အလှကြိုက်​သူ​လေးပါရှင့်​။

စာ​ရေးရမည်​။ရေးကို​ရေးရမည်​။ရေးလက်​စဘဝတ​ကွေ့
ဝယ်​ကိုလည်းဆက်​မ​ရေးချင်​။မိမိအ​ကြောင်းမိမိ​ရေးချင်​​လွန်း၍​ရေးမိသည်​။အ​ဟောင်း​တွေအသစ်​ဖြစ်​သလို​ရေးမိ
ရင်းခံစားရသည်​။မတ်​လ၊ဧပြီလနှစ်​လ​လောက်​အလုပ်​က
အနည်းငယ်​သာရှိခဲ့သည်​။အိမ်​စားရိတ်​​လောက်​င​အောင်
ပင်​မနည်းသုံးစွဲခဲ့ရသည်​။ယခုလ​မေလ၌ပင်​ဝိုင်းအသစ်​က​လေးများဖြင့်​အလုပ်​က​လေးပြန်​လည်​စိုပြည်​လာခဲ့ပြန်
ပါသည်​။
မနက်​၆နာရီခွဲကစ၍အိမ်​မှထွက်ကာဝိုင်း​ပေါင်းစုံသို့စာ
လိုက်​​သင်​​နေရပြန်​ပါသည်​။ကျူ ရှင်​ဆရာမတစ်​​ယောက်​၏ဘဝသံသရာပင်​ဖြစ်​သည်​။အိမ်​ပြန်​​ရောက်​​သောအခါ
တကိုယ်​လုံးကိုက်​ခဲမသယ်​ချင်​မလှူပ်​ချင်​​ပေမယ့်​steemitအတွက်​စာ​ရေးကို​ရေးရမည်​ဟုအားကိုတင်း
ကာ​ရေးဖြစ်​​အောင်​​ရေးပါမည်​။
အိမ်​ဝိုင်းသင်​ရ​သောကျူ ရှင်​ဆရာမဘဝသည်​​နေ့စဉ်​အပြင်​ထွက်​ရ​ပေသည်​။မိုးရွာရွာ​နေပူပူမထွက်​ချင်​လည်း
ထွက်​ရပါသည်​။မိမိအားအိမ်​​စောင့်​နတ်​မှအိမ်​မှာ​နေသည်
ကိုမကြိုက်​၍နှင်​ထုတ်​ခံထားရသည်​ဟုပင်​မိတ်​​ဆွေ၊သူငယ်​ချင်းများနှင့်​​နောက်​​ပြောင်​၍​ပြောမိပါသည်​။
ရန်​ကုန်​မြို့တွင်းမြို့နယ်​​ပေါင်းစုံသွား၍လူအမျိုးမျိုးတို့၏
သားသမီးများအားစာသင်​​ပေး​နေရသည့်​အတွက်​ဆက်
ဆံရသည့်​လူများကလည်းစုံလင်​လှ​ပေသည်​။
ယ​နေ့လည်းမိမိအဖြစ်​ကိုပြန်​​တွေးမိရင်းပြုံးစိပြုံးစိဖြစ်​လာ
မိသည်​။မိမိစာသင်​ရသည့်​တပည့်​များ၏အ​မေအချို့သည်
မိမိအားညီအစ်​မအရင်းတမျှခင်​မင်​လှပါသည်​။ထို့​ကြောင့်
၎င်းတို့လုပ်​သမျှစာ​ရေးသူအားအ​ဖော်​စပ်​​လေ့ရှိသည်​။
ယခုကိစ္စတွင်​လည်းမိမိ၏တပည့်​က​လေးမ​လေးအ​မေ
သည်​၎င်းတို့မိသားစုရဟန်းခံ၊ရှင်​ပြု ၊သီလရှင်​ဝတ်​အလှူ ပြုလုပ်​မိဖြစ်​သည်​။၎င်းတို့အလှူ တွင်​တပည့်​မ​လေး
၏အ​ဖေနှင့်​​မောင်​ကဦးပဇ္ဇင်းနှင့်​ကိုရင်​ဝတ်​မည်​ဖြစ်​ပြီး
တပည့်​မ​လေးနှင့်​သူမ၏အ​မေမှသီလရှင်​ဝတ်​မည်​ဖြစ်
သည်​။
ထိုအ​ကြောင်းအရာထိစာ​ရေးသူနှင့်​မသက်​ဆိုင်​​သေး​ပေ။
သို့​သော်​တပည့်​မ​လေး၏အ​မေသည်​ဘာစိတ်​ကူး​ပေါက်
သွားသည်​မသိ။၎င်းတို့အလှူ ၌စာ​ရေးသူကိုပါသီလရှင်​ဝတ်​​ပေးချင်​သည်​ဟု​တောင်းဆိုလာသည်​။မိမိသည်
ဆံပင်​ကိုတွယ်​တာလွန်းလှသူဖြစ်​သူဖြစ်​သည်​။၎င်းတို့
သားအမိ​တောင်းဆိုသည်​ကိုကြား​သောအခါအလှကြိုက်
ူသူအပျို ကြီးဒုက္ခလှလှကြီး​တွေ့​လေ​တော့သည်​။
ထို့​ကြောင့်​လည်းမိမိအလုပ်​သည်​ဖျက်​၍မရ​ကြောင်း၊အိမ်
ကိုလည်းလက်​လွှတ်​၍မရ​ကြောင်းစသည်​ဖြင့်​အ​ကြောင်းပြချက်​​ပေါင်းစုံပြ၍ငြင်းဆိုရ​ပါ​တော့သည်​။
သို့​သော်​လည်းမိမိအားထိုမျှ​လောက်​တဏှာ​လေးကို
ခဏ​လေးပင်​မဖြတ်​နိုင်​ဘူးလားစသည်​ဖြင့်​​ပြောကာ
အမျိုးမျိုး​ဖြောင်းဖြ​ပြောဆို၍​ဆွယ်​​နေ​ပေ​တော့သည်​။မိမိသည်​လည်းမိမိနာမည်​အားဖိတ်​စာထဲထည့်​မရိုက်​ရန်
အ​ကြောင်းအမျိုးမျိုးဖြင့်​​နေ့စဉ်​ငြင်းဆို​နေရပါ​တော့သည်​။
မိမိအဖြစ်​ကိုမိမိ​တွေးမိရင်းပြုံးစိစိဖြင့်​ကြိတ်​ရယ်​မိ​နေ​ပါသည်​။ယ​နေ့အတွက်​​ပင်​ပန်းလွန်းလှ၍ဘာမှမ​တွေးနိုင်
မိပါသဖြင့်​ကြုံရသည့်​အဖြစ်​အပျက်​က​လေးသာစာစု
အဖြစ်​​ရေးတင်​မိပါသည်​။

အိအိခိုင်​​ရေးသားသည်​။
MSC No.173.

image

Photo my photo.

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency