သစ္စာအလှတရားဟာ
ဓားသွားတစ်လက်လို ထက်မြနေချိန်လည်းရှိရဲ့
လရောင်အမှောင်ဖုံး တိမ်လုံးလိုလည်းမဲညစ်သတဲ့
သူကဆိုတယ် ချိုသောအသံနဲ့
လေသံကိုသွဲ့သွဲ့ခင်း နွဲ့နွဲ့ရင်းပေါ့
ရင်ကိုခွဲစိတ်ဖို့ အချိုသတ်နေချိန်မသိခဲ့
သစ္စာထည့် နောက်ဆုံးထိတဲ့
သို့ပေမယ့် သစ္စမဲ့သူလည်း သူ
မေတ္တာမဲ့ခဲ့သည်လည်း သူ
မချစ်ပဲနှင့် ချစ်တယ်လို့ဘာလို့နင်ဆိုသလည်း
အမှောင်ဖုံးသွားခဲ့တယ်ပေါ့ နင်
မိုက်မဲပါလေ့......
နင်က သစ္စာတစ်ရားကိုဓားသွားလိုကစား
သွေးများစွာအံထွက်မှ အကြံမှက်ခဲ့မိတယ်
ညံ့လိုက်တဲ့ ငါပါလေ
အခါခါတွေနေမိတယ်
နင့်ရင်ခွင် အဖော်မဲ့ကင်းတော့
နေထိတဲ့ပန်းပမာ ညှိုးနွမ်းမှာပဲလို့ငါတွေးခဲ့တယ်။
ထားပါလေတော့
မမျှော်လိုသူအဖော်မဲ့ သစ္စပျက်တော့မလိုချင်
ရင်ခွင်သွေးတို့ကိုစတေးခဲ့မယ်
ငါ့ရင်ခွင်သစ်မှာ နင့်ကိုထားခဲ့ပါပြီအမိငယ်။
Credit;google image