This content was deleted by the author. You can see it from Blockchain History logs.

ငယ်ငယ်တုန်းက စာသင်သားဘဝ ( ၂ )

image

မိမိ စာသင်သားဘဝ ရောက်ခဲ့သည်ကား ပါရမီပါခဲ့သောကြောင့်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့  သာသနာပြုဖို့ ကံပါလာသည်ကို တစ်ခါမှ မတွေးခဲ့ဖူးချေ ။မိမိတွင် မွေးချင်း ညီအစ်ကို မောင်နှမ သုံးယောက်ရှိပါသည်။ မိမိကား အကြီးဆုံးဖြစ်ပြီး မိမိအောက်တွင် မိန်းခလေး၊ ထိုမိန်းခလေးအောက်တွင် ညီအငယ်ဆုံးဖြစ်ပြီး၊ အသက်ကသုံးနှစ်စီ ကွာကြသည် ။ မိမိထက်အရင် မိမိ၏ ညီအငယ်ဆုံးက ကိုရင်ဝတ်ကာ စာသင်တိုက်အရင် ထွက်နေလေပြီ။ သူကား လေးတန်းမျှသာ ပညာသင်ဖူးသည် ။လေးတန်းဖြေဆိုပြီး ကျောင်းပိတ်ရက်မှာ ကိုရင် ဝတ်ပေးထားခြင်းဖြစ်ပြီး အောင်စာရင်းတွေထွက် စာမေးပွဲအောင်တယ်ဆိုတော့ အမေက ကျောင်းတတ်ဖို့ အတွက် လူထွက်ခိုင်းလေသည်။ သို့ သော် ကျောင်းအပ်မည့်ရက်မှာပဲ ကိုရင်မထွက်ချင်ဘူးဟု ဆိုကာ မော်လမြိုင်စာသင်သွားသည့် ဦးဇင်းငယ်နှင် မော်လမြိုင်သို့  လိုက်သွားလေသည် အမေ့မှာတော့ မျက်ရည်စက်လက်နှင့် မော်လမြိုင်ထိလိုက်ပြီး ချော့တစ်လှည့် ၊ခြောက်တစ်ခါ လူထွက်ခိုင်းသော်လည်း ဟင်အင်းသာ ငြင်းနေသဖြင့် အမေလည်း လက်လျော့ပြီး နေလိုကနေပါစေဆိုပြီး စာသင်တိုက်မှာ ထားခဲ့ရတော့သည် ။
image
ညီငယ်နှင့် ပြန်တွေ့သည်အချိန်ကား မိမိ ၁၀ တန်းတတ်နေသည့်အချိန် ၂၀၀၆- ၂၀၀၇ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေသည့်အချိန်မို့  ညီငယ် ကိုရင်လည်း ရွာပြန်လာလေသည် ။သူများယောင်တိုင်း လိုက်မယောင်မိဖို့  တာဝန်ယူပြီး ခေါ်သွားသည့် ဦးဇင်းငယ်က ပြန်လာပို့ ခြင်းဖြစ်ပါသည် ။ထိုအချိန်မှ မိမိနှင့် ညီငယ်တို့  ဆုံခွင့်ရသည်။ " ကိုရင် မော်လမြိုင်မှာ စာသွားသင်တာ ဘာတွေ သင်ရတာလဲ ဆိုတော့ ဟော့ဒါက ကစ္စည်းသဒ္ဒါ၊ ဟော့ဒါက သဂြိုလ် ၊ ဟော့ဒါက ဝိနည်း စသည့် ပါဠိစာအုပ်များ ထုတ်ပြလေသည် မိမိကား ၁၀ တန်းထိ ပညာအရည်အချင်းရှိသည် သို့ သော် ကိုရင်ငယ်ပြသည့် စာအုပ်များကို မဖတ်တတ်ပေ။ ပါဠိဆင့်တွေ များသလို စာလုံးတွေကလည်း သေးသေးမွှားမွှားလေးတွေက များသည်။ ဒါနဲ့ ကိုရင့်စာတွေကလည်း ဘာတွေမှန်းမသိဘူး။ စာလုံးကလည်းသေးသေးလေးတွေနဲ့ ဖတ်ပါများရင် မျက်စိပါပျက်မယ် အဲ့ဒါကြီးကတော့ မသင်ချင်ဘူး။ ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ငြီးတွားခဲ့သည်မှာ မိမိကိုယ်တိုင်ပင်ဖြစ်သည် ။
image
နောက်တော့ ညီငယ်ကိုရင်လည်း စာမေးပွဲ ရှိသည်ဟုဆိုကာ မော်လမြိုင် ပြန်သွားလေသည်။ မိမိသည်လည်း ၁၀ တန်းစာမေးပွဲဖြေဆိုနေသည့်အချိန်မို့ မိဘများကလည်း မိမိကိုသာ အရေးထားသည်။ ညီငယ်ဆီတောင် ဖုန်းမဆက်ဖြစ်တော့ချေ။ ထိုအချိန်က ဖုန်းတစ်ခါဆက်ရဖို့ ပင် မလွယ်ကူပေ။ စာသင်တိုက်ထဲတွင် ဖုန်းလာသည့်အခါ မိုက်နှင့် လော်စပီကာနှင့်တပ်ကာ အော်ခေါ်ရသည် ပြီးလျှင် ပြန်ခေါ်ရသည်။ ဖုန်းတစ်ခါဆက်ဖို့ အတွက် တော်တော် အလုပ်ရှုပ်ရသည် ။ထို့ ကြောင့် အဆက်အသွယ် သိပ်မလုပ်ကြပေ။ ဒီလိုနှင့် မိမိ စာမေးပွဲပြီးတော့မှ အမေက ပြောသည်။ စိတ်ပြေလက်ပျောက် မိသားစုတွေ မော်လမြိုင်သွားကြမည် ။ကိုရင်ငယ်လည်း ဝင်တွေ့ရင်း ကျိုက်သလ္လံဘုရား စသည်လည်း ဖူးကြမည်ပေါ့။ မိမိကားရန်ကုန်ကလွဲပြီး ဘယ်မှ ရောက်ဖူးသူမဟုတ်ပေ။ ယခုလို ခရီးထွက်မည်ဆိုတော့ ဝမ်းသာအားရပင် ပျော်ရွှင်မိလေသည်။ နောက်နေ့ ကြတော့ ရထားကြီးနှင့် မော်လမြိုင်သို့  မိသားစုလိုက် ချီတတ်လာခဲ့ကြသည်။

( ဆက်လက် ဖော်ပြပါဦးမည် )

မိမိအား ချစ်သူ ၊မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

Author -@gunapeya
MSC-181