ဘဝတဲ့လား (အပိုင်း၎)

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
အပိုင်း ၃ ဖတ်​ရှုရန်
ငစိုတစ်​​ယောက်​တစ်​ကယ်​ပင်​ သွား​ရောက်​လုပ်​ကိုင်​​တော့မည့်​ပုံပင်​။ယခု​ပြော​နေသည့်​ပုံကား စ​နောက်​၍​ပြော​နေသည့်​ပုံမျိုးလည်းမဟုတ်​​ပေ။
" ​​အေးပါကွာ လုပ်​တာလည်းလုပ်​​ပေါ့ ရွာလည်း မကြာခန ပြန်​လာ​ပေါ့ ငစိုရာ။မင်းလည်းသိတဲ့အတိုင်း ဒီရွာမှာ အ​ပေါင်းသင်းဆိုလို့ မင်းကိုသာအခင်​ဆုံးပါကွာ"
ဟုတ်​​တော့လည်းဟုတ်​​ပေသည်​။ကိုထွန်းလှကား ကိုစိုအ​ပေါ်၌ အ​တော်​ပင်​ အနွံနာခံ၍ပင်​ ​ပေါင်းသင်းလာသည့်​သူပင်​။ကိုစိုထက်​ အသက်​အနည်းငယ်​ကြီး၍လည်း ညီငယ်​တစ်​​ယောက်​ကဲ့သို့ ကိုစိုအား ဂရုစိုက်​တတ်​​သေး​ပေသည်​။
ဒါ​တွေကိုလည်းကိုစိုတစ်​​ယောက်​သိ​ပေသည်​။ကိုထွန်းလှနှင့်​ကိုစိုတို့ကား သူငယ်​ချင်းများထက်​ပင်​ပိုကာ ညီအကိုနှစ်​ဦးနှင့်​ပင်​ တူ၍​နေ​လေသည်​။
နှစ်​ဦးလုံးလူလွှတ်​များဖြစ်​ကြ၍ ​ပျော်​ပွဲရွှင်​ပွဲများသွားလာလျှင်​လည်း နှစ်​ဦးသား သွားလာတတ်​ကြသူများပင်​။
ကိုစိုကား​မောင်းအလုပ်​စတင်​လုပ်​ကိုင်​သည့်​​နေ့၌ပင်​ ​ဒေါ်မြမှ သုံးစရာရှိလျှင်​သုံးရန်​ဟုဆိုကာ ​ငွေသုံး​သောင်း ​လာ​ပေး​လေသည်​။
ကိုစိုလည်း လိုရမယ်​ရ ယူ၍ပင်​ထားလိုက်​​လေ၏။
တစ်​​နေကုန်​တစ်​​နေခန်း ကား​မောင်း၍ ဂို​ထောင်​အမျိုးမျိုး ကုန်​အမျိုးမျိုးတို့ ပို့​ဆောင်​​ပေးရ​လေသည်​။
ည​နေနား​နေချိန်​​ရောက်​မှာသာ မိမိ​နား​နေ​ဆောင်​အဖြစ်​ ဂို​ထောင်​အ​ပေါ်ထပ်​ခိုး​လေး၌ ​နေရာရ​လေသည်​။
နား​နေချိန်​များ၌မှု တစ်​​ယောက်​တည်းဖြစ်​၍ အထီးကျန်​သလိုမျိးခံစားရ​လေသည်​။
ကိုစိုတစ်​​ယောက်​ ရသမျှ​ငွေ​လေးများအား ခြစ်​ခြုပ်​စုကာ ထား​လေ၏။
ငွေစု၍သူ​ဋ္ဌေးမဖြစ်​နိုင်​​သော်​လည်း ထိုစုထားသည့်​​ငွေများဖြင့်​ အရင်းအနှီး လုပ်​၍ရသည်​မဟုတ်​​ပေ​လော။
. image
Crd-org-source
ကိုစိုအ​နေနှင့်​လည်း စု​ဆောင်း၍မခင်​​ပေ။စားစရိတ်​အားလုံးမှာ အလုပ်​ရှင်​မှ ကျခံ​ပေး​သောအခါ သူ့အတွက်​ အ​သေးစားအသုံးစရိတ်​​လေးများသာရှိ​နေသည်​။
ကိုစိုနှင့်​ မတင်​​မေတို့သည်​လည်း မကြာခနဆိုသလိုပင်​ အတူတွဲ၍ လုပ်​ကိုင်​လာ​သောအခါ တစ်​ဦး​ပေါ်တစ်​ဦး မသိမသာ သံ​ယောဇဉ်​ တွယ်​မိ​နေကြ​တော့သည်​။
တရားဝင်​ ချစ်​သူများမဖြစ်​ကြ​သေး​သော်​လည်း တစ်​ဦးနှင့်​တစ်​ဦး မျက်​လုံးချင်းဆုံ​လေတိုင်း သံ​ယောဇဉ်​ အရိပ်​တို့ကား ဖုံဖိထား၍မရနိုင်​​အောင်​ ​ပေါ်လွင်​​နေတတ်​​လေသည်​။
. image
(အပိုင်း ၅ ဆက်​၍ဖတ်​​ပေးပါရန်​)
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency