One Steem ရအောင်ယူမလား?

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


cxzqgsjj5r.png


တစ်နေ့က ကိုဟိန်းရောက်လာတာနဲ့ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်း Steem အကြောင်းတွေပြော၊ Token တွေအကြောင်းပြောရင်းနဲ့ CAPTCHA Token အကြောင်း ကိုဟိန်းက ပြောသွားတယ်။ ပထမတော့ အမှတ်တမဲ့ပဲနေလိုက်ပါတယ်။ ကိုဟိန်းပြောသွားတာကလည်း ဘာမှလုပ်စရာ မလိုပဲ CAPTCHA လေးတွေကို တစ်ခါဖြည်ပေးရင် 1 CAPTCHAR Token ပေးတယ်ဆိုတာလောက်ပဲ မှတ်ထား လိုက်ပါတယ်။ Steem Engine ထဲကို လက်ဆောင်အနေနဲ့ CAPTCHA Token 0.1 ပို့ပေးထားတာ တွေ့ရပါတယ်။ သိပ်စိတ်မ၀င်စားမိပါဘူး။ နည်းတာကိုးဗျ။ မနေ့ကတော့ ပျင်းပျင်းရှိလာတာနဲ့ ကိုဟိန်းပြောသွားတာလေးကို စမ်းကြည့်အုံးမှပါဆိုပြီးတော့ CAPTCHA လေးတွေ ၀င်ဖြည်ကြည့်လိုက်တယ်။ အချိန်လည်းသိပ်မကြာတော့ အလုပ်လုပ်ရင်း CAPTCHA လေးတွေ ဖြည်နေလိုက်တယ်။ ဘယ်လောက်ဝင်သလဲမကြည့်ပဲ ပျင်းပျင်းနဲ့ ထိုင်နှိပ်နေလိုက်တာ 400 CAPTCHA ကျော်ရောက်သွားသဗျို့။ ဘယ်လောက်များ အလုပ်မရှိ အကိုင်မရှိဖြစ်နေလဲဆိုတာတွေးသာကြည့် ပေတော့။ ဒါနဲ့ ရပ်ထားလိုက်ပြီးတော့ CAPTCHA ဈေးဘယ်လောက်ရှိလဲ ကိုယ် ရထားတဲ့ CHPTCHA Token လေးတွေရော ၀င်ရဲ့လားဆိုတာ သိချင်တာနဲ့ Steem Engine ထဲဝင်ကြည့်လိုက်တယ်။ အဲ ဈေးကလည်း မဆိုးဘူးပေပဲ။ အောက်မှာကြည့်ကြပေတော့။ 400 CAPTCHA Token ဆိုရင် 1.2ှSteem ရတယ်ဆိုတော့ကာ နေ့တစ်ဝက်မကျိုးခင် 1 Steem ၀င်နိုင်တယ်ပေါ့။ ဆိုးဘူးဟ လို့ တွေးမိလို့ ဒီစာလေးတွေကို ရေးဖြစ်လိုက်တာပဲ ဖြစ်ပါတယ်။



3tdi4f1h3q.png


rjizf0mpf1.png


CAPTCHA Token လိုချင်တယ်ဆိုရင်တော့ နည်းနည်းလောက်အားစိုက်ပြီး ကြိုးစားကြည့်မယ်ဆိုရင် တစ်နေ့ CAPTCHA Token 1000 လောက်များရရင် 3 Steem လောက်ရနိုင်တယ်ဗျို့။ ဒီတော့ ကျွန်တော်ကဲ့သို့သော အားလပ်နေမယ်ဆိုရင် တနည်းအားဖြင့် အလုပ်မရှိ အကိုင်မရှိဖြစ်နေမယ်ဆိုရင်တော့ အားတိုင်း ၀င်နှိပ်နေရင် 1000 Token မရတောင် 500 Token လောက်ရမယ်ဆိုရင်လည်း မနည်းပေဘူးမဟုတ်လား။ အခြား Token တွေလိုလည်း တစ်ပတ်စောင့်နေစရာမှ မလိုပေပဲ Token မထားချင်တော့ရင် တစ်ခါတည်း Steem ပြောင်းယူ လိုက်ရင်လည်း အဆင်ပြေနေတာပဲမဟုတ်လား။ CAPTCHA ဘယ်လိုဖြည်ရတယ်ဆိုတာ အထွေအထူးပြောနေ စရာလိုမယ်မထင်ပါဘူး။ Online မှာဝင်ရောက်လုပ်ကိုင်နေသူတိုင်း I’m not robot. ဆိုတဲ့စာသားလေးနဲ့ လူဖြစ်ကြောင်း သက်သေပြရတာမဟုတ်လား။ လူဟုတ်တယ်ဆိုရင် ဖြေလို့ရမယ်ပေါ့လေ။ ဘာ Password မှ မလိုသလို ဘာ Confirm မှလည်း လုပ်စရာမရှိလေတော့ မြန်တာမှ ၀ှီးကနဲ ၀ှီးကနဲပါပဲ။ စမ်းသပ်ရေးကာလ ဖြစ်နေလေတော့ ဒီလိုပဲ လျှောက်စမ်းကြည့်နေရမှာပါပဲ။ စာရေး Post တင်လို့ 1 Steem ရဖို့မလွယ်သလို ရတယ်ပဲထားအုံးတော့။ အမြီးနှုတ် ခေါင်းနှုတ် လုပ်လိုက်တော့ 1 Steem အပြည့်မရတော့တာသေချာပါတယ်။ ခု CAPTCHA Token ကတော့ ဘယ်သူကမှ ၀င်မနှုတ်တော့ 1 Steem က 1 Steem အပြည့်ရမှာဖြစ်တဲ့ အတွက် စမ်းသပ်လိုသူ ချစ်မိတ်ဆွေများ နဲ့ စိတ်ဝင်စားလို့လုပ်ချင်သူများ အတွက် အကျိုးမျှော်ကာ နှိုးဆော် လိုက်ရပါကြောင်း ချစ်မိတ်ဆွေအပေါင်းတို့…


n5q1m4uftf.png


Token မြန်မြန်ရရန် အကြံပြုချက်

ဖုန်းနဲ့ပဲဖြစ်ဖြစ် ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ကွန်ပျူတာအသုံးပြုရင် ပိုပြီးမြန်ဆန်ပါတယ်။

CAPTCHA ကို ဘာရေးထားသလဲဆိုတာ သေချာပြူးပြဲကြည့်မနေပါနဲ့။

CAPTCHA ကိုဖြည်နေချိန်မှာ ကိုယ်ဘယ်လောက်ရနေလဲဆိုတာ အာရုံမစိုက်ပါနဲ့။

စာ နဲ့ ဂဏန်းတွေပါတဲ့ အကွက်လို့ ထင်တာမှန်သမျှကို နှိပ်ပါ။

ဒါဆိုရင် Token များများရနိုင်ပါလိမ့်မယ်။

Link လေးမေ့ကျန်ခဲ့လို့ ထပ်ထည့်ပေးလိုက်ပါတယ် https://captcha.steemwhales.com/?valid=true

အဲဒီလင့်ကိုနှိပ်ပြီးဝင်နိုင်ကြောင်းပါခင်ဗျ...

အဲနောက်ပြီးတော့ အရေးကြီးဆုံးက Chane User ကိုနှိပ်ပြီး ကိုယ့် User Name ပြောင်းဖို့ မမေ့ကြပါနဲ့


လူတိုင်း Token များများရနိုင်ကြပါစေ ...


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

1-8-2019 ကြာသပတေးနေ့(Thursday)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now