အဖေနှင့်အမေအတွက် အပျော်ဆုံးအချိန် တစ်ခုဖြစ်တည်လာခဲ့ပြီ။ သားလေးလား၊ သမီးလေးလားမသိ လူသားလေးတစ်ဦး စတင်ဖြစ်ပေါ်လာခဲ့ပြီ။
အမေသည်လည်း ထိုလူသားကလေးလူ့လောကသို့ ကိုယ်လက်ခန္ဓာစုံလင်စွာဖြင့်အရာရာပြည့်စုံ၍လူ့လော
ကသို့ ကံကောင်းခြင်းများစွာဖြင့်လာချင်းကောင်းသော လူသားကလေးဖြစ်ဖို့အစစအရာရာကြိုးစားရလေပြီ။
အပူ၊အစပ်၊ချိုချဉ်ဖန်ခါးစသည့်ထိုလူသားလေး၏ကျန်းမာရေးထိခိုက်စေမည့်အစားအသောက်များအားရှောင်ကြဉ်ရလေသည်။မိမိရင်သွေးလူသားကလေး စိတ်ထား နူးညံ့ပျော့ပျောင်း၍ စိတ်ကောင်းနှလုံးကောင်းရှိပြီး ဘာ သာတရားကိုင်းရှိုင်းသည့်ကလေးလေးဖြစ်စေဖို့ မိခင်သည် ဒါန၊သီလ၊ဘာဝနာစသည်တို့အား တတ်နိုင်သမျှ ပွားများ၍ အဖေနှင့်အမေတို့၏လူသားပန်းပုရုပ်ကလေး ကာယ၊စိတ္တနှစ်ဖြာပြည့်စုံစေရန် ကြိုးစားပုံသွင်း၍စတင်ထုဆစ်ရလေသည်။
မိခင်သည်ထိုလူသားပန်းပုရုပ်ကလေးအား စကြာဝဠာအနန္တ၌ရေတွက်၍ မကုန်ခန့်မှန်းတွက်ချက်၍မရသောမိခင်မေတ္တာအလုံးစုံဖြင့် ပုံအပ်ကာထိုလူသား ကလေးအားထုဆစ်ပုံသွင်းနေသကဲ့သို့ ဖခင်ပန်းပုဆရာကြီးမှာလည်း ထိုလူသားကလေးဖြစ်တည်မှူ အတွက် အားထုတ်ကြိုးပမ်းမှူမှာကား အံ့မခန်းပင်ဖြစ်ခဲ့သည်။
လူသားကလေးလူ့လောက၌ အရာရာပြည့်စုံ၍ မပူမပင်မတောင့်မတဘဝဖြင့်ရှင်သန်ကြီးထွားစေရန် စီးပွားဥစ္စာများအား ကြိုးစားရှာဖွေနေလေသည်။သို့သော်ထိုလူသားပန်းပုဆရာကြီးဖေဖေ၏ ထုဆစ်ပုံကားထူးခြား လှပေစွ။
ပန်းပုဆရာဖေဖေကြီးသည် စာဖတ်ဝါသနာကြီးသူ တစ်ယောက်ဖြစ်ပေသည်။သူသည်စာအုပ်အများအပြားအားဖတ်ရှူ့ လေ့လာသူတစ်ယောက်လည်း ဖြစ်ခဲ့ပေသည်။
သူဖတ်ရှူ့ လေ့လာသောစာအုပ်များ၌ စိတ်ပညာနှင့်ပတ်သတ်သောစာအုပ်အများအပြား ပါဝင်ခဲ့လေသည်။ထိုစိတ်ပညာစာအုပ်များ၌ ပါဝင်သော Auto-Suggestion စိတ်ပညာအားသူအလွန် စိတ်ဝင်စားခဲ့သည်။
ထို့ကြောင့်သူ၏မမြင်ရသေးသောလူသားကလေး အားထိုAuto-Suggestion ပညာဖြင့်စတင်ထုဆစ် ၍လူသားကလေးလူ့လောကသို့ရောက်လာမည့်အချိန်အားရင်ခုန်မျှော်လင့်စောင့်စားနေလေတော့သည်။
ညဘက်လူခြေတိတ်သည့်အချိန်ရောက်တိုင်း ပန်းပုဆရာဖေဖေသည်သူ့၏ဇနီးဝမ်းဗိုက်အားလက်ကလေး ဖြင့်ကိုင်ကာသူထုဆစ်ချင်သည့် လူသားကလေး၏ အနာဂါတ်အတွက် စာသားများအားတတွတ်တွတ်ရွတ်ဆိုတော့သည်။
ထိုကဲ့သို့ဖေဖေနှင့်မေမေသည် နေ့စဉ်စိတ်မှန်းဖြင့် ထုဆစ်ခဲ့သောပန်းပုရုပ်ကလေးသည် ၁၀လတင်းတင်းပြည့်သည့်နေ့၌ စတင်၍ပုံဖော်မွေးဖွားလာခဲ့လေသည်။
လူသားကလေးလူ့လောကသို့စတင်ဝင်ရောက်လာခဲ့ပြီ။
"ဘာလေးမွေးလဲဆရာမ"
"မိခင်ရောကလေးရောကျန်းမာရဲ့လားဗျ။"
အသက်ပင်ဝအောင်မရှူနိုင်ဘဲ အပြေးအလွှားမွေးခန်းထဲမှထွက်လာသောဆရာဝန်မအားမေးမိလေသည်။ မိမိထုဆစ်ထားသောလူသားကလေး ဘယ်လိုပုံလေး ပါလိမ့်ဟု ရင်ခုန်နှူန်းများမြန်လာပါတော့သည်။
"သမီးကလေးရှင့်။မိခင်ရောသမီးပါကျန်းမာပါတယ်ရှင်။"
ဆရာဝန်မ၏စကားကားပန်းပုဆရာဖေဖေ၏နား၌ နားဝင်ချိုလှပေစွ။ထမရထိုင်မရဖြင့်မယိုးမရွဖြစ်နေပေသည်။
"အခန်းထဲ ဝင်ကြည့်လို့ရပါပြီရှင်။"
နာစ်မကလေး၏စကားအဆုံး၌ အပြေးအလွှားဝင်ကြည့်မိလေသည်။မြင်လိုက်ရသောမြင်ကွင်းကလေးမှာ ဖခင်၏ရင်ထဲပီတိဖြာဝေ၍နေပေတော့သည်။
"သမီးကလေး"
ဤဖခင်၏ရင်ထဲ၌ အမြဲကိန်းဝှပ်တည်ရှိနေမည့်မင်းသမီးကလေး။ဖေဖေထုဆစ်ထားသောသမီးကလေး သည်လောကကြီးအတွက်လာခြင်းကောင်းသော သမီးကလေးဖြစ်ပေတော့မည်။
သမီးကလေးအား အခါခါပွေ့ချီမိသည်။လက်မှမချနိုင်ဖြစ်မိခဲ့သည်။ချစ်၍မဝ၊ ကြည့်၍မဝဖြစ်ခဲ့မိသည်။
"မင်းကလေးကိုလက်ကချပါဦးကွာ။"
"အမြဲချီနေတော့ကလေးလက်ပူမိနေပါ့မယ်။"
သမီးကလေး၏ ဘိုးဘိုးမှ သတိပေးယူရသည်အထိ
ချစ်မဝပွေ့ချီထွေးပိုက်၍မဝဖြစ်ခဲ့သည်။
သမီးကလေး၏အနာဂါတ်အတွက် ထုဆစ်ခြင်းကို ပန်းပုဆရာဖေဖေသည် ဆက်လက်လုပ်ဆောင်ခဲ့လေ သည်။ညဘက်သမီးကလေး အိပ်မပျော်တပျော်အချိန်၌ သူသည်တတွတ်တွတ်ဖြင့်Auto-Suggestion နည်းဖြင့် သမီးကလေး၏အနာဂါတ်ကောင်းစားဖို့ လူ့အဖွဲ့အစည်း၌ အကျိုးပြုဖြစ်ထွန်းစေမည့်သမီးကောင်းရတနာကလေးဖြစ်စေဖို့ဆက်လက်ထုဆစ်လေသည်။
ဤသို့ဖြင့်ဖေဖေ့ပန်းပုရုပ် လူသားသမီးကလေးသည်
စကား မပီကလာပီကလာပြောတတ်သော အရွယ်သို့ ပင်ရောက်ရှိလာတော့သည်။သမီးကလေးသည်အရွယ်နှင့်မလိုက်အောင် စူးစမ်းလေ့လာနိုင်စွမ်းရှိလွန်းလှသည်။အလွန်လိမ္မာယဉ်ကျေးပြီး ဘာသာတရားကိုင်းရှိုင်းသည့်ဗီဇလေးလည်းဖေဖေ၏ ထုဆစ်မှူကြောင့်အထုံပါခဲ့ဟန်တူသည်။
ဘုရားစာများအား၂ခေါက်၃ခေါက်နုတ်တိုက်ချပေးရုံ မျှဖြင့်ပင်အလွတ်ရလေသည်။အရွယ်နှင့်မလိုက်အောင်ပင် သဒ္ဒာတရားကြီးမားလွန်းလှ၏။
သမီးကလေး၃နှစ်အရွယ်၌သူမ၏ဖေဖေသည် သမီးကလေးအားမူကြိုကျောင်းမပို့ဘဲ သူကိုယ်တိုင် အားလပ်ချိန်များ၌ ကိုယ်တိုင်စာသင်ပေးလေသည်။သမီးကလေးသည် သင်ယူနိုင်စွမ်းအလွန်ကြီးမားလှ၏။
အရွယ်နှင့်မလိုက်အောင် စာရေးစာဖတ်တတ်မှူမြန်ဆန်လှပေသည်။အသက်၎နှစ်အရွယ်၌တေဇ၊ရွှေသွေးစသည့်ကလေးစာအုပ်ကလေးများအား ဖတ်ရှူ၍ချက်ချက်ချာချာပြန်ပြောနိုင်နေပေသည်။
ဒီလိုနှင့်သမီးကလေး သူငယ်တန်းတက်သည့်အရွယ်သို့ရောက်ရှိလာလေပြီ။ သမီးကလေးသည် အတန်းထဲ၌ချက်ချက်ချာချာဖြင့် စာတော်သည် လိမ္မာသည်ဟူသောဂုဏ်သတင်းဖြင့်ကျော်စောလှ၏။
သူငယ်တန်းသမီးကလေး၏ ပထမဆုံးလပတ်စာမေးပွဲမှ ရမှတ်များ၊ အဆင့်များထွက်သည့်နေ့၌ဖေဖေနှင့်မေမေ သည်အလွန်အမင်းစိတ်လှူပ်ရှားနေကြပါပြီ။
လွယ်အိတ်ကလေးလွယ်ကာကျောင်းမှပြန်လာသည့် သမီးကလေးသည်ပြုံးရွှင်စွာဖြင့် ရီပို့ကဒ်နှင့်အတူတံဆိပ်ကလေးတစ်ခုအား လက်မှကိုင်ထားလျက်ဖြင့်ဖေဖေနှင့်မေမေဆီသို့လျောက်လာလေသည်။
"သမီးဘာသာစုံAရတယ်ဖေဖေနှင့်မေမေ။အတန်းထဲမှာပထမရလို့ဒီတံဆိပ်ကလေးရခဲ့တယ်။"
"ထူးချွန်ကျောင်းသူတံဆိပ်ကလေး။"
ဝမ်းသာပီတိဂွမ်းဆီထိသည့်စိတ်နှလုံးဖြင့်ပန်းပုဆရာများဝမ်းသာခဲ့လေပြီတကား။မိမိတို့ထုဆစ်သည့် ပန်းပုရုပ်လူသားကလေးသည် လာခြင်းကောင်းခဲ့လေပြီ။ထုဆစ်ရကျိုးနပ်လှပေစွ။
သမီးကလေး၏အနာဂါတ်အတွက် ဤပန်းပုဆရာများ ဆက်လက်ပြုပြင်ပုံဖော်ရင်းဖြင့် ကမ္ဘာလော ကဤလူ့ဘောင်ဝယ်ရှင်သန်နေထိုင်သွားပေဦးတော့မည်။
ဤစာစုများအားဖေဖေဦးသိန်းဇော်အားသတိရလွမ်းဆွတ်စွာဖြင့်ဖော်ကျူးမိပါသည်။ဖေဖေထုဆစ်ထားသော
လူသားပန်းပုရုပ်သမီးကလေးဖြစ်သော အိအိခိုင်သည်လည်းအနာဂါတ်ကမ္ဘာအတွက်အကျိုးပြုသော လူသားအဖြစ်ကြိုးစားနေထိုင်သွားပါမည်ဟု ကတိပြုရင်းဖြင့်လွမ်းဆွတ်တမ်းတမှူများစွာဖြင့်.......။
@eieikhing
MSC No.173
Credited from google images.