Pregathering and Donation of MSC

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
9,3,2018 နေ့က မန္တလေး စိတ်ကျန်းမာရေး ဆေးရုံသို့
ရောက်ရှိခဲ့ပါတယ်။ အကြောင်းမှာ
Myanmar Steemit Community အနေဖြင့်
စိတ်ကျန်းမာရေး ဆေးရုံရှိ မကျန်းမာသူများကို နေ့လည်စာ
အလှူ လုပ်ဖို့ရန် ဖြစ်ပါတယ်။
ကျွန်တော့်အနေဖြင့် MSC အဖွဲ့ဝင် ဖြစ်နေသည်မှာ
နှစ်လကျော်ခန့် ရှိ ပြီ ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ
MSC အဖွဲ့တော်သားများ အနေဖြင့် အလှူဒါန၊ ပရဟိတ
လုပ်ခဲ့သည်မှာ သုံးလေးကြိမ်မျှ ရှိပါပြီ။ မိမိအနေဖြင့်လည်း
ပါဝင်ခွင့်ရ၍ ဝမ်းသာပီတိ ဖြစ်မိပါသည်။
MSC ဖြင့် ပူးပေါင်း၍ Steemit ပေါ်တွင် စာရေးသားခြင်း
ဖြင့် Online Earning လုပ်ရာတွင် မိမိအတွက်
လက်တလော အကျိုးခံစားခွင့်များ အသုံးမပြုရသေးသော်လည်း
ယခုကဲ့သို့ အလှူဒါန၊ ပရဟိတ လုပ်ဆောင်ရသည်မှ
ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောအကျိုးကို ရစေပါတယ်။
သို့ဖြစ်၍ မိမိတို့ MSC အဖွဲ့ဝင်များ ကုသိုလ်ပြုခဲ့သော
မှတ်တမ်းတင် ဓာတ်ပုံအချို့ကို တင်ပြလိုက်ပါသည်။
မလိုက်ပါနိုင်ခဲ့သော မိတ်ဆွေများအနေဖြင့်လည်း ဓာတ်ပုံများ
ကိုသာ ကြည့်၍ ကုသိုလ်ပွားကာ ပီတိဖြာတော်မူကြပါလေကုန်။
ယခု အလှူအတန်းပြုလုပ်ရာတွင် ထူးခြားသည်မှာ
MSC ၏ ခေါင်းဆောင် ကိုဟင်နရီအောင် နှင့် Admin
အဖွဲ့များလည်း အတူတကွ တွေ့ရှိရခြင်းပင် ဖြစ်ပေသည်။
image
စိတ်ကျန်းမာရေး နှင့် မူးယစ်ဆေးစွဲကုသဆေးရုံ အဝင်ဝတွင် အမှတ်တရ

image
အလှူရှင် ကိုဟင်နရီအောင် စိတ္တဇ လူနာများအား ဒံပေါက် ဝေခဲ့ ပြီး
ပြန်ထွက်လာစဉ်

image
စိတ္တဇ ဆေးရုံအဝဘေး ယနေ့အာဟာရ အလှူရှင် ရေးသားထားသော
White board ဘေး အဖွဲ့ဝင်အချို့ အမှတ်တရ

image
အလှူလုပ် ပြီး အပြန် 12 Pan Nar စားသောက်ဆိုင်တွင်
နေ့လည်စာ စားသုံးရင်း MSC အနာဂတ်အတွက် တိုင်ပင်ဆွေးနွေး ပြီး
အမှတ်တရ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။

image
ထို့နောက် မန္တလေး မြို့သို့ ပြန်လာခဲ့ပြီး ညဦးပိုင်းတွင်
မန္တလေး တောင်ပေါ်သို့ တတ်ကာ လေညှင်းခံရင်း စကားစမြည်ပြောကာ
မိတ်ဆွေအချို့နှင့် လမ်းခွဲခဲ့ကြပြီး တွေ့ဆုံမှုလေးများကို အဆုံးသတ်ခဲ့ပါတယ်။

လေးစားစွာဖြင့်...
@billionairehein

ယခု post အား ထိုနေ့ ပြီးဆုံးချိန်တွင် တင်ရမည်ဖြစ်သော်လည်း
အကြောင်း အချို့ကြောင့် နောက်ကျခဲ့သည်ကို ခွင့်လွှတ်တော်မူကြပါကုန်။

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency