ဘာရေးရမလဲ ?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


What be write copy.png


စာတွေရေးလာခဲ့တာ (၂)ကျော်လို့ (၃)နှစ်နီးလာပြီဆိုတော့ ရေးတဲ့စာတွေလည်း အတူတွေ အထပ်တွေများကုန် ပြီထင်တယ်။ ကိုယ်အားသန်ရာတွေကို ရေးကြရတာဆိုတော့ကာ စာလုံးတွေထပ် အယူအဆတွေထပ်နဲ့ ပေမယ့်လို့ တတ်နိုင်ဘူးလေ။ တကယ့် စာရေးဆရာကြီးတွေတောင်မှ တစ်နေ့ တစ်ပုဒ် စာရေးဖို့ လွယ်ကူတာမှ မဟုတ်တာ။ ဒီမောင်တွေမှာသာ နေ့စဉ်စာရေးနိုင်ဖို့ ကြိုးစားနေကြတာမဟုတ်လား။ တစ်ခု မဟုတ် တစ်ခုတော့ ရအောင် ရေးတင်ဖို့ ကြိုးစားနေကြတာ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာပဲလေ။ အများစုကတော့ နေ့စဉ် ရေးတင်နိုင်ဖို့လုပ်နေကြတာ တွေ့နေရတာပဲ။ Game, Coin, Token, Market စတာတွေကို ရေးတင်နေကြရ တာပဲ။ Bitcoin ကသာ ပြန်ထိုးတက်လာပြီး ကျွန်တော်တို့ရဲ့ Steem က အောက်ဆုံးထိုးဆင်းနေတာကနေ အပေါ်ကို ပြန်မတက်လာနိုင်တော့ နောက်ထပ်စာရေးတင်ချင်တဲ့သူတွေ နည်းသွားတာ မပြစ်မဆိုသာဘူးပေါ့။ Steem တစ်ဒေါ်လာ ရတယ်ဆိုရင်တောင် အဲဒီ Post က အရှုံးပေါ်နေအုံးမယ်ထင်တယ်။ ခုချိန်မှာကလည်း Steem 1$ ရဖို့ကလည်း မသေချာ မရေရာတော့ Post မတင်ချင်ကြတာ အဆန်းမဟုတ်ပါဘူး။ စာရေးတယ် စာရေးတယ်နဲ့ တကယ်တော့ ဖြစ်ဖြစ်မြောက်မြောက်စာတွေရေးနိုင်ဖို့နေနေသာသာ နေ့စဉ် ပေါက်ကရရေး တင်ဖို့တောင် အလျင်မမီဖြစ်နေကြရတယ်။ တစ်နေ့ တစ်နေ့ ဘာရေးရမလဲ ဘာရေးရင်ကောင်းမလဲဆိုပြီး စဉ်းစားနေရတဲ့ အချိန်တွေကလည်း မနည်းမနောပဲမဟုတ်လား။ ဒါကို စာရေးတင်နေကြတဲ့သူတိုင်း သိကြပါတယ်။ အခုလည်း ဘာရေးရမလဲ ဆိုပြီး မနေ့ကတည်းက စဉ်းစားလာလိုက်တာ ခုချိန်ထိ ဘာရေးရမှန်းမသိသေးဘူးဗျို့။


What be write copy 1.png


ဘာရေးရမလဲဆိုတာကို စဉ်းစားကြည့်မိတော့ အခြားသူတွေလို Token, Coin, Market ဆိုတာတွေကို ဟုတ်တိ ပတ်တိဘာမှ မသိလေတော့ မရေးတတ်ပြန်ဘူး။ ဒီတော့ကာ ဈေးကွက်သုံးသပ်ချက်ရေးကြည့်ရအောင်က လည်း ပိုတောင်ဆိုးသွားသေးတယ်။ ဘာကြောင့် Bitcoin တွေက ဈေးတွေ ထိုးတက်နေပြီး ဘာ့ကြောင့် Steem တွေက ဈေးတွေမတက်လာနိုင်တာလည်း ဆိုတာ ဘယ်သိလိမ့်မတုံး။ တစ်နေ့ ဆာဟင်ရေးတဲ့ ပို့စ်ဖတ်တော့ နဲနဲတော့ နားလည်သလိုလို သိသလိုလိုနဲ့ဖြစ်ပြီး တကယ်တော့ ဘာမှန်းမသိပဲ လိုလို နဲ့ပဲ အဆုံးသတ်သွားရ တော့တာပါပဲ။ Steem ကိုအထောက်အပံ့ဖြစ်စေမယ့် Token တွေ သူ့အဖွဲ့နဲ့သူ ထုတ်လုပ်နေကြပေမယ့် တကယ်လက်တွေ့မှာတော့ Steem ကိုအထောက်မပြုဘူးထင်မိတာပဲ။ တကယ်သာ အထောက်အပံ့ရနေပြီ ဆိုရင် ကျွန်တော်တို့ရဲ့ Steem လည်း ဈေးတွေ တက်လာသင့်ပြီမဟုတ်လား။ အဲ ကိုယ်ဖြစ်ချင်တာကိုပဲ ရေးမိတာပါ။ လက်တွေ့မှာ Steem တိုးတက်ဖို့ဆိုတာထက် သူတို့ ထုတ်တဲ့ Token တွေ အောင်မြင်ဖို့ကိုပဲ အလေးထားနေတယ်လို့ ထင်မိတယ်။ ဟုတ်လေသလား မဟုတ်လေသလားမသိဘူး။ ကိုယ်ထင်တာ ကိုယ်ရေး တာ။ အဲဒီ Token တွေထဲမှာ PAL ကအခြေအနေအကောင်းဆုံးများဖြစ်နေသလားပဲ။ Minnow အုပ်စုက တောင့်လို့ ဈေးတက်အောင် လုပ်နေနိုင်သလား၊ တကယ့်ကို အပြင်လူတွေက PAL ကို အသုံးပြုလာကြလို့ ဈေးတွေ တက်လာလေသလားဆိုတာတော့ ဆရာ့ ဆရာတွေမှပဲ သိလိမ့်မယ်ထင်တယ်။ ဘာရေးရမှန်းမသိ လေတော့ ရောက်ရာပေါက်ရာ ထင်ရာမြင်ရာ ရေးနေရတာဆိုတော့ကာ သည်းခံပြီးသာ ဖတ်ကြပေတော့။


What be write copy 4.png


PAL ကသီးသန့်မဟုတ်ပဲ Steem ကို အဓိကထားပြီး PAL ကို ထုတ်ပေးတာဖြစ်လေတော့ နှစ်သီးစားရနေတာ အတော်လေးဟန်ကျသလိုပဲ။ အဲ သူ့ကိုတော့ Tag ထဲမှ PALNET လေးတော့ ထည့်ပေးနေရတာတစ်ခုပါပဲ။ ဘာပဲဖြစ်နေဖြစ်နေ အဲဒီ PAL က Steem အတိုင်း Delegate လည်းပေးလို့ရသလို Power ပေါ်မူတည်ပြီးတော့ PAL တွေရတာပဲဖြစ်နေတာပဲ။ နောက် တင်လိုက်တဲ့စာတွေကို palnet.io ကနေ သီးသန့်တင်ရတာမဟုတ်ပဲ tag ထဲမှာ palnet ဆိုတာလေးထည့် Steem မှာ Vote လိုက်တာနဲ့တင် PAL တွေရ အဲလိုဆိုတော့ နှစ်သီးစား လေးရတာပေါ့။ Token တွေ အမျိုးမျိုး အဖုံဖုံ စုံနေအောင် ထုတ်နေကြလေတော့ ဘာမှ ကောင်းကောင်းမသိတဲ့ ကျွန်တော်အဖို့တော့ သီးသန့်အကောင့်မဖွင့်ရရင် လှမ်းချိတ်ထားပြီး သူတို့ဆီက Vote လေးများ ရလေမလား မျှော်နေရတာကလည်း အမောပါပဲ။ ရတော့လည်း ယူတာပေါ့။ မရတော့လည်း မယူရုံရှိတာပဲ ဆိုတဲ့ Token လေးတွေ တစ်ခု နှစ်ခုပဲ လက်ထဲမှာ ရှိပါတယ်။ ESTM(eSteem), Hunt, Snax, PAL ဆိုတာထက်ပိုပြီးတော့ မရှိဘူး။ အရင်ရက်ကလည်း ရေးတင်ခဲ့သေးတယ်။ ခုချိန်ထိတော့ အဲဒီ eSteem ကပေးထားတဲ့ ESTM တွေက ဘာလုပ်လို့ရမှန်းသိသေးဘူး။ ပေးတော့ ပေးနေတာပဲ။ ဘယ်နေရာ ဘယ်အချိန် ဘယ်လိုပုံစံနဲ့ သုံးရမလဲဆိုတာ မပြောထားသေးဘူးဆိုတော့ ပေးတော့လည်း ယူတာပေါ့။ မပေးတော့လည်း မရဘူးပေါ့။ သူလည်းပဲ အရှုံးမရှိ နိုင်ဘူး။ ဂျက်မြသောင်း သီဆိုထားတဲ့ စာသားလေးလို “ပေးနေတုံး မူမနေနဲ့ ယူထားလိုက်” တာပါပဲ။ ကဲ ဘာရေးရမလဲ စဉ်းစားမရတော့ဘူး။


What be write copy 2.png


မိုးကမရွာ နေကပူပူ အိုက်စပ်စပ် ရာသီမှာ ချွေးသံတရွဲရွဲနဲ့ ကွန်ပျူတာရှေ့မှာထိုင်ပြီး တောင်စဉ်းစား မြောက်စဉ်းစား ဘာရေးရမလဲ။ ခုချိန်ထိ ဦးတည်ချက်ကို စဉ်းစားလို့မရတော့ ပေါက်ကရ လေးဆယ် မက ရောက်သမျှအတွေးနယ်ထဲကနေ ရေးလိုရာရေး ရေးချင်ရာရေးတဲ့ အနုပညာဖြစ်နေတာ သေချာနေပါပကော။ သူများတွေလို အနုပညာမြောက်အောင် မရေးတတ်၊ မဆိုတတ်၊ မတီးတတ်တော့လည်း ရေးချင်ရာရေး အနုပညာကို အားကိုးနေရတုံးပဲ။ စာကိုတိုတိုရေး၊ ပုံကိုလွယ်လွယ်ထည့်မယ်ဆိုပြန်တော့လည်း စိတ်က လက်မခံချင်။ ဒီတော့ မရှည်ရှည်အောင်ဆွဲဆန့် အဲ စာကိုရှည်အောင်ဆွဲဆန့်တာနော်။ အတွေးပေါက်တတ်တဲ့ လူတွေကခပ်များများဆိုတော့ ရှင်းအောင်ရေးထားတာတောင်မလွတ်ချင်ဘူး။ သူများမြို့တွေမှာ မိုးတွေရွာလို့ အေးချမ်းနေပေမယ့် ကျုပ်တို့မြို့ကတော့ မိုးကမရွာပဲ မိုးသားတိမ်လိပ်တွေတက်လာလိုက် နေမင်းကြီးက အပြင်းအထန်ထွက်လာလိုက်နဲ့ပဲ ဖြစ်နေဆဲဆိုတော့ ပေါင်းအိုးထဲရောက်နေသလို ပူလောင်လောင် အိုက်စပ်စပ် ချွေးတွေက စီးကပ်ကပ်နဲ့ အလုပ်လုပ်ရမလိုလို အိပ်ပဲနေရတော့မလိုလို အဲဒီလိုလိုနဲ့ပဲ နှစ်ပါးသွားနေရတယ်။ ခုလည်း စာမရေးတော့ပဲ ရေးသွားချိုးတော့မယ်။ စာရေးဖို့ စဉ်းစားနေပါတယ်ဆိုကာမှ မအီမလည်ဖြစ်နေတော့ ဘာရေးရမလဲ စဉ်းစားရင်းနဲ့ပဲ အချိန်ကုန်တော့မယ်။ ဒီတော့ကာ ဒါကို အစသတ်ပြီး ရေချိုးဖို့ သွားတော့မယ်။ ဒီနေ့တော့ ဘာရေးရမှန်း မသိပဲ အချိန်ကုန်ပြန်အုံးတော့မှာမို့ ရေးချင်ရာရေး အနုပညာကို ပိုင်ပိုင်နိုင်နိုင်အသုံးချထားတဲ့အတွက် ယနေ့အဖို့ စာကောင်း ပေမွန် မမျှော်ကြပါနဲ့လို့ ရေးရင်း ရပ်ပြီဗျို့။ အော် PAL လေးက ဈေးလေးတွေတက်တက်နေတော့ Stake လေးတော့ သွားလုပ်ထားလိုက်ပါအုံးမယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

23-6-2019 တနင်္ဂနွေနေ့(Sunday)

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency