ငြိမ်းအေးမှုကို ရှာဖွေခြင်း ( ၅ )

image

( ရဟန်းတော်တို့ကို ဖူးမြင်ရခြင်းသည်
မြတ်သော မင်္ဂလာမည်၏။)

သမဏာနဉ္စ ဒဿနံ ဧတံ မင်္ဂလမုတ္တမံ။
“ရဟန်းတော်တို့ကို ဖူးမြင်ရခြင်းသည် မြတ်သော မင်္ဂလာမည်၏။”
သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို မကြာခဏတွေ့ဆုံလေ။

ရဟန်းတော်တွေကို ဖူးရခြင်းဟာ
မြတ်သောမင်္ဂလာပါတဲ့။
တချို့သီလ သမာဓိပြည့်စုံနေတဲ့ ရဟန်းတော်တွေရဲ့
မျက်နှာတော်ကို ကြည့်လိုက်ရင် ကြည်လင်နေတတ်ပါတယ်။
ဒီလိုမျက်နှာတော်ကြည်နေတဲ့ ရဟန်းတော်တွေကို
ဖူးတွေ့လိုက်ရရင်ပဲ ရင်ထဲကို အေးမြသွားတာပဲမို့
ရဟန်းတော်တွေရဲ့ အအေးဓာတ်ဟာလည်း
ကိုယ့်ကို လာကူးတဲ့သဘောပါ။

ယခုလည်း သီရိဓမ္မာအသောကမင်းကြီးတစ်ယောက် နိဂြောဓသာမဏေ ငယ်လေးကို အကြောင်းပြုပြီး သာမဏေငယ်၏ ဆရာသခင်ဖြစ်သော မထေရ်မြတ်ကြီးများအား ဖူးမြော်ဆည်းကပ်ခွင့်ရခဲ့ပေသည်။ ထိုမထေရ်မြတ်ကြီးများ၏ ညွှန်ကြားမှုကြောင့် သာသနာတော်ကို ဝမ်းသာအားရချီးမြှောက်ခွင့်ရခဲ့ပေသည်။ သူ့ ၏ ရင်နှစ်သည်းချာ သားသမီးရတနာတို့ ကိုလည်း သာသနာဘောင်အတွင်း သွတ်သွင်းနိုင်ခဲ့၍ အလွန်ပင် ကြည်နူးပျော်ရွှင်နေမိသည်။ စစ်ပွဲအလီလီနိုင်အောင် တိုက်ခဲ့သောလည်း ယခုကဲ့သို့ သော အားရကျေနပ်ခြင်းတို့ မရှိ။ ကြည်နူးခြင်းလည်းမဖြစ်ခဲ့ဘူးပေ ။ မထေရ်ကြီးတို့ ၏ အေးချမ်းသော အာဝါသတစ်ခုမှာ နားခိုခွင့်ရခဲ့သည့်အတွက် အလွန်ပင် စိတ်နှလုံးအေးချမ်းခဲ့ရလေသည် ။

ဖခင်ဖြစ်သူ သီရိဓမ္မာအသောက မင်းကြီး၏ အလိုဆန္ဒအတိုင်း သားသမီးအလိမ္မာပီသစွာ အရှင်မဟိန္ဒနှင့် သမီးတော် သိင်္ဃမိတ္တာတို့ နှစ်ဦးလည်း တတ်စွမ်းသမျှ ပါဠိစာပေတို့ ကို သင်ယူခဲ့၍ သာသနာတော်၏ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ထမ်းရွက်ခဲ့ကြသည်။ သာသနာပြုရန် ကိုးတိုင်းကိုးဋ္ဌာန စေလွှတ်ရာတွင်လည်း အရှင်မဟိန္ဒကိုယ်တိုင် ပင်ပန်းဆင်းရဲလွန်းသော သီဟိုဠ်ကျွန်းသို့  သွားရောက်သာသနာပြုခဲ့သည်။ အာရှနိုင်ငံများသာမက ဥရောပ နိုင်ငံများထိ သာသနာတော် ကျယ်ပြန့် အောင် စွမ်းဆောင်နိုင်ခဲ့သည် ။ ရုရှားနိုင်ငံတွင် ယခုထိ ဗုဒ္ဓဆင်းတုတော်များ ရှိနေသည်က သက်သေပင်ဖြစ်တော့သည် မိမိတို့ မြန်မာနိုင်ငံသို့  သာသနာရောက်ရှိလာပုံက ရှင်အရဟံတည်းဟူသော မထေရ်မြတ်၏ သာသနာပြုစွမ်းရည်ကြောင့်ဖြစ်သည် သုဝဏ္ဏဘူမိမှသည် ယနေ့  တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ပင် ကိုးကွယ်ယုံကြည် သက်ဝင်လာကြသည် ။

image

သီရိဓမ္မာအသောကမင်းကြီး၏ သာသနာပြုလိုစိတ်ဖြင့်သော်လည်းကောင်း နိဂြောဓသာမဏေငယ်၏ ချစ်ခင်ကြည်ညိုဖွယ်ရာ သီလတို့ ဖြင့်လည်ကောင်း ယနေ့ ထိ ဗုဒ္ဓသာသနာကို ဖူးမြော်ခွင့်ရနေသည်မှာ ဧကန်မုချပင်ဖြစ်ပေတော့သည် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya
image

H2
H3
H4
3 columns
2 columns
1 column
23 Comments
Ecency