This content was deleted by the author. You can see it from Blockchain History logs.

နိုက်စ်အသင်းနည်းပြဖြစ်လာနိုင်တဲ့ဗီအဲရာ၊

image

နိုက်စ်အသင်းနည်းပြဖြစ်လာနိုင်တဲ့ဗီအဲရာ၊
အလ...
နွေရာသီအပြောင်းအရွှေ့ကာလကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိချိန်မှာ ထွက်ပေါ်လျက်ရှိတဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးလိုက်ရပါတယ်။ နိုက်စ်အသင်းနည်းပြဖြစ်လာနိုင်တဲ့ဗီအဲရာ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဗီအဲရာဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းရဲ့ နည်းပြဖြစ်လာနိုင်ကြောင်း The Times ကဖော်ပြပါတယ်။ ဗီအဲရာဟာ လက်ရှိချိန်မှာ မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး ယခင်ကလည်း...
နွေရာသီအပြောင်းအရွှေ့ကာလကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိချိန်မှာ ထွက်ပေါ်လျက်ရှိတဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

နိုက်စ်အသင်းနည်းပြဖြစ်လာနိုင်တဲ့ဗီအဲရာ

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဗီအဲရာဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းရဲ့ နည်းပြဖြစ်လာနိုင်ကြောင်း The Times ကဖော်ပြပါတယ်။

ဗီအဲရာဟာ လက်ရှိချိန်မှာ မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး ယခင်ကလည်း အာဆင်ဝင်းဂါးနေရာဆက်ခံဖို့ ရေပန်းစားခဲ့သူဖြစ်ပါတယ်။

ဗီအဲရာဟာ ၂၀၁၃ ကနေ ၂၀၁၅အထိ မန်းစီးတီး လူငယ်အသင်းကို နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဘူး ပါတယ်။

ဗီအဲရာဟာ နယူးယောက်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်မှာ ရာသီကုန် အဆင့် (၄)နေရာ ရပ်တည်နိုင် အောင် စွမ်းဆောင်ပေးခဲ့သလို ၂၀၁၇ ခုနှစ်မှာလည်း ဒုတိယနေရာ ရပ်တည်စေခဲ့ပါတယ်။

အလီဆင်ကိုလီဗာပူးလ်မှာကစားဖို့တိုက်တွန်းလိုက်တဲ့ဖာမီနို

၂၀၁၇-၁၈ ဘောလုံးရာသီအတွင်း လီဗာပူးလ်ဂိုးသမားတွေဖြစ်တဲ့ ကားရီးယက်စ်နဲ့ မစ်ဂ်နိုလက် တို့ လက်စွမ်းမတည်ငြိမ်မှုတွေရှိနေတာကြောင့် ဂိုးသမားနေရာကိုဖြည့်တင်းဖို့အတွက် စဉ်းစားနေကြပါပြီ။

ဂျာဂန်ကလော့ပ်ဟာ အလီဆင်ကိုခေါ်ယူဖို့ ကနဦးဆွေးနွေးမှုတွေမှုတွေပြုလုပ်ခဲ့သလို ဖာမီနိုကလည်း လာရောက်ကစားဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြပါတယ်။

ဖာမီနိုက ပြောကြားရာမှာ - “ ကျွန်တော်သူ့အေးဂျင့်နဲ့တွေ့တိုင်း လီဗာပူးလ်မှာ ကျွန်တော်တို့နဲ့ လာကစားဖို့ ပြောပါတယ်။ သူလီဗာပူးလ်ကိုလာရင် ဘာမှ နစ်နာစရာမရှိပါဘူး။ ” လို့ ဆိုပါတယ်။

အလီဆင်ကို ရီးယဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးစားနေပြီး လီဗာပူးလ်အသင်းကတော့ ပေါင်သန်း (၈၀)နဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

လမ်မီနာနဲ့ကိုဗာဆစ်ကိုပစ်မှတ်ထားတဲ့ဂွါဒီယိုလာ

နည်းပြဂွါဒီယိုလာဟာ နာပိုလီကစားသမားဂျော်ဂင်ဟိုကိုခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့နောက် ဆောက်သင်မ်တန်ကစားသမား လမ်မီနာ နဲ့ ရီးယဲလ်မက်ဒရစ်ကစားသမား မာတီယိုကိုဗာဆစ် တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

မန်းစီးတီးအသင်းဟာဂျော်ဂင်ဟိုကို အလိုရှိပေမယ့် နာပိုလီအသင်းကလည်း သူတို့ ကစားသမားကို မြင့်မားတဲ့ ကြေးတစ်ခုမရရင် ထွက်ခွာခွင့်မပြုနိုင်ပါဘူး။

Sky Sources ရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာဟာ ဂျော်ဂင်ဟိုအစား လမ်မီနာ (သို့) ကိုဗာဆစ် ကို အရခေါ်မှာဖြစ်ကြောင်းဆိုပါတယ်။

မန်းစီးတီးအသင်းဟာာသူတို့ရဲ့ ကွင်းလယ်ပိုင်းကို ဖြည့်တင်းဖို့ စီစဉ်နေတာဖြစ်ပြီး အဆိုပါကစား သမားနှစ်ဦးဟာ သူတို့ဘတ်ဂျတ်အရလည်း အဆင်ပြေပါတယ်။

ဘာစီလိုနာအသင်းမှကမ်းလှမ်းတဲ့သတင်းတွေကိုငြင်းဆိုလိုက်တဲ့ဆာလက်ရဲ့အေးဂျင့်

ဆာလက်ရဲ့အေးဂျင့် ရမ်ဘီအဘက်စ်က သူ့ကစားသမားကို ဘာစီလိုနာအသင်းက ကမ်းလှမ်းတယ် ဆိုတဲ့သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။

AS သတင်းစာမှာ ဘာစီလိုနာအသင်းက ဆာလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့ပေမယ့် အေးဂျင့်ဖြစ်သူက အလျင်အမြန်ပြန်လည်ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ဆာလက်ရဲ့အေးဂျင့်က ဒီကိစ္စဟာ လုံးဝမဟုတ်ကြောင်း တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆာလက်ရဲ့ ကောလဟာလသတင်းတွေဟာ အမျိုးမျိုးထွက်ပေါ်နေပြီး ရီးယဲလ်မက်ဒရစ်အသင်းက လည်း စိတ်ဝင်စားနေတဲ့သတင်းတွေ ရှိနေပါတယ်။

This never happened. @English_AS you need better sources. https://t.co/Y4OpwkoNYV

— Ramy Abbas Issa (@RamyCol) June 6, 2018
ဇာဟာအပေါ်စိတ်ဝင်စားမှုတွေအဆုံးသတ်လိုက်တဲ့စပါးစ်

ခရစ်စတယ်ပဲလေ့စ်အသင်း တောင်ပံကစားသမား ဇာဟာရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၇၀) သတ်မှတ်လိုက်တာကြောင့် စပါးစ်အသင်းဟာ သူတို့ရဲ့ စိတ်ဝင်စားမှုကို အဆုံးသတ်လိုက်ပါပြီ။

ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ ဇာဟာကိုခေါ်ယူဖို့ စပါးစ်အသင်းဟာ အရင်တည်းက ပစ်မှတ်ထား နေခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးမှုတချို့ရှိခဲ့ပေမယ့် လက်ရှိချိန်မှာ ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။

ဇာဟာ ဟာ လက်ရှိ ခရစ်စတယ်ပဲလေ့စ်အသင်းမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် (၁)သိန်း (၁) သောင်း ရလိုတာလည်းဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ စပါးစ်အသင်းဟာ ဇာဟာကို အားလျှော့ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်း ကစားသမား မာရှယ်ဘက်ကိုခြေဦးလှည့်ခဲ့ပါတယ်