တောရကျောင်းမှအပြန်ဟန်လင်းမြို့ဟောင်းသို့ 

ကျွန်မတို့ အဖွဲ့သည်တောရကျောင်းမှဟန်လင်းမြို့ဟောင်းသို့ ဆက်သွားခဲ့တယ်။ဟန်လင်းမြို့ဟောင်းတွင်ရေပူစမ်းရှိရာကိုအရင်သွားကြတယ်ရေပူစမ်းတွင်းငယ်သုးံတွင်းနှင့်အမျိုးသား/အမျိုးသမီးရေချိုးကန်တို့ ကိုတွေ့ ရတယ်ရေတွင်းမှရေကိုစမ်းကြည့်ရာတော်တော်လေးပူတယ်ကျွန်မတို့ တစ်တွေလည်းရေပူတွင်းမှရေကိုခပ်ယူပြီးထိုရေနှင့်လက်များတွင်စုပ်နယ်ခြင်းများပြုလုပ်ခဲ့ကြတယ် image

ကုန်အမှတ်၁၇ရှိရာနေရာ

image
ရေပူတွင်းငယ်

image
ရေပူစမ်းကန်

ရေပူစမ်းမှရေသည်အညောင်းအကိုက်ပြေသည်ဟုကြားဖူးတယ်ရေပူစမ်းမှပြတိုက်သို့ ဆက်သွားကြတယ်ပြတိုက်တွင်တူးဖော်ရှိသောအရိုးအိုးများမြေအိုးများပုံဖော်ထားသောအုတ်ချပ်များ ရွှေထည်ပစ္စည်းများ နှင့်ရှေးသံမှို လက်နက်များကိုပြသထားပါတယ်။

image

ပြတိုက်တွင်ကုန်းတွင်းဆားချ က်လုပ်ငန်းအဆင့်ဆင့်ပြုလုပ်ပုံကိုလည်းပြသထားတာတွေ့ရတယ်။ပြတိုက်တွင်ရှိသောဟန်လင်းပျုရှေးမြို့ဟောင်းသုသေသနမြေပုံကိုကြည့်ပြီးသွားချင်သည့်နေရာကိုပြတိုက်တာဝန်ခံအားမေးပြီးနန်းမြို့ဟောင်းနှင့်ဆားထုတ်သောဆားကွင်းကိုအချိန်မရတော့သဖြင့်မသွားတော့ဘဲထင်ရှားသည့်ကုန်းအမှတ်၂၆သ င်္ချိုင်းဂူနေရာနှင့်ကုန်းအမှတ်၁၇မြို့ဝင်ပေါက်ကိုပဲဝင်ရောက်ခဲ့တယ်။ကုန်းအမှတ်၁၇တွင် ကမ္ဘာ့ အမွေအနှစ်ဖြစ်ကြောင်းကမ္ပည်းရေးထိုးထားသည်ကိုတွေ့ရတယ်။၂၀၁၄ခုနှစ်ဇွန်လ(၂၂)ရက်နေ့ တွင်ပြုလုပ်သော(၃၈)ကြိမ်မြောက်ကမ္ဘာ့ အမွေအနှစ်ကော်မတီညီလာခံက ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသအဖြစ်သတ်မှတ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။
ကုန်းအမှတ်၁၇မြို့ဝင်ပေါက်ကိုဝင်ကြည့်ပြီးဟန်လင်းမှကျောက်မြောင်းဘက်ထွက်၍ရတနာသိင်္ခတံတားကိုဖြတ်ပြီးစဉ့် ကူးမြို့မှပတ်ပြီးပြန်ခဲ့ကြပါတယ်

image

photo by @AyeAyeThaw

Author @AyeAyeThaw

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency