ပျင်းနေသလား အလွယ်ရှာလုပ်စမ်းပါ

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့ သိပ်မအားလပ်သလို ဖြစ်သွားတော့ ပို့စ်တင်စရာ
ဘာစာမှ ကြိုမရေးဖြစ်ခဲ့ဘူး။ တစ်ရက်တစ်လေ ပရိုပို့စ်
မတင်ဘဲ နေကြည့်ဖို့ စိတ်ကူးပါတယ်။ မရပါဘူးဗျာ
အချိန်ရရင် ရသလို စိတ်က စတီးမစ်ပေါ် ရောက်လေတော့
ကြုံရာ ရှာဖွေရင်း စာလေးတွေရေး ပို့စ်တင်လိုက်ရပါတယ်။

အရင်အပတ်က တတ်ရောက် နားထောင်ဖြစ်ခဲ့တဲ့ ဟောပြောပွဲ
အတွေ့အကြုံလေးပဲ မျှဝေပါဦးမယ်ဗျ။
75udeozmsl.jpg
စာရေးဆရာဦးကျော်ရင်မြင့်သည် ကျေးဇူးရှင် လူပျင်းများ ဟု
ဆိုကာ လူပျင်းတွေကြောင့် လွယ်လင့်တကူ ဆောင်ရွက်လို့ရတဲ့
တီထွင်ထုတ်လုပ်မှုအသုံးအဆောင်ပစ္စည်းများ ထွက်ပေါ်
လာကြောင်း ပြောပြပါတယ်။
ဥပမာ။ ။ လျှပ်စစ်ထမင်းပေါင်းအိုး၊ ရီမုကွန်ထရိုး၊
စသဖြင့်ပေါ့ဗျာ။

ကမ္ဘာ့သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ် ကလည်း လူပျင်းတွေကို
အလုပ်ခန့်ဖို့ လိုချင်ကြောင်း ပြောခဲ့တာ မှတ်သားဖူးပါတယ်။

တစ်ကယ်တော့ လူပျင်း ဆိုပြီး ဘာမှ မလုပ်ဘဲ နေသူကတော့
ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ထူးခြားတဲ့ လူပျင်းအချို့ကတော့ ပင်ပင်ပန်းပန်း၊
ရှည်ရှည်ဝေးဝေး လုပ်ဆောင်ရမှာ ပျင်းလို့ အလွယ်နည်းရှာပြီး
ဖန်တီးထုတ်လုပ်တတ်ကြတာမို့ လောကလူသားတို့
လွယ်လင့်တကူ အသုံးပြုရတဲ့ ပစ္စည်များ ပေါ်ထွက်လာခဲ့ပြီး
လောကကောင်းကျိုး ဖြစ်စေခဲ့မဟုတ်ပါလား။

ထို့ကြောင့် ကျွန်တော်က မိတ်ဆွေ သင် ပျင်းနေသလား။
အလွယ်နည်း ရှာလိုက်စမ်ပါးဟု တိုက်တွန်းပြောကြားချင်ပါတယ်။

မိတ်ဆွေအားလုံး ပျင်းနေနိုင်ကြပါစေ။

MSC 193
@golden.future

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency