ဪ-လူတဲ့လား

အားလုံးသောချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ခုရက်ပိုင်းမှာ မိုးလေးကတဖွဲဖွဲကျကျနေတော့ ဘာရယ်မဟုတ်ပဲ တောင်တွေး မြောက်တွေး အတွေးသံသရာမှာ လုံးခြာလိုက်နေတာတော့ အမှန်ပင်... တစ်လောက ငဩ ပေးခဲ့တဲ့ အတွေးတွေရဲ့ နောက်ဆက်တွဲလို့ပဲခေါ်ရမလားတော့မသိတဲ့အတွေးတွေနဲ့လည်း လုံးခြာရိုက်နေဆဲ... အတွေးတစ်ချို့ကို ဖြေရှင်းလို့ ရနိုင်သော်ငြားလည်း အတွေးတစ်ချို့ကိုတော့ မဖြေရှင်းနိုင်ခဲ့တာလည်း အသေအချာပင်... မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့လူသားတွေ လူသားတွေလူပီသဖို့ ကြိုးစားနေကြစမြဲ... လူရယ်လို့ ဖြစ်လာခဲ့ရတော့ ရလာတဲ့ လူ့ဘဝ အသက်နဲ့ကိုယ် အိုးစားမကွဲရေး နေ့စဉ် နေ့တိုင်း အချိန်နဲ့အမျှ ပင်ပင်ပန်းပန်း ကြိုးစား နေကြရတာကလည်း အမှန်ပင်... ကျွန်တော်တို့ရဲ့ အသက်တွေကိုလည်း နေ့စဉ်နဲ့အမျှ ရန်ရှာနေကြတဲ့ သူတွေကလည်း အများသား... အသက်နဲ့ကိုယ် အိုးစားကွဲစေဖို့ ခြိမ်းခြောက်နေတဲ့ အရာတို့ကလည်း ဒုနဲ့ဒေး... သဘာဝတရားရဲ့ အန္တရာယ်တွေဖြစ်တဲ့ မိုးရွာလွန်းအားကြီးလို့ ရေကြီးခြင်း၊ မိုးခေါင်လွန်းလို့ ရေမရ အသီးအနှံတွေပျက်စီးဆုံးရှုံးခြင်း၊ မီးလောင်တဲ့ဘေး၊ ရောဂါနှိပ်စက်တဲ့ဘေး စတဲ့ စတဲ့ လူတို့ရဲ့ အသက်နဲ့ကိုယ်ခန္ဓာ အိုးစားကွဲစေဖို့ အချိန်တိုင်း နေရာတိုင်းမှာ ချောင်းမြောင်းနေစမြဲ ခြိမ်းခြောက်နေစမြဲ... အလစ်အငိုက် အတိုက်ခံရလို့ အသက်နဲ့ကိုယ် အိုးစားကွဲသွားကြတဲ့သူတွေလည်း မနည်းမနော... ဒီတော့လည်း ကျွန်တော်တို့ လူသားတွေအဖို့ အသက်နဲ့ကိုယ်အိုးစားကွဲမသွားစေဖို့အတွက် မနေမနား မစာရေစာကို ရှာဖွေနေကြရသလို သဘာဝအန္တရာယ်တွေရဲ့လက်ကနေ တိမ်းရှောင်နေကြရစမြဲ... သို့ပေသော်လည်း လူသားတွေသည်လည်း အခြား အခြားသော သတ္တဝါများလိုပဲ အစာလုကြ၊ နယ်မြေလုကြရင်းနဲ့ လူအချင်းချင်း သတ်ကြ ဖြတ်ကြ သေကုန်ကြရပြန်ပါပကော... ဒါက လူ့ဘဝခရီးအတွက် အမှန်တရားတစ်ခုပေလား....လူသားတွေရဲ့ သမိုင်းကြောင်းအများစုကလည်းပဲ လူနဲ့ လူချင်း အပြန်အလှန် သတ်ကြ ဖြတ်ကြ နယ်မြေလုကြ အာဏာလုကြရင်းနဲ့ စွန်းထင်းခဲ့ရတဲ့ သွေးကွက်ကြီးတွေက မြင်မကောင်း ရှုမကောင်း ရှိခဲ့ပြီးလေပြီ... ဆက်လက်လည်း ရှိနေမြဲ... နောင်လည်း ရှိနေအုံးမယ် ထင်ပါရဲ့... အမှန်တရားတစ်ခုပေပဲလား...


01.png


လူရယ်လို့ ဖြစ်လာကြရတော့ အသက်မသေဆုံးဖို့ အစာရေစာ လိုအပ်လာတယ်... စားဖို့အတွက် အစာကိုရှာလို့ ပြည့်စုံလာပြန်တော့ နေဖို့ နေရာ ဝတ်ဖို့အဝတ် လိုအပ်လာပြန်တယ်... လူ့အလို နတ်မလိုက်နိုင်ဆိုသလို ခေတ်ရဲ့ပြောင်းလဲမှုနဲ့အတူ လူ့လိုအပ်ချက်တွေက မဆုံးနိုင်တဲ့ သံသရာကို လည်ပတ်နေတော့ကာ လောဘ ဒေါသ မောဟ သံသရာဝဲဂယက်ထဲ လည်ပတ်နေကြရစမြဲ... ဒီလိုအပ်ချက်တွေပြည့်စုံဖို့ ကျွန်တော်တို့လူသားများမှာ ကြိုးကြိုးစားစား ရုန်းကန်လှုပ်ရှားပြီး ပင်ပန်းကြီးစွာ နေထိုင်ကြရတယ်... ရုန်းကန်လှုပ်ရနေကြရတဲ့ လူသားအချင်းချင်း အပြန်အလှန်အကျိုးပြုပြီး နေထိုင်ကြရင်း လူလည်လုပ် အမြတ်ထုတ်ပြီး အချင်းချင်းအပေါ် မသမာမှုတွေကိုလုပ်တဲ့သူတွေ ရှိလာတယ်... မသမာတဲ့သူတွေကို နှိပ်ကွပ်ဖို့ တော်လှန်ဖို့ သုတ်သင်ရှင်းလင်းဖို့ ကြိုးစားတဲ့သူတွေလည်း ရှိလာတယ်... လူတို့ရဲ့ အစွဲ ဥပါဒါန် တစ်မျိုးမျိုး ဒါမှမဟုတ် အခြားအကြောင်းပြချက်တစ်မျိုးမျိုးနဲ့ လူ နဲ့ လူချင်း ဒါမှမဟုတ် လူမျိုးတစ်မျိုးကနေ အခြားလူမျိုးတစ်မျိုး ဒါမှမဟုတ် တိုင်းပြည် တစ်ခုကနေ အခြားတိုင်းပြည်တစ်ခု လွှမ်းမိုးဖို့ ကြိုးစားကြပြန်ပါတယ်... ဒီတော့ အပြန်အလှန်အနေနဲ့ အာဃာတ တရားတွေ မုန်းတီးမှူတွေ မကျေနပ်မှုတွေနဲ့ ဆက်လက် တိုက်ခိုက် သတ်ဖြတ်နေကြရပြန်ပါပကော... ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ဘာအတွက် ညာအတွက်ဆိုတဲ့ အကြောင်းပြချက်တစ်မျိုးမျိုးနဲ့ နယ်ချဲ့ အာဏာလု တိုက်ခိုက်သတ်ဖြတ်လာကြတာ တစ်စ တစ်စ ကြီးထွားခဲ့ပြီး ကမ္ဘာစစ်ကြီးတွေ ဖြစ်ရတဲ့အထိတိုင်... ဒုတိယကမ္ဘာစစ်ကြီးတုံးကတော့ စာရင်းအရ လူပေါင်း (၅၅)သန်း အသက်နဲ့ကိုယ် အိုးစားကွဲခဲ့ကြရပြီးတော့ စာရင်းမပေါက်ပဲနဲ့ အသက်နဲ့ကိုယ် အိုးစားကွဲခဲ့ရတဲ့ လူ့အသက်ပေါင်းများစွာလည်း ရှိနေခဲ့တယ်လို့ဆိုကြပါတယ်... ဒီလောက် ရက်စက်ဒီလောက် ဆင်ခြင်တုံတရားကင်းမဲ့ ဒီလောက် အမုန်း အာဃာတတရားကြီးမားခဲ့တဲ့ အရာက ကောင်းမွန်တဲ့ လောကရဲ့ အမှန်တရားလား... သဘာဝတရားကြီးရဲ့ထုတ်ကုန်တွေထဲမှာ လူဆိုတဲ့ သတ္တဝါဟာ အချိုးအစား အလွန်ကျပြီး အလွန်လည်းလှ အလွန်အဆင့်အတန်းမြင့် အလွန်အသိဉာဏ်ရှိ အလွန်ပါးနပ်လိမ္မာတဲ့လို့ နာမည်ကျော်ကြားခဲ့တာ ဟုတ်ကော ဟုတ်ပါရဲ့လားတော့မသိ... သေးငယ်တဲ့ ဉီးနှောက်သာရှိတဲ့ လူဆိုတဲ့ သတ္တဝါဟာ သဘာဝတရားကြီးရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနိုင်စွမ်းရှိပေမယ့်လည်း အံ့ဩဖွယ်ရာ သိပ္ပံပညာရပ်တို့ကို တီထွင်နိုင်စွမ်းရှိသော်ငြားလည်း လောကကြီးတိုးတက်သာယာအောင် ဖန်တီးနေခြင်းလား သို့တည်းမဟုတ် သာယာလှပပြီးဖြစ်တဲ့ လောကကြီးကို အကျည်းတန်အောင် လုပ်ဆောင်နေခြင်းပေလား တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အဖြေကို ကွဲကွဲပြားပြား သိနိုင်လောက်မယ်ထင်ပါရဲ့... ခုတော့ မကွဲမပြားအတွေးတို့ ပျံ့လွင့်ရင်းနဲ့သာ....

အားလုံးကို လေးစားလျှက်

@ansoe

ansoe_hive_logo.png

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency