အလှဖွေရှာ ဘဝမှာ

image
'ဘဝ' ဟူသည့် ဝေါဟာရကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုထားကြသည်။ အချို့က 'ဘဝဟူသည် စိန်ခေါ်မှုဖြစ်သည်။ ရင်ဆိုင်ပါ' ဟု ဆို၏။ အချို့က 'ဘဝဟူသည် ရုန်းကန်မှုဖြစ်သည်။ လက်ခံပါ' ဟုဆိုပြန်သည်။ အချို့ကမူ 'ဘဝဟူသည် စွန့်စားမှုဖြစ်သည် ရဲဝံ့ပါ'ဟု ဆိုပြန်၏။ အချို့ကတော့ 'ဘဝဟူသည် တာဝန်ဖြစ်သည်။ ဆောင်ရွက်ပါ'ဟု ဆိုပြန်သည်။ စာရေးဆရာတစ်ဦးဖြစ်သည့် အင်တော်နီရိုဗင်စ် ကမူ ' ဘဝဟူသည် လက်ဆောင်ဖြစ်သည်။ ဘဝက ကျွန်ုပ်တို့ကို အခွင့်အထူး အခွင့်အရေးနှင့် တာဝန်ကိုပေးသည်။ ထို့အတွက် ကျွန်ုပ်တို့ တစ်စုံတစ်ရာ ပြန်လည်းပေးဆပ်မှသာ ပိုမိုကောင်းမွန်သည့်အခြေအနေကို ရရှိနိုင်မည်ဖြစ်သည်'ဟု ဆို၏။
ကျွန်တော်ကတော့ ဘဝဟူသည် 'တစ်စုံတစ်ရာဖြစ်ထွန်းမှုအတွက် ရှင်သန်နေရသော ဖြစ်စဉ်တစ်ရက်'ဟုပင် ရိုးရှင်းစွာနားလည်းထားပါသည်။ မီးညှိထားသော ဖယောင်းတိုင်တစ်တိုင်သည် အလင်းရောင်ဖြစ်ထွန်းမှုအတွက် ရှင်သန်ခဲ့၏။ မွှေးပျံ့သော ပန်းတစ်ပွင့်ကတော့ မွှေးရနံ့ ဖြစ်ထွန်းမှုအတွက် ရှင်သန်ခဲ့သည်။ ကန်ရေပြင်အောက်သို့ ထိုးကျသွားသောခဲတစ်လုံးပင်မှု လှိုင်းဂယက်ဖြစ်ထွန်းမှုအတွက် ရှင်သန်ခဲ့သည်။ ဤသို့ဖြင့် အခြေအနေအမျိုးမျိုးတွင် တစ်စုံတစ်ရာအမျိုးမျိုးကို ဖြစ်ထွန်းပေးရင် ရှင်သန်နေရခြင်းကပင် ဘဝမဟုတ်ပါလား။
သတ္တဝါဟူသမျှ ဘဝကိုယ်စီပိုင်ဆိုင်နေကြခြင်းဖြစ်သည်။ သူဋ္ဌေကြီးသည်လည်း ဘဝ ဆင်းရဲသားသည်လည်း ဘဝ ရာထူးကြီးသူလည်း ဘဝ ရာထူးနိမ့်ပါးသူသည်လည်း ဘဝ လူသည်လည်း ဘဝ တိရစ္ဆာန်သည်လည်း ဘဝ ဘဝကိုယ်စီရှိသည်သာ။ ထို့ကြောင့်လည်း အချို့က ဘဝဟူသည် 'ကံတစ်ရားတစ်ခုနှင့် ရှင်သန်ခြင်း'ဟု ပြောကြ၏။ သို့သော် ရှင်သန်နေစဉ်ကာလတစ်လျှောက် ကံကောင်းအောင်ကြိုးစားရမည်မှာ မိမိတို့၏တာဝန်တစ်ရပ်ပင် မဟုတ်ပါလား။
MSU-007

H2
H3
H4
3 columns
2 columns
1 column
Join the conversation now