လမ်းခွဲတစ်ခုရဲ့နိဂုံး

လမ်းခွဲတစ်ခုရဲ့နိဂုံး

image
နင်ကဥပေက္ခာနဲ့ ကျောခိုင်းတယ်
ငါကလည်း မာနနဲ့ လှည့်ထွက်ခဲ့တယ်👣👣👣

နင်က ထားရစ်ခဲ့တယ်
ငါကလည်း နေရစ်ခဲ့တယ်👸👸👸

နင်က စွန့်လွှတ်ခဲ့တယ်
ငါကလည်း ဖက်တွယ်ဖို့ မကြိုးစားခဲ့ဘူး👧👧👧

နင်က ပြန်မလာတော့ဘူး
ငါကလည်း ရပ်စောင့်မနေခဲ့ဘူး👩👩👩

နင်က မချစ်တော့ဘူး
ငါကလည်း ပြတ်သားပါတယ်👯👯👯

နင်ပေးခဲ့တဲ့ အရာတွေထက် မလျော့တဲ့
တုံ့ပြန်ခြင်းတွေကို ငါပြန်ပေးခဲ့တာပဲ......

ဒါပေမယ့် လမ်းခွဲတစ်ခုရဲ့ နိဂုံးမှာ
နင်က နှလုံးသားမပါခဲ့ပေမယ့်
ငါကတော့ နှလုံးသားနာခဲ့ရတယ်....😐😐😐

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency