ဒီနေ့မှာတော့ လွန်ခဲ့သော လေး-ငါးရက်က နယ်မြို့လေး
ခင်ဦး သို့ အလည်ရောက်ခဲ့စဉ်က အကြောင်းလေး ဆက်ပါဦးမယ်။
ခင်ဦးမြို့ မှ အပြန် မြို့နှင့် မလှမ်းမကမ်း အရောက်တွင်
လွမ်းစေတီ တစ်ဆူ တည်ရှိပါသည်။ ထိုလွမ်းစေတီ သို့
အရင်က တစ်ခေါက် ရောက်ဖူး ဝင်ဖူးခဲ့လား သဲသဲကွဲကွဲ
မမှတ်တော့ပါ။
ခုတော့ ဘုရားဖူးရင်း လိပ်ဥတူးရင်း ဆိုသလိုသာ ဖြစ်တော့မည်။
ပို၍တိကျ ဝန်ခံရလျှင် ဓာတ်ပုံရိုက်ယူချင်သောကြောင့်သာ
ဘုရား ဝင်ဖူးခြင်း ဖြစ်ပေသည်။ ရှိစေတော့ ဝါသနာအစွဲ
လောဘက ဖျက်ရခက် မဟုတ်ပါလား။
သို့ဖြစ်၍ ဘုရားဝင်း အတွင်း ရောက်လျှင်ရောက်ခြင်း
လွမ်းစေတီဘုရား အား ဦးစွာ ကန်တော့လိုက်ပါသည်။
ထိုနောက်မှ ဓာတ်ပုံရိုက်ခြင်း အမှုကို ပြုပါသည်။
လွမ်းစေတီ ခေါ်တွင်ကြသည်ကား ကျွန်တော်တို့ ဗုဒ္ဓဘာသာ
လူမျိုးတို့သည် ထေကြီးဝါကြီး ရဟန်းသံဃာတို့ ပျံလွန်တော်
မူပြီးပါလျှင် အထိမ်းအမှတ် စေတီ တည်တတ်ကြလေ့ ရှိခြင်း
ကြောင့် ဖြစ်ပါသည်။
ကဲ မိတ်ဆွေတို့လည်း ဘုရားဖူရင်း လိပ်ဥတူးလိုက်ကြပါဦးဗျာ။