This content was deleted by the author. You can see it from Blockchain History logs.

ဘယ်​လိုအလှမျိုးလဲကွယ်

image

က​လေးဆန်​ဆန်​​လေ​ပြေ​လေညှင်း​လေး​တွေ
တသုန်​သုန်​​ဆော့ကစား​နေတဲ့
ကိုယ်​တစ်​ကိုယ်​စာအခန်းကျဉ်း​လေးထဲက
သနပ်​ခါး​ကျောက်​ပျဉ်​​ပေါ်ထိုးကျလာတဲ့လ​ရောင်​ကို
တရှိုက်​မက်​မက်​ပါးပြင်​အပ်​နမ်းရှိုက်​ကြည့်​မိ​တော့
သူမရဲ့ကဗျာဆန်​ဆန်​ကိုယ်​သင်းရနံ့​လေး​တွေသာ
သူမရဲ့ကဗျာဆန်​ဆန်​ရယ်​သံလွလွ​လေး​တွေသာ
သူမရဲ့ကဗျာဆန်​ဆန်​အမူအရာဖွဖွ​လေး​တွေသာ
ဆေးစက်​ကျသလို ထွက်​ကျလာခဲ့​ပေါ့......

မင်းဟာဘယ်​လိုအလှမျိုးလဲကွယ်
မင်းဟာဘယ်​လိုရနံ့မျိုးလဲကွယ်
ကိုယ့်​တစ်​ကိုယ်​စာအခန်းကျဉ်း​လေးထဲက
ကိုယ့်​တစ်​ကိုယ်​စာစိတ်​အ​ပေါ်ကိုမှ
လ​ရောင်​နဲ့အတူပြိုကျခဲ့သူ
ကိုယ့်​ဘဝရဲ့​ဆေး​ရောင်​ခြယ်​ပန်း​က​လေး
မင်းဟာဘယ်​လိုကဗျာမျိုးလဲကွယ်
မင်းဟာဘယ်​လိုအလှမျိုးလဲကွယ်​.......

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

Logo
Center