This content was deleted by the author. You can see it from Blockchain History logs.

ကံနိမ့်ကျသူနှင့်မကောင်းသောမိတ်ဆွေ

DQmbeVyN3wxrsjCcKgvcNtbEYsSnmeT61AKdeUe6UuiebTt.jpg

Steemit မှ သူငယ်ချင်းအားလုံး မင်္ဂလာပါခင်ဗျာ ။ ကျွန်တော် ဒီတစ်ပတ်ရေးသားမယ့် အကြောင်းအရာလေးကတော့ မိမိဟာ မကောင်း တဲ့သူ ယုတ်ညံ့နဲ့ ပေါင်းသင်းမိရင် ထိုသူထံမှ ကံမကောင်းမှူတွေ မိမိထံသို့ ကူးစက်ရောက်ရှိလာတတ်တယ် ဆိုတဲ့အကြောင်းအရာလေးပါ ။ ကျွန်တော်ငယ်ငယ်တည်းက ကြားဖူးနေကြပြီးသား စကားပုံလေးဖြစ်တဲ့ " ကံသာလျှင် အမိ ကံသာလျှင်အဖ " ဆိုတဲ့ကားကို ပြစ်ပယ်ထားလို့မရပါဘူး ။ ဒါပေမယ့် အဲ့ဒီစကားပုံနှင့်ပြိုင်ကာ"အသက်ကို ညဏ်စောင့်တယ် " ဆိုတဲ့စကား ပုံလည်း ရှိပါသေးတယ် ။ "အသက်ကို ညဏ်စောင့်တယ် " ဆိုပေမယ့်လည်း အသက်ရှင် နေထိုင်စဉ်အတွင်းမှာ မကောင်းမှုတွေကို ရှောင်ရှား ကောင်းမှုတွေကို ပြုလုပ်ပြီး ညဏ်နှင့်ယှဉ်ကာ မိမိနှင့် ပေါင်းသင်းဆက်ဆံ နေထိုင်ဖို့ ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်း ဆရာသမားကောင်းတို့နှင့် ဆီးကပ်ပူဇော် ပေါင်းသင်းနေထိုင်ရမှာပါ ။ "ဆရာမကောင်း တပည့်တစ်
သောင်း အပယ်သွား၏" ဆိုတဲ့စကားပုံလည်းရှိပါသေးတယ် ။

                  ဥပမာတစ်ခု ပြရမယ်ဆိုရင်တော့ ဂေါဓမ္မဘုရားရှင်

လက်ထက်တော် အခါက အဇာတသတ်ကို ပြရမှာပါ ။ အဇာတသတ်ဟာ ရဟန္တာဖြစ်ဖို့ ကုသိုလ်ကံ သမာဓိ ပါပါလျှက်နဲ့ မကောင်းတဲ့ဆရာနဲ့ ပေါင်းမိလို့ လမ်းမှားသို့ရောက်သွားခဲ့ရပါတယ် ။ သူ့၏ဆရာ ဒေဝဒတ် ကြောင့် သူ၏ဖခင်ကိုတောင် ပြန်ပြီး သတ်တဲ့အထိ အမိုက်မဲဆုံးဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပါပဲ မကောင်းတဲ့သူနဲ့ ပေါင်းရင် ထိုသူဆီကနေ မကောင်းတဲ့ အကျင့်စာရိတ္တ ၊ ပညာတွေနဲ့ ထိုသူရဲ့ ယုတ်နိမ့်နေတဲ့ ကုသိုလ် ကံတွေ မိမိဆီကို ကူးစက်လာတာပါပဲ ။ ဒါကြောင့် လူ့ဘဝမှာ ဆရာကောင်းသမားကောင်းနဲ့တွေ့ဖို့ကလည်း အန်မတန် အရေးကြီးပါတယ် ။ယုတ်နိမ့်သူ နဲ့ပေါင်းမိရင် မိမိသည်လည်း ဘေးဒုက္ခ္ခတွေကြုံတွေ့ရတတ် ပါတယ် ။ တစ်ချို့သူတွေကတော့ သာမာန်ယုတ်နိမ့်ကြရုံမဟုတ်ပဲ မကောင်းအကုသိုလ် ကံလဲကြီးကြပါတယ် ။

images.jpg
မိတ်ဆွေ အပေါင်းအသင်းတွေ ဆိုရင်လည်း မိမိ
နှင့်ဝါသနာတူ သူ့ဘက်ကို့ဘက်ကြည့်ပြီး စနာတတ်တဲ့သူများကို ပေါင်းသင်းနေထိုင်ကြရမှာပါ ။ မတတ်သာလို့ ပေါင်းသင်းကြရမယ်ဆိုရင်လည်း လူပေါင်းစိတ်ခွာ ပေါင်းသင်းတတ်ရင် မိမိအတွက် အကောင်းဆုံးဖြစ်မှာပါ ။ စိတ်ထားယုတ်ညံ့ပြီး ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေအပေါ်ကို စာနာ စိတ်မရှိ သူတွေကို အချိန်ကြာကြာ ပေါင်းသင်းမိရင် မိမိလည်း ထိုသူထံမှ ကူးစက်လာနိုင်ပါတယ် ။ ဒါ့အပြင် အကုသိုလ်ကြီးပြီး ကံမွဲတဲ့သူတွေကို တရင်းတနှီးမိမိရဲ့ မိတ်ဆွေသဖွယ် ကလေးတွေကိုဆိုရင် မိမိရဲ့သားသမီးသဖွယ် စိတ်
ထဲထည့်ပြီး ပေါင်းသင်းမိရင်တော့ အကုသိုလ်တွေ ကူးစက်
လာမယ်ဆိုတာ ကျိန်းသေသလောက်ပါပဲ ။ သူတပါးထမ်းပိုးနေတဲ့ အပြစ် အကုသိုလ်ဆိုး ဝန်ထုပ်ဝန်ပိုးကို ကူညီပြီး ဝိုင်းဝန်းထမ်းပေးရင်တော့ မိမိရဲ့ ပခုံး ပေါ် ကို လည်း ထိုဝန်ထုပ်ရဲ့ အလေးက ကျရောက်လာမယ်ဆိုတာ ကျိန်းသေ နေပါတယ် ။ ဒါကြောင့် အဲ့ဒီလို ဝန်ထုပ်ထမ်းရမယ့် အဖြစ်မျိုးကို ရှောင်ရှားသင့်ပါတယ် ။

(လူသား အချင်းချင်း အဆင့်အတန်းခွဲခြား ပေါင်း
သင်းဆက်ဆံဖို့ကို မရည်ရွယ်ပါဘူးခင်ဗျာ ၊ ဒါပေမယ့်လည်း အဆင့်အတန်းဆိုတာ ခွဲသင့်လာရင်တော့ ခွဲရစမြဲပါ )

ကျွန်တော့်ရဲ့ ကြားဖူးနားဝပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာပေးတင်ပြချင်ပါတယ် ။

             ဟိုးရှေ့စဉ်အခါက ဗာရာဏသီပြည်ပြီး တစ်ခုမှာ စေနာ သဒ္ဓါတရားနဲ့ ပြည့်စုံပြီး စိတ်ထားမွန်မြတ်တဲ့ သူဋ္ဌေးသူကြွယ် လင်မယားနှစ်ဦးရှိကြတယ် ။ အဲ့ဒီကုန်သည် လင်မယားက ရွက်လှေသန်မန်တွေနဲ့ မြစ်ကို ကူးပြီး တစ်မြို့နဲ့တစ်မြို့ ရေလမ်းခရီးနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ကြတာပါ ။အဲ့ဒီလို ကူးသန်းရောင်းဝယ် လုပ်နေရင်း တစ်နေ့မြစ်ဆိပ်ကမ်း တစ်နေရာမှာလာရောက် စွန့်ပြစ်ထားတဲ့ ကလေးတစ်ဦးကို တွေ့မြင်ခဲ့ကြပါတယ် ။ သူဋ္ဌေးလင်မယားဟာ ဟိုးအရင်တည်းက စိတ်ကောင်းစေတနာကောင်းနဲ့ မွန်မြတ်တဲ့စိတ်ထားရှိသူတွေဖြစ်တာကြောင့် သနားဂရူဏာပိုမိပြီးတော့ ငိုကြွေးဆာ လောင်နေတဲ့ လေးငယ်လေးကို  ကောက်ယူမွေးစားထားလိုက်ကြပါတယ် ။

အဲ့ဒီလိုနဲ့ သူတို့မွေးစားထားတဲ့ကလေးဟာ အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့သားလေးကို အလိုလိုက်လွန်းပြီး မဆဲရက် မဆိုရက် မရိုက်ရက် ဖြစ်နေပါတယ် ။ အတတ်ပညာကိုလည်း ကောင်းစွာမသင် အပေါင်းအသင်းတွေနဲ့စုပြီး အပျော်အပါး အစားအသောက်တွေ တတ်လာပါတယ် ။ သူတို့သားလေး အသက်ရွယ်ရောက်လာလေလေ မိဘအပေါ်ကိုဆိုးလေလေဖြစ်လာခဲ့ပါတယ် ။ မိဘရဲ့ ပစ္စဥစ္စာတွေကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဖြုန်းတတ်လာခဲ့တယ် ။ သူလိုချင်တာမရရင် မိဘအပေါ်ကို ဆဲတယ် ၊ ဆိုတယ် မိဘတွေ အသက်အိုမင်းလာတဲ့အခါ မိဘတွေကို ကိုယ်ထိလက်ရောက်စော်ကားတဲ့အထိတောင် ဆိုးသွမ်းလာခဲ့တယ် ။

                        သူဋ္ဌေးကြီးလင်မယားဟာ သူတို့ရဲ့ သားသမီးအ

ရင်းတွေကိုထက်တောင် အဲ့ဒီကလေးကို အသနားပိုပြီး ချစ်တာကြောင့် ပိုပြီးအလိုလိုက် ပိုပြီးတော့ ပစ္စည်း ဥစ္စာတွေပေးပါတယ် ။ အဲ့ဒီ ကလေးဟာ ဆိုးသွမ်းလွန်းတာကြောင့် ပစ္စည်းဥစ္စာတွေပေးရုံမက ရန်ဖြစ်စကားများတာပြသနာကြီးငယ် ကအစ လိုက်လံဖြေရှင်းပေးနေရပါတယ် ။ အဲ့ဒီလို သုံးဖြုန်းဆိုးသွမ်းနေတာကြာလာတော့ သူဋ္ဌေးကြီးတို့လင်မယားရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ ကုန်ခမ်းသွားပါတယ် ။ အဲ့ဒီအခါ သူဋ္ဌေးကြီးတို့လင်မယားကို ရိုက်နှက် ဆဲဆိုမှုတွေလုပ် မိမိလိုချင်တဲ့ ပိုက်ဆံတွေ မရတာကြောင့် သူတပါးတွေဆီကနေ ခိုးယူလူယက်မှုတွေ ကြူးလွန်လာပါတယ် ။ အဲ့ဒီလို
ဆိုးသွမ်းနေတာ အချိန်ကြာလာတဲ့အခါ သူဋ္ဌေးကြီးလင်မယားနဲ့ သားဆိုးတို့ပါ မင်းပြစ်မင်းဒဏ်သင့်ပြီး ဆုံးပါးခဲ့ရရှာပါတယ် ။

download.jpg

ဒါကြောင့် ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေရတဲ့ လောကကြီးမှာ မိတ်ဆွေကောင်း ၊ ဆရာကောင်း သမားကောင်း တွေနဲ့ ပတ်ဝန်းကျင်ကောင်းကိုရှာဖွေကြရမှာပါ ။ အဲ့ဒါမှ ဒီဘဝတင်မက နောင်သံသရာအထိပါ သွားရတဲ့လမ်းကလေးက ဖြောင့်တန်းနေမှာ
ဖြစ်ပါတယ် ။

ဆက်လက်ကြိုးစား ရေးသားပါအုံးမည် ။

@henryba

MSC -056

25/1/2018