ငါးမျှားခြင်း

လွန်​ခဲ့​သော ၄၊၅ရက်​ခန့်​က မိုးများ ဆက်​တိုက်​ရွာ​နေချိန်​က ငါးမျှားခဲ့သည့်​အ​ကြောင်း​လေး ​ရေးပါရ​စေ။
သူငယ်​ချင်းတစ်​စု မိုးများရွာ​နေ၍ လုပ်​ငန်းသွးရန်​မဖြစ်​နိုင်​​သောအခု လက်​ဖက်​ရည်​ဆိုင်​၌သာ ​ဟေးလားဝါးလားနှင့်​ အချိန်​ဖြုန်း​နေကြ​လေသည်​။
ရောက်​တတ်​ရာရာ စကားများ​ပြော​နေရင်းမှ
"ငါးသွားမျှားရ​အောင်​ကွာ"ဟု ​ဇော်​ထွန်းတစ်​​ယောက်​မှ စတင်​အ​ဖော်​ညှိ​လေသည်​။
" ငါးကဆွဲပါ့မလားဟ မိုးရွာလို့ ​ရေ​တွေ ဒီ​လောက့များ​နေတာ" ကျွန်ုပ်​လည်း ​စောဒကတက်​ ၍​မေးလိုက်​မိသည်​။
"ဟ မင်းနဲ့ အ စရာမရှိ ကြံဖန်​ အ ပါ့ကွာ။မိုးရွာလို့ ​ရေကြီး​တော့ ​မွှေးမြူ​ရေးကန်​​တွေ​ရေလျှံတယ်​လေကွာ။ရေလျှံ​တော့ ကန်​ထဲကေ​မွှးထားတဲ့ငါး​တွေ လွတ်​ကုန်​တာ​ပေါ့ဟ။ဒီအချိန်​မျှားရင်​ အဲ့​မွေးမြူး​ရေးကန်​က လွတ်​လာတဲ့ ငါးကြင်း​တွေဘာ​တွေ​တောင်​ရနိုင်​​သေးတယ်​"
ဇော်​ထွန်းရှင်းပြ​တော့လည်း ဟုတ်​သလိုလိုပင်​။
" ဖိုး​ဇော်​မင်း​ရောလိုက်​မှာလား"
"ငါလိုက်​​တော့လိုက်​မယ်​​လေ။ငါးမျှားရင်​ ချိတ်​မှာတီ​ကောင်​မတတ်​ရဲဘူး။မင်းတို့တတ်​​ပေး​လေ"
ဇော်​ထွန်းမှတတ်​​ပေးမည် ​ဟုဆိုကာ သုံး​ယောက်​သား ငါးမျှားရန်​ ငါးမျှားချိတ်​များယူကာ ကန်​လယ်​​ဘေးရှိ ​ချောင်းများစီသို့ ထွက်​ခွာလာကြ​လေသည်​။
ဤ​နေရာ၌ အကျိုး​ပေး၏မ​ပေး၏ကား စကား​ပြောလာ​ချေ​တော့သည်​။
အရင်​က ​ဇော်​ထွန်းတစ်​​ယောက်​တည်း ငါးမျှားလျှင်​ ငါးများအ​တော်​ပင်​ ရတန်​​လေသည်​။
ယခုအခါ ကျွန်​​တော်​နှင့်​ဖိုး​ဇော်​ပါလာ၍​လော၊ငါးတစ်​​ကောင်​ရ ရန်​ပင်​အ​တော်​​လေး​စောင့်​​နေရ​လေသည်​။ တခြားသူများလည်း မိမိတို့ကဲ့ပင်​ ငါးမျှား​နေကြသူများ အား​တွေ့ရ​လေ၏။ထိုသူတို့ကား အဆင်​​ပြေလှ​ပေသည်​။ငါးများပင်​ အ​တော်​အသင့်​ရ​နေ​လေသည်​။
မိမိတို့သာ အချိန်​​တော်​ကြာသည်​ထိ ငါးတစ်​​ကောင်​မျှပင်​ မရ​သေး​ပေ။ထိုသို့နှင့်​​နေ့လည်​ခင်း ထမင်းစားချိန်​သို့ပင်​​ရောက်​၍လာ​တော့သည်​။
" ထမင်းစားပြန်​လိုက်​ဦးမယ်​ကွာငါ​တော့"ဟု ကျွန်ုပ်​ဆို​တော့ ဖိုး​ဇော်​ပါ လိုက်​မည်​ဆို၍ နှစ်​ဦးသား ပြန်​လာကြ​လေသည်​။ဇော်​ထွန်းတစ်​​ယောက်​သာ ငါးမျှားရင်းကျန်​​နေခဲ့​လေသည်​။
ကျွန်ုပ်​တို့လည်း စား​သောက်​ပြီးစီး၍ ​ဇော်​ထွန်းသား သွား​ရောက်​​ခေါ်ကြရ​လေသည်​။
သူတစ်​​ယောက်​တည်းမျှာ​သောအခါမှသာလျှင်​ ငါးများပင်​ အ​တော်​ရရှိ​နေ​လေ​တော့သည်​။
အကုသိုလ်​ အကျိုး​ပေးသည်​ဟုပင်​ ဆိုရမည်​​လော။သူ​ပင်​ငါးများ အ​တော်​ရ​နေ​သောအခါ ကျွန်ုပ်​တို့လည်း အားတက်​၍ ဒုတိယအကြိမ်​ ထပ်​မံမျှားကြ​လေ​တော့သည်​။
သို့​သော်​ နာရီ၊မိနစ်​တို့သာ ကုန်​လွန်​၍သွား၏။ငါးကား တစ်​​ကောင်​တစ်​မြီးမှ မရ​ပေ။
ရေလှိုင်းရိုက်​၍​လောမသိ​ပေ။ငါးကြင်း​ပေါက်​တစ်​​ကောင်​သည်​ မူး​နေ၍ မိမိတို့အနားကမ်းစပ်​ထိကပ်​ကာ ဟို​ပြေးသည်​​ပြေးဖြစ်​​နေ​လေ​တော့သည်​။ငါးမျှား​နေသည်​မှာ တစ်​​ကောင်​မှ မရမည့်​အတူတူ ထိုငါးကြင်း​ပေါက်​အား ကျွန်ုပ်​နှင့်​ ဖိုး​ဇော်​တို့ ဆင်း၍ဖမ်းကြ​တော့သည်​။
တော်​​သေးသည်​ဟုဆိုရ​ပေမည်​။ကျွန်ုပ်​နှင့်​ ဖိုး​ဇော်​တို့ နှစ်​ဦး​ပေါင်းမှ ငါးကြင်း​ပေါက်​တစ်​​ကောင်​​တော့ရရှိခဲ့​သေး၏။
. image
Crd-org-source
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

H2
H3
H4
3 columns
2 columns
1 column
29 Comments
Ecency