သည်းခံနိုင်လွန်းသောမတ္တရာဆရာတော်သီတင်းသုးံခဲ့သောကျောင်း
မတ္တရာဆရာတော်၏သည်းခံနိုင်သောအကြောင်းကိုကြားဖူးကြမှာပါ။မင်းတုန်းမင်းတရားကြီးကတောင်အထောက်တော်တွေလွှတ်ပြီးဆရာတော်ဘုရားဘယ်လောက်သည်းခံနိုင်သလဲဆိုတာစုံစမ့်းခဲ့ကြောင်းကိုလူကြီးသူမများပြောစကားဖြင့်သိခဲ့ရပါတယ်။
ဆရာတော်ဘုရား၏ခြေထောက်ကဆတ်ခနဲ့ဆက်ခနဲ့လှုပ်သွာတာနဲ့ဝတ်ဖြည့်တဲ့ဦးပဉ္ဇတွေကကြည့်တောခြေသလုးံမှာအနာကြီးကလောက်တွေတဖွားဖွားမြင်တဲ့အခါရှင်းမယ်လုပ်တော့ဆရာတော်က"မောင်ပဉ္ဇင်းတို့ သူတို့ အိုးအိမ်တည်နေတာကိုမဖျက်ဆီးကြနဲ့သူတို့ ဒုက္ခဖြစ်ပါလိမ့်မယ်သည်းခံကြပါလို့ မိန့်သတဲ့။အဲဒီအနာကြောင့်ဆရာတော်ဘုရာပျံ လွန်တော်မူခဲ့သည်ဟုသိခဲ့ရပါတယ်။
image
image
ဆရာတော်ဘုရားသီတင်းသုးံခဲ့သည့်ကျောင်းကိုကျွန်မခပ်ငယ်ငယ်ကပထမဆုးံရောက်ခဲ့ဖူးတယ်။ကျွန်မတို့ မိသားစု၏မိတ်ဆွေတစ်ယောက်ကထိုကျောင်းမှာရဟန်းဝတ်ရာအိမ်ကိုဆွမ်းခံကြွရင်းကျောင်တွင်ရှေးလက်ရာရုပ်ပွားတော်ကြီးရှိတယ်လာဖူးလှည့်ပါခေါ်တာနဲ့တစ်ရက်မှာအမေနှင့်ကျွန်မဘုရားပန်းများဝယ်ပြီးသွားခဲ့ကြတယ်ကျောင်းရောက်တော့ကျောင်းပေါ်တက်ရာရှေးသစ်သားကျောင်းကြီးမှာတိုင်လုးံကြီးများယိုင်နေပြီးကြမ်းခင်းများကလည်းလမ်းလျှောက်လိုက်တိုင်းတကြွီ ကြွီမြည်းနေတဲ့အတွက်အသာလေးဖော့လျှောက်ခဲ့ရတယ်။ဘုရားကန်တော့ပြီးဘုရားပန်းများလဲလှယ်ဆက်ကပ်လှူ ဒါန်းခဲ့ပြီပြန်လာခဲ့ကြတယ်။အဲ့အချိန်တုန်းကမတ္တရာဆရာတော်သီတင်းသုးံခဲ့တဲ့ကျောင်းဆိုတာမသိခဲ့ပါ။နောက်ပိုင်းမှသိရပါတယ်။ကျောင်းတွင်ကျောင်းထိုင်ဆရာတော် ကျွန်မတို့ အသိမိတ်ဆွေဦးဇင်းကြီးနှင့်ကိုယ်ရင်လေးနှစ်ပါးပဲရှိပါတယ်။ကျောင်းကမြိုအစွန်ဘက်ဖြစ်တဲ့တွက်သွားလာသူလည်းနည်းပါးသောကြောင့်နောက်ထပ်မရောက်ဖြစ်ခဲ့ပါ။မတ္တရာဆရာတော်ကြီးသီတင်းသုံးခဲ့သောကျောင်းသည်တိုက်ကြီးကျောင်းဟုခေါ်ဆိုကြပါတယ်။ယခုတော့ကံသာဦးကျောင်းဟုခေါ်ပြီးစာသင်တိုက်ကြီးဖြစ်နေပါပြီ။
image
ကျွန်မသူငယ်ချင်းတစ်ယောက်နှင့်ဆုံမိပြီးကံသာဦးကျောင်းကိုသွာချ င်တာပြောတာနဲ့သူကံထပ်ထားတဲ့ဦးဇင်းကျောင်းမှာရှိတယ်လိုက်ပို့ မယ်ဆိုပြီးသွားခဲ့ကြတယ်။ကျောင်းကြီးကိုကွန်ကရစ်များနှင့်ပြု ပြင်မတ်ထားသည်ကိုတွေ့ခဲ့ရပါတယ်။
မတ္တရာဆရာတော်သီတင်းသုးံခဲ့သောကျောင်းသည်မတ္တရာမြို့အမှတ်(၂)နယ်မြေ ရန်ကင်းရပ်ကွက်တွင်ယခုတိုင်တည်ရှိနေပါတယ်မိတ်ဆွေများလာရောက်ဖူးမျော် လေ့လာနိုင်ပါကြောင်းရေးသားလိုက်ပါတယ်။
photo by @AyeAyeThaw
Author @AyeAyeThaw
H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency