This content was deleted by the author. You can see it from Blockchain History logs.

ကျွန်မရဲ့ ထီးကလေး

image
မိုးကုန်ပြီ ဆိုပေမယ့် တစွေစွေ ဖြစ်နေတဲ့ ဒီမိုး က ကျွန်မတို့ အချစ်တွေကို ပို လွမ်းဆွေးစေပါတယ်
မိုးစက်တွေမြင်တိုင်း လွမ်းမိနေတုန်းပါပဲ
အိမ်ရှေ့လမ်းကို ကြည့်မိတော့ ကောင်မလေးနဲ့ကောင်လေး ထီးတစ်ချောင်းအတူ ဆောင်းပြီး လမ်းလျှောက်သွားတာတွေ့မိ တော့ ကျွန်မရဲ့ အတွေးတွေက ဟိုအတိတ်ဆီ လွှင့်မျှော ♥♥♥
image
တချိန်က ကျွန်မလဲ ထီးတချောင်းကို နှစ်ယောက်အတူဆောင်းဖူးခဲ့တယ်လေ
တချိန်က ကျွန်မလဲ မျက်နှာချင်းဆိုင် စကားတွေပြောရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မဝ ဖြစ်ဖူးတယ်လေ
တချိန်က ကျွန်မလဲ အနာဂါတ်ဘဝတွေ အတူလျှောက်လှမ်းဖို့ တိုင်ပင်ခဲ့ဖူးတယ်လေ
တချိန်က ကျွန်မလဲ ချစ်တဲ့သူရဲ့ ဂစ်တာသံကို နားထောင်ရင်း အိပ်စက်ခဲ့ဖူးတယ်
တချိန်က ကျွန်မလဲ ချစ်တဲ့သူရဲ့ အပြောတွေမှာ ပျော်ဝင်ခဲ့ဖူးတယ်လေ
image
အော် အတိတ်ဖြစ်ခဲ့ပြီလား !!!!!
ကျွန်မရဲ့အနာဂါတ်ကတော့ ခုထိ ရှိတုန်းပါ
ကျွန်မနားထဲမှာသူရဲ့ပျားရည်လူးစကားသံတွေ ခုထိ ကြားနေတုန်းပါ
ကျွန်မရဲ့အချစ်တွေလဲ ခုထိ ရှိတုန်းပါ
ကျွန်မရဲ့မိုးကောင်းကင်ကမိုးရေစက်တွေလဲခုထိ ရှိတုန်းပါ
ကျွန်မရဲ့ထီးကလေးလဲ ခုထိ ရှိတုန်းပါ
image
သို့သော် !!!!!
ကျွန်မရဲ့ ချစ်သူ ကတော့ 😢😢😢😢
Photo credit to facebook