This content was deleted by the author. You can see it from Blockchain History logs.

အမှန် အမှားနဲ့ သူ့ဘက်ကိုယ့်ဘက်

အမှန်ဘက်ရပ်တဲ့သူ ဖြစ်ဖြစ် အမှားဘက်ရပ်တဲ့သူ ဖြစ်ဖြစ် သူတို့ကိုယ်သူတို့ အမှန်တရားအပေါ်မှာရပ်တယ်လို့ ယုံကြည်နေကြတာချည်းပဲ။
ဒီတော့ ဘယ်ဘက်က တကယ်မှန်တယ်ဆိုတာက တစ်ဘက်စီရဲ့ ထင်ယောင်မှားမှုတွေချည်းလို့ပဲ ယူဆရမလိုလို သို့မဟုတ် တစ်ဘက်စီရဲ့ တိုင်းတာတဲ့စံနှုန်းသတ်မှတ်ချက် အပေါ်ပဲယူဆရမလိုလိုတွေဖြစ်နေတတ်တယ်။
တချို့ကအမှန်အမှားကို မျှတမှုနဲ့တိုင်းတယ်။
တချို့က ကိုယ်ကျိုးအမြတ်နဲ့တိုင်းတယ်။ (ကိုယ့်နိုင်ငံကိုယ့်လူမျိုးကိုယ့်ဘာသာအတွက်ဘာလုပ်လုပ် တရားတယ်ဆိုတာမျိုး)
တချို့က အမှန်အမှားကိုဆန္ဒနဲ့တိုင်းတယ်။ အဲ့တာလည်း ကိုယ့်အကျိုးစီးပွားကိုသာအခြေခံတာပါပဲ။
အချို့ကျတော့ အင်အားအနည်းအများနဲ့တိုင်းတယ်။ အမှန်လို့လက်ခံသူများ၇င် အဲ့တာအမှန် ဆိုတာမျိုး။
တချို့သော အမှားတွေက ရတဲ့အချက်အလက်အမှားကြောင့် လိုက်မှားပေမဲ့ အဲ့လို၇တဲ့အချက်အလက်မှားနေတာကိုမသိလို့ သူတို့မှန်တယ်လို့ ရိုးသားစွာ ယုံကြည်နေတာမျိုးလည်းရှိတယ်။
တချို့ကျတော့ မှားနေမှန်းသိသိကြီးနဲ့ ကိုယ့်အကျိုးစီးပွားအတွက် အမှားကိုပဲ ဇွတ်လက်ခံကျင့်သုံးလိုက်တာမျိုးကိုမှန်တယ်လို့ယူဆတာမျိုးလည်းရှိကြပါတယ်။

Kyaw Thu Ra
MSU 056

Photo Credit

Mediating-Conflict-My-Side-Your-Side-and-The-Truth-Webinar-01.png