိမ်ရှေ့က ကွပ်ပျစ်လေးပေါ်မှာ.....
အဖေရယ်.....
အမေရယ်....
ကျွန်တော်ရယ်.....
ကျွန်တော်ကျောင်းဆရာဖြစ်ပြီဆိုတော့ သူ့ရဲ့ရင်ထဲ ဝမ်းသာပီတိတွေနဲ့ ပြည့်နှက်နေတယ်ထင်ပါရဲ့....
ငါ့သား....မင်း.. အခု ကျောင်းဆရာဖြစ်ပြီ...
ကလေးတွေကို ကြိုးစားပြီးသင်ပေး...
ကိုယ်သိတာတတ်တာကို ကိုယ့်ညီ၊ညီမလို သဘောထားပြီး သင်ပေးပါကွာ။ မရိုက်နဲ့ကွာတဲ့။
အဖေ့ဆီက ဆုံးမစကား ယမကာ အနံ့သင်းသင်းလေးနဲ့အတူကြားလိုက်ရတယ်။ ပြီးတော့ အဖေဒီနေ့ကစပြီး အရက်မသောက်တော့ဘူးကွာ တဲ့။
ကျွန်တော်ပျော်တာပေါ့။ အဖေ ယမကာ မမှီဝဲတော့ဘူးလို့ ယုံကြည်ခဲ့လိုက်တယ်။
အခု ကျွန်တော် ကျောင်းဆရာလုပ်တာ လေးနှစ်ရှိပြီ။ ကျွန်တော် အိမ်ပြန်တိုင်း အဖေ့ဆီက ယမကာ ရနံ့သင်းသင်းလေး ရနေတုန်းပဲ။
အဖေစိတ်ညစ်စရာတွေများ.ရှိနေလို့လား။
အပေါင်းသင်းတွေနဲ့ ပျော်ချင်လို့လား။
ကျွန်တော်စဉ်းစားမိတိုင်း စိတ်မကောင်းဘူးဗျာ...
အရက်ရဲ့ ဆိုးကျိုးတွေ ခံစားရမှာစိုးလို့ပါ။ တစ်ခြားဘာမှ မဟုတ်ပါဘူး။ သားဆိုတော့လည်း အဖေကို ဆုံးမလို့မရဘူး။ နေ့တိုင်းဘုရားမှာ အဖေအရက်မြန်မြန်စွန့်လွတ်ပါစေဆုတောင်းခြင်းမှတပါး အခြားမရှိတော့ပေ။
###########
အကြံဉာဏ်လေးပေးကြပါ လို့ ဆန္ဒပြုရင်း...
Steemit မိသားစုဝင်များအားလုံး အောင်မြင်ခြင်း မြန်မြန်ရရှိနိုင်ကြပါစေ...
@kyawthetaung( MSC-125 )
image

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency