အိမ်​​ထောင်​ပြုခြင်းဟူသည်​.....။

"အိမ်​​ထောင်​မှူဘုရားတည်​၊​ဆေးမင်​ရည်​စုပ်​ထိုးဤသုံးမျိုး
ဖျက်​၍မလွယ်​"ဟု​ရှေးလူကြီးများ​ပြောကြားထားခဲ့​လေ
သည်​။မှန်​​ပေသည်​။အိမ်​​ထောင်​တခုကိုလွယ်​လွယ်​နှင့်​မစဉ်းစားမဆင်​ခြင်​ဘဲတည်​​ဆောက်​မိပါကဖြစ်​လာသည့်​ဆိုးကျိုးများကား​ရှောင်​လွဲ၍မရနိုင်​​ပေ။ထိုသို့​တွေးမိ​သော်
လည်းပဲစာ​ရေးသူသည်​​တွေ့အကြုံများလွန်းသူမဟုတ်
ပါ​ချေ။
ယခုအချိန်​ထိမစွံနိုင်​​သေး​သောအပျိုကြီးတစ်​​ယောက်​ပင်
ဖြစ်​​လေသည်​။သို့​သော်​လည်းပဲမိမိ​ဆွေမျိုးအသိုင်းအဝိုင်း မိမိပတ်​ဝန်းကျင်​​တွင်​​တွေ့ရှိ​နေ​သောအ​ကြောင်းအချက်​များကိုဆက်​စပ်​၍ဤအ​ကြောင်းအရာနှင့်​ပတ်​သတ်​၍
စာ​ရေးသူ​တွေးမိသမျှ​လေးအား​ရေးသားချင်​စိတ်​ဖြစ်​လာ
ခဲ့မိသည်​။
မိန်းက​လေးနှင့်​​ယောက်ျား​လေးတို့အိမ်​​ထောင်​ပြုကြ
ရပြီဆိုလျှင်​အ​ရေးအကြီးဆုံးအချက်​သည်​​မေတ္တာတရား၊
နားလည်​မှူနှင့်​ရဲ​ဘော်​ရဲဘက်​စိတ်​သည်​အ​ရေးကြီးဆုံးဟု
ထင်​မြင်​မိသည်​။
နားလည်​မှူသည်​အိမ်​​ထောင်​တခုတည်​​ဆောက်​ရာ၌
အ​ရေးကြီးဆုံးဖြစ်​သည်​ဟုထင်​မြင်​မိသည်​။စာ​ရေးသူ၏
အစ်​မတဝမ်းကွဲ၏အိမ်​​ထောင်​​ရေးအ​ခြေအ​နေအား
မျက်​မြင်​​တွေ့ကြုံမှူကိုမူတည်​၍သုံးသပ်​မိခြင်းဖြစ်​သည်​။
စာ​ရေးသူ၏ခဲအိုသည်​စာ​ရေးသူအစ်​မနှင့်​အိမ်​​ထောင်​ကျချိန်​မှစ၍အိမ်​စရိတ်​အားလုံ​လောက်​စွာ​ပေးခြင်းမရှိ
ခဲ့​ပေ။တိုင်းထွာ၍​ပေးခဲ့သည်​။ဝင်​​ငွေမ​ကောင်း၍တိုင်းထွာ​ပေးခြင်းမျိုးမဟုတ်​​၍အစ်​မအတွက်​မခံချင်​စိတ်​ဖြင့်
စိတ်​မ​ကောင်းဖြစ်​မိ​သော်​လည်းသူတပါးအိမ်​​ထောင်​​ရေး
ကိစ္စဝင်​စွက်​ဖက်​ခြင်းမျိုးမပြုလုပ်​လို၍မည်​သို့မျှဝင်​​ပြောခြင်းမရှိခဲ့​ပေ။
စာ​ရေးသူသည်​အစ်​မတို့၏အိမ်​​ထောင်​​ရေးကိုကြည့်​၍
အ​တော်​အတန်​စိတ်​ပျက်​မိပါသည်​။အစ်​မသည်​တအိမ်
လုံး၏စားဝတ်​​နေ​ရေးအတွက်​သူမ၏အလှပြင်​၊ဆံပင်​ညှပ်​သည့်​အလုပ်​သာမကအိမ်​​ခေါင်​မိုးမိုးယိုသည်​မှအစ
မိန်းမသားတန်​မဲ့ကိုယ်​တိုင်​လုပ်​​နေသည်​ကို​တွေ့မြင်​မိ
ပါသည်​။
တခါတရံ၌စာ​ရေးသူလည်းအစ်​မအား"ကိုယ့်​စရိတ်​ကိုယ်​စားပြီးသ​ဘောထားကြီးကြီး​ပေါင်း​နေသည်​"ဟုအ​ငေါ့
တူးမိသည်​။တခြားသူများသည်​လည်း အစ်​မ၏
အိမ်​​ထောင်​​ရေးအားကြည့်​ရသည်​မှာမျက်​စိထဲကိုးလို့ကန့်
လန့်​ဖြစ်​​နေ​ပေသည်​။
ထို့​ကြောင့်​လည်းသင်​ခန်းစာယူမှူများလွန်း၍စာ​ရေးသူ
ယခုအချိန်​ထိပင်​အိမ်​​ထောင်​မပြုအပျိုကြီးဖြစ်​​နေခြင်းဖြစ်​နိုင်​​ပေသည်​။စာ​ရေးသူတို့ပတ်​ဝန်းကျင်​၌လင်​မယားများ
ရန်​ဖြစ်​ကြလျှင်​​ယောက်ျားကမိန်းမအားရိုက်​နှိက်​ဆက်​ဆံ
သည်​ကို​တွေ့ရ​သောအခါပို၍ပင်​အိမ်​​​ထောင်​ပြုမှားလျှင်
တသက်​လုံးပြင်​မရ​သောအမှားတခုဟုယူဆကာအလွန်​အမင်း​စိုးရွံ့မိသည်​။
ထို့အပြင်​စိတ်​သ​ဘောထားခြင်းတိုက်​ဆိုင်​မှူမရှိ၍ကွာရှင်း​ကြ​သောအိမ်​​ထောင်​​ရေးမျိုးကို​တွေ့မိ​သောအခါတွင်​အနှီ
လင်​မယား​ကြောင့်​လူ့​လောကသို့သွပ်​သွင်းခြင်းခံရ​သော
က​လေးငယ်​တို့အားလွန်​စွာသနားစိတ်​ဖြစ်​​ပေါ်မိသည်​။
ထိုသူတို့၏ပ​ယောဂ​ကြောင့်​၎င်းတို့၏သားသမီးများ
လူ့ပြည်​လူ့ဌာနသို့​ရောက်​ရှိလာကြသည်​။၎င်းတို့​ကြောင့်​ပင်​သားသမီးများမိဘစုံလင်​စွာမရှိ​သောအကျိုးဆက်​ကို
ခံစားကြရ​ပေမည်​။
ထို့​ကြောင့်​အိမ်​​ထောင်​ပြုမိကြ​သောအကြင်​အမျိုး​ကောင်း
အမျိုးသမီးများသည်​တစ်​​ယောက်​နှင့်​တစ်​​ယောက်​ညှိနှိုင်း
၍မိမိတို့​ပ​ယောဂ​ကြောင့်​လူ့​လောကသို့​ရောက်​ရှိလာ
ရ​သောသားသမီးများအားစိတ်​ဒဏ်​ရာဗလဗွဖြင့်​မိတကွဲ
ဖတကွဲဘဝမ​ရောက်​ရှိ​စေရန်​ထိန်းသိမ်းသင့်​လှ​ပေသည်​။
ဖခင်​သည်​လည်းဖခင်​တာဝန်​​ကျေပွန်​​စေရန်​မိသားစုအား
ပြည့်​စုံလုံ​လောက်​စွာထားနိုင်​ရန်​ကြိုးစားသင့်​​ပေသည်​။ထို့ပြင်​မိမိထိမ်းမြားလက်​ထပ်​ထား​သောသူတပါး၏သမီး
ပျိုအားမထီမဲ့ခြင်းကင်းစွာအိမ်​သူသက်​ထားအခွင့်​အာဏာ
အပြည့်​အဝ​ပေး၍ချီး​မြောက်​သင့်​လှ​ပေသည်​။ထိုသို့မဟုတ်​ဘဲမိမိ၏လက်​ခုပ်​ထဲက​ရေဖြစ်​ပြီဟူ​သော
အ​တွေးဖြင့်​မိမိထားရာ​နေ​စေရာသွား၊​ပေးသ​လောက်​ယူဟူ​သောစိတ်​သ​ဘောဖြင့်​ပြုမူဆက်​ဆံလျှင်​၎င်းတို့၏
အိမ်​​ထောင်​​ရေးသည်​ရည်​ရှည်​တည်​တံ့ခိုင်​မြဲရန်​မလွယ်​ကူလှ​ချေ။
ထို့အတူအိမ်​သူသက်​ထားသည်​လည်းမိမိ၏ချစ်​သူ
သက်​လျာလင်​​ယောက်ျားအားမယားဝတ္တရား​ကျေပွန်
စွာပြုမူ​ဆောင်​ရွက်​သင့်​လှ​ပေသည်​။ထို့အပြင်​မိမိတို့၏
သားသမီးများ၏​ရှေ့တွင်​မိမိ၏လင်​​ယောက်ျားအားမ​ထီမဲ့
မြင်​ပြုလုပ်​ခြင်းအား​ရှောင်​ကြဉ်​သင့်​လှ​ပေသည်​။
ထို့အပြင်​လင်​​ယောက်ျားမှလည်းမိမိ၏ချစ်​သူသက်​လျာဇနီးမယားအားမိမိ၏သားသမီးများ​ရှေ့​တွင်
ဆူပူ​အော်​​ငေါက်​ခြင်း၊ရိုက်​နှက်​ခြင်းမပြုလုပ်​သင့်​​ပေ။
စာ​ရေးသူသည်​​ယောက်ျားရင့်​မာကြီးများဖြစ်​လင့်​ကစား
အားနွဲ့သူမိန်းက​လေးအားလက်​ပါသည်​မြင်​လျှင်
ထို​ယောက်ျားအားစိတ်​ထဲ၌အလွန်​စက်​ဆုပ်​မုန်းတီး
ပြစ်​တင်​ရှူံ့ချမိသည်​။
ထိုကဲ့သို့​သောအိမ်​​ထောင်​ရှင်​များအားမြင်​လျှင်​၎င်းတို့၏
သားသမီးများအားသနားဂရုဏာပို၍သက်​မိသည်။ငယ်​ရွယ်​နုနယ်​​သောလူပမယ်​က​လေးများ၏စိတ်​၌ဒဏ်​ရာဗလဗွစွဲထင်​​​ပေ​တော့မည်​ဟူ​သောအ​တွေးမျိုးဖြစ်​​ပေါ်မိ
သည်​။
ထို့​ကြောင့်​အချိန်​ဟူ​သောယန္တရားကြီး​ရွေ့လျား၍ဘိုး​​ဘွားဘီဘင်​လက်​ထက်​မှယခု​ခေတ်​တို့​ရောက်​သည့်
တိုင်​အိမ်​​ထောင်​ပြုခြင်းအမှူသည်​လွယ်​လွယ်​ဖြင့်​မစဉ်း
စားမဆင်​ခြင်​ဘဲလုပ်​သင့်​သည့်​အမှူကိစ္စမဟုတ်​​ချေ။
အစမှားလျှင်​​နောင်​ပြင်​ရန်​ခက်​ခဲလှသည့်​အမှူပင်​၍
အမှားမရှိ​စေရန်​ဆင်​ခြင်​သုံးသပ်​ကြ​စေချင်​ပါ​ကြောင်း
အပျိုကြီးပီပီပစိပစပ်​များ၍ပြစ်​ပြစ်​နှစ်​နှစ်​​ဝေဖန်​သုံး
သပ်​၍တင်​ပြရင်းနိဂုံးချုပ်​လိုက်​ပါ​တော့သည်​။

စိတ်​ထဲရှိသမျှချ​ရေးမိ၍အမှားအယွင်းတစုံတရာရှိခဲ့လျှင်
လည်းစာ​ရေးသူ၏အ​တွေးသက်​သက်​သာဖြစ်​၍​ဗွေမယူ
ခွင့်​လွှတ်​ပါရန်​ဖြင့်​....။
အိအိခိုင်​​ရေးသားသည်​။
MSC No.173.

image
Credited image from www.pixabay.com

H2
H3
H4
3 columns
2 columns
1 column
33 Comments
Ecency