ပျာယာခတ်သွားတဲ့နေ့တစ်နေ့

မနက်ထဲက ကွန်ပျုတာဖွင့်တော့ window တက်မလာတော့ဘူး။ မားသားဘုတ်ကလည်နေတယ်၊ မော်နီတာမှာ ဘာမှပေါ်မလာဘူး။ နေ့တိုင်း ညည့်နက်အောင်သုံးနေတာ အကောင်းကြီး၊ ဒီနေ့မှာဘာထဖြစ်ပြန်တာတုန်း။ လုပ်စရာတွေလဲရှိသေးတယ်၊ ဂိမ်းလဲဆော့ရဦးမယ်။ ကိုယ်တွေက သုံးပဲသုံးတတ်တာလေ၊ မပြင်တတ်ဘူး။ တခုခုဖြစ်ပြီဆို ပျာယာကိုခတ်သွားတာပဲ။ အယင်ကဖြစ်ပြီဆို ဆိပ်ကမ်းသာလမ်းကိုပြေးရတော့တာပါပဲ။
စက်ကပုံမှန်အတိုင်းလည်နေပါရဲ့နဲ့ window မတက်တာ ဘာကြောင့်လဲ၊ HDD ? RAM ? Motherboard? တမနက်လုံး စဉ်းစားတယ်။ စာတွေနဲနဲပါးပါးဖတ်ထားပေမေ့ တကယ်ဖြစ်လာတဲ့အခါ အဖြေကရှာမရဘူး။ အဲလိုကျွမ်းကျင်တာ..ငိ
gq8732s622.jpg
ဒီတိုင်းနေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဖုံးဖွင့် ကလိတော့တာပဲ။ အဆင်မပြေတဲ့နောက်ဆုံး ဆိုင်ကိုပို့လိုက်မယ်ပေါ့ ဟဲဟဲ
ဝါးးးးး အဖုံးဖွင့်လိုက်တော့မှ ဘယ်ကရောက်လာမှန်မသိတဲ့ဖုန်တွေ cpu fan ပေါ်မှာပိတ်ထူနေတာပဲ။ ဖုန်တွေကိုသန့်ရှင်းရေးလုပ် ကြိုးတွေတခုချင်းဖြုတ်ပြီး ပြန်တပ်၊ ပါဝါပေးကြည့်တော့ fan တွေလည်တယ်၊ မဆိုးဘူး။ ရပြီလားမသိဘူးဆိုပြီး မော်နီတာနဲ့ဂျွိုင်းကြည့်တယ် ဘာမှကိုပေါ်မလာဘူး။ သွားပြီ။ စိတ်ဓာတ်ကိုကျသွားတာပဲ။ ကုန်ပေါက်တွေ ကုန်ပေါက်တွေ

ဒီထက်လဲဘာမှမလုပ်တတ် ဆိုင်ကိုပို့ရတော့မယ်၊ နာရီကြည့်လိုက်တော့ ၃-နာရီထိုးနေပြီ၊ မြို့ထဲသွားဖို့ ဘယ်လိုမှအဆင်မပြေတော့ဘူး။ အနီးအနားမှာလိုက်ရှာကြည့်တော့ ဆားဗစ်ဆိုင်တဆိုင်တွေ့တယ်။ ဒါပေမေ့ ဆိုင်ကပိတ်ထားတယ်။ မတတ်သာဘူး ၀င်မေးကြည့်တော့ မြို့ထဲဆားဗစ်သွားလုပ်တယ်၊ ညမှပြန်ရောက်မယ်တဲ့။ ရောက်ရင်ခနလာကြည့်ပေးဖို့ မှာခဲ့ပြီးပြန်လာ။
es1ua9mnv2.jpg
ဘာလုပ်ရမလဲ ဒီတိုင်းလဲကြည့်မနေချင်ဘူး။ ဘုတ်ကိုတခါပြန်ဖွင့် CPU Fan, HDD ကြိုး, ဘတ္ထရီ , power supply ကြိုးတွေ အကုန်ပြန်ဖြုတ်၊ ပြန်တပ်။ နောက်ဆုံးကျန်နေတာက RAM ။ သူ့ကိုလည်းဖြုတ် ခဲဖျက်နဲ့သေချာတိုက်ပြီး ပြန်တပ်။ ဖြုတ်စရာလဲမရှိတော့ဘူး အကုန်ပြန်တပ်ပြီး ပါဝါပေးကြည့်တယ်၊ အကောင်းတိုင်ပဲ။ လည်နေတယ်။ ပါဝါပိတ် မော်နီတာနဲ့ဂျွိုင်းပြီး ပြန်ဖွင့်
5usc30dktk.jpg
အိုက်စ်….တက်လာပြီ၊ ကောင်းသွားပြီ၊ ပျော်လိုက်တယ်ဆိုတာ….ခုမှစိတ်ထဲတုန်းတုန်းကျသွားတယ်။ တကိုယ်လုံးလည်း ဖုန်တွေချည်းပဲ၊ ၆နာရီခွဲလောက်မှ ရေးချိုးပြီး ဒီစာရေးနေတုန်း ဆားဗစ်ဆရာကြီး ဖုန်းဆက်လာတယ်။ ခုလာခဲ့ရမလားတဲ့။ "ဖုန်းဆက်ပေးတာကျေးဇူးတင်ပါတယ်၊ မိုးလဲချုပ်နေပြီ၊ မလာပါနဲ့တော့၊ စက်လဲကောင်းသွားပါပြီလို့"
တော်ပါသေးရဲ့ ဆိုင်ကိုမရောက်လိုက်တာ…
တနေကုန်လိုင်းပေါ်မရောက်ဖြစ် သိုင်းလောကြီး ဘာဖြစ်နေပြီလဲ၊ ဒီနေ့ဘာတွေထူးသလဲ။ ခနတာလိုက်ရှိုးပြီး ကိုယ့်ဂိမ်းလေးဆီသွားလိုက်ပါဦးမယ်။
6kle0sqyda.jpg

@kyawhlaing
https://steemmonsters.com?ref=kyawhlaing

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency