Mind

အလိုအလျောက် တုံ့ပြန်တတ်တဲ့ လူ့ခန္ဓာကိုယ်
image
ခန္ဓာကိုယ်ဟာ အတွင်းပိုင်းမှာ ရှုပ်ထွေးတဲ့အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး လူသားတစ်ယောက်အနေနဲ့ အပြည့်အဝနားလည်ဖို့ ခက်ခဲပါတယ်။

ခန္ဓာကိုယ်ရဲ့ခုခံချေဖျက်မှုစနစ်ဟာလည်း ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပြီး အလိုအလျောက် ဖြစ်တာမို့ လူအများစု သတိတောင် မပြုမိကြပါဘူး။

ဒီစနစ်က လူသားတွေရဲ့ခန္ဓာကိုယ်ကို တစ်ရက်ကို ၂၄ နာရီ ကာကွယ်ပေးနေတာပါ။

ဒီစနစ်ရဲ့ အလိုအလျောက်တုံ့ပြန်မှုပုံစံအချို့ကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) သမ်းဝေခြင်း

ဦးနှောက်က အရမ်းအလုပ်လုပ်ရလို့ ကွန်ပျူတာတစ်လုံးလို ပူလာတဲ့အခါ အေးမြသွားအောင် အအေးဓာတ်ပေးတဲ့ သဘောမျိုးနဲ့ သမ်းဝေရတာ ဖြစ်ပါတယ်။

(၂) နှာချေခြင်း

နှာခေါင်းထဲကို ဖုန်မှုန့်တွေ ဝင်တာဖြစ်ဖြစ်၊ အမှုန်အမွှားတွေ ဝင်တာဖြစ်ဖြစ်၊ ယားယံစေတဲ့ အမှုန့်ဝင်တာပဲ ဖြစ်ဖြစ် နှာချေလေ့ ရှိပါတယ်။ နှာချေတယ်ဆိုတာ ခန္ဓာကိုယ်က မလိုအပ်တဲ့အမှိုက်တွေကို ဖယ်ရှားတာ ဖြစ်ပါတယ်။

(၃) အပျင်းဆန့်ခြင်း

အပျင်းဆန့်တယ်ဆိုတာ ခန္ဓာကိုယ်ဟာ ပုံစံတစ်မျိုးတည်းကိုပဲ ထပ်တလဲလဲလုပ်နေရတဲ့အချိန်မှာ ကြွက်သား ပုံမှန်မဟုတ်တာတွေ၊ သွေးလည်ပတ်မှုပုံမှန်မဟုတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ခန္ဓာကိုယ်က အပျင်းကြောဆန့်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။

(၄) ပဲကြီးတွန့်

ရေစိမ်တာ များတာပဲဖြစ်ဖြစ်၊ အေးတဲ့နေရာမှာ အကြာကြီး နေမိတာပဲဖြစ်ဖြစ် လက်မှာ ပဲကြီးတွန့်တွေ ပေါ်လာ တတ်ပါတယ်။ ခန္ဓာကိုယ်ဟာ အစိုဓာတ်တွေကို ချက်ချင်းတုံ့ပြန်တာကြောင့်မို့ ဒီလိုမျိုး ပဲကြီးတွန့်တွေ ပေါ်လာရ တာပဲဖြစ်ပါတယ်။ အစိုဓာတ်ရှိနေတဲ့လက်နဲ့ ချောမွတ်တဲ့အရာတွေကို အလွယ်တကူကိုင်နိုင်အောင် ပဲကြီးတွန့် တွေ ပေါ်လာရတာပဲ ဖြစ်ပါတယ်။

(၅) မေ့တတ်တာ

လူသားတွေရဲ့ဦးနှောက်ဟာ ကွန်ပျူတာစနစ်လိုပဲ အချက်အလက်တွေကို သိုလှောင်ထားပြီး များလာတဲ့အခါ အသုံးမများတဲ့ အချက်အလက်တွေကို အလိုအလျောက် ဖျက်ပစ်လိုက်တာမျိုးရှိသလို၊ အဆိုးရွားဆုံး အဖြစ်အပျက်တွေကိုလည်း ဖျက်ပစ်လေ့ရှိပါတယ်။

ဒီလိုဗဟုသုတတွေကို သူငယ်ချင်းတွေလည်း အခြားဘော်ဒါတွေသိအောင် မျှဝေပေးကြပါဦး။

Photo..Google

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency