ခွန်အားရှိသောစာ

ခွန်အားရှိသောစာ ဖြစ်ဖို့...
ကျွန်တော်တို့ ငယ်ငယ်ကတည်းက စာစီစာကုံးနှင့် ရင်းနှီးခဲ့ကြတယ်။ ကိုယ်တိုင်လည်း ရေးသားခဲ့ကြရတယ်။ ထိုကဲ့သို့ ကောင်းမွန်သော စာတစ်ပိုဒ်(သို့မဟုတ်) စာတစ်ကြောင်းရေးဖို့ ဘာတွေလိုအပ်သလဲ။
အနှစ်သာရရှိဖို့အတွက်၊စာဖတ်သူ၏စိတ်မှာ ဘဝင်ကျဖို့အတွက်အရေးကြီးပါတယ်။ ကျွန်တော်တော်တော်များများဖတ်ဖူးတယ်။ စာတစ်ပုဒ်လုံးသာ ဖတ်ပြီးသွားတာ ပြောချင်တဲ့အကြောင်းအရာ၊ ပေးချင်တဲ့အချက်က ဘာလဲဆိုတာ သေသေချာချာ ဖော်မပြနိုင်ဘူး။ အဲ့ဒီတော့ စာဖတ်သူရဲ့ အချိန်ကို ခိုးလိုက်တာနဲ့ အတူတူပဲလို့ ကျွန်တော်ထင်မိတယ်။(အခုကျွန်တော်လည်း အချိန်သူခိုးဖြစ်နေပြီလားမသိ)
အခုနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ မြင်မိ၊သတိထားမိတာလေးတွေလည်းရှိသေးတယ်။
မသိလို့ရေးနေတာလား၊ တမင်တကာရေးနေကြတာလားတော့မပြောတတ်ဘူး။
"ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့'' ဟူသော ဆောင်ပုဒ်ကို
အထက ကျောင်းတစ်ကျောင်းရဲ့ ဟောပြောခန်းမ နဖူးစီးမှာ ရွှေရောင်ဖောင်ကြွစာလုံးဖြင့် ရေးသားထားပါတယ်။ သေသေချာချာ သပ်သပ်ရပ်ရပ် ဖြင့် ရေးသားထားတာပါ။
သတိမမူ ဂူမမြင်ဆိုသလိုပဲလား?
သတိမထားကြမိဘူးထင်ပါရဲ့..
စာဖတ်သူလည်း သတိမထားခဲ့ဘူးလားမသိ၊
အမှန်က'' ခေတ်မီ'' လို့ရေးရမှာလေ။
အခုက အခြားတစ်နေရာဆိုထားတော့။ တကယ့် စာပေဟောပြောပွဲတွေ၊ အသိပညာဟောပြောပွဲတွေ ကျင်းပတဲ့ ခန်းမထဲဆိုတော့ မကောင်းဘူးပေါ့။
သတိမမူဘူးပဲထားပါစို့။ တစ်ဦးတစ်ယောက်တည်းကို ဖြတ်ကျော်လာတာတော့မဟုတ်ဘူး။
ပထမ တော့စာလုံးဖောက်ဖို့ လာအပ်မယ့်သူတစ်ယောက်။နောက် လက်ခံတဲ့အလုပ်ပိုင်ရှင်။နောက်ထပ် စာလုံးဖောက်ပြီးတော့ ကျောင်းမှာကပ်မယ့်သူ တစ်ယောက်ယောက်။ ထားပါတော့ ဒီသုံးယောက်စလုံး သတိမမူကြလို့လား။နောက်ထပ်မြင်တဲ့သူတွေလည်းရှိအုံးမှာ။ဒီအတိုင်းပဲ ကပ်ထားကြတာအချိန်တောင်အတော်ကြာပြီထင်ပါတယ်။ကျွန်တော်ရောက်တော့ မြင်မိလို့ ပြောလိုက်တယ်။မှားနေတယ်ပေါ့။ အဲ့လိုပဲရင်းနှီးတဲ့ဆရာနဲ့ ပြောဖြစ်ပြီး ပြင်လိုက်ပါအုံး မသင့်တော်ပါဘူးလို့ ပြောခဲ့လိုက်တယ်။ နောက်ထပ်တစ်ရောက်တော့ '' ဟထိုး''လေးဖြုတ်ထားတာ တွေ့လိုက်ရတယ်။
ဘယ်လိုပြောရမလဲ။ ရင်ထဲတော့တစ်မျိုးမျိုးခံစားမိတာတော့အမှန်။ သတိမမူလို့ ဖြစ်ကြတယ်ထင်ပါရဲ့။စာဖတ်သူတို့ သတိထားကြည့်ပါ။ ပတ်ဝန်းကျင်မှာ အတွေ့များတာဟာ ခုပြောနေတဲ့ မီ နဲ့ မှီ။
ခေတ်မီ၊ မကြာမီ၊မသွားမီ
မှီခို၊မှီတင်း ။
နောက်ထပ်လည်းရှိသေးတယ်။
ကျ နှင့် ကြ
ယပင့် နဲ့ ကျက အောက်ကိုကျတယ် နိမ့်ကျတယ်၊
သွားနေကျ၊အားကျ တွေမှာသုံးရတယ်။
ယရစ်ကြ ကတော့ အများကိန်း ကြိယာထောက်ပစ္စည်း။
ဥပမာပြောရရင်....
"မင်းတို့ကောင်တွေ အမြင့်ကိုတက်ပြီးကစားနေကြတယ်။ လိမ့်ကျကြအုံးမယ်နော်''
အဲ့လိုပါ သတိထားပါမှ စာရေးသားသည့်အခါ အသုံးဝင်မှာသေချာပါတယ်။
မြင်နေကျ သတိထားမိတာလေးတစ်ခုရှိသေးတယ်ဗျ။ အဲ့ဒါကတော့..
မဲ့ နှင့် မယ့်
မဲ့ က မဲ့ရွဲ့သည်​၊မပြည့်​ ဆိုတဲ့သ​ဘောပါ

မယ့်​က ဒါ​ပေမယ့်​ ဆိုတဲ့စကားလုံးမှာသုံးတယ်
အ​ပြောဘာသာစကားမှာ 'မည့်​' နဲ့အဓိပ္ပါယ်​အတူအဖြစ်​သုံးတယ်
မဖြစ်​​သေးတာကိုခန့်​မှန်း​ပြောတဲ့အခါမှာသုံးတယ်
အ​ရေးမှာ ထိုးမည့်​ဆင်​​နောက်​တစ်​လှမ်းဆုတ်​၊ အ​ပြောမှာ ထိုးမယ့်​ဆင်​​နောက်​တစ်​လှမ်းဆုတ်​လို့ အသံထွက်​တယ်​။
ကောင်းပါပြီ....
ဒါပေမဲ့တို့ ပြောချင်ပေမဲ့ တို့ မြင်နေရလို့ပါ။
ရေးရမယ်ဆိုရင်တော့အများကြီး ကုန်မှာမဟုတ်ပါဘူး။ facebooမှာလည်း ရေးကြတယ်။ အချိန်ကုန်သက်သာအောင်၊မြင်အောင်ရေးကြရင်း အခုလိုဖြစ်သွားကြတယ်လို့ မြင်တယ်ဗျ၊ ကွီးတို့၊ဟျောင့်တို့...
ထားပါတော့...အများမိုးခါးရေသောက်နေကြချိန်ကိုး။ထိုကဲ့သို့အသုံးပြုရေးသားတာတွေကြောင့် နောင်အချိန် ကလေးတွေအတွက် အမှားကို အမှန်ထင်သွားမှာတော့ စိုးရိမ်တယ်ဗျာ.....
သူငယ်ချင်းများအားလုံးစာကောင်းပေကောင်း ရေးသားနိုင်ကြပါစေ။ ခွန်အားရှိသောစာများဖန်တီးနိုင်ကြပါစေ....ဆန္ဒပြုရင်း...
စေတနာဖြင့်...
@kyawthetaung(MSC-125)
image

H2
H3
H4
3 columns
2 columns
1 column
26 Comments
Ecency