"" နူးညံ့တဲ့  လက်တစ်စုံ """ ""သူဖတ်ဖို့ ""

"" နူးညံ့တဲ့  လက်တစ်စုံ """

ကိုယ့်​..အိမ်​မက်​နဲ့
မျှော်​လင့်​ချက်​​တွေ
ဘယ်​​လောက်​ပဲ
အ​ရောင်​ချယ်​ချယ်
ဘောင်​မဝင်​တဲ့ ပန်း​ချီကားတစ်​ချပ်​လို့
"ဥ​ပေက္ခာ "နံရံရဲ့ ​ထောင့်​တစ်​​နေရာမှာ
ယူကျုံးမရ တဲ့ ခံစားမူ​တွေ ​ပေကျံလို့
နှလုံး ​သွေးနဲ့ ​ရေးထားတာမို့
တစ်​ခါတစ်​ရံ နာကျင်​စရာ ညှီနံ့​တွေ ပျံ့​နေပြီ...။

ဘောင်​ခတ်​ပြီး သပ်​ရပ်​တဲ့
ပန်းချီ ကား တစ်​ချပ်​ဖြစ်​ဖို့က​တော့
မင်းရဲ့ နူးညံ့ တဲ့ လက်​တစ်​စုံနဲ့
ဖုန်​သုတ်​ ​ပေးမှ ရလိမ့်​မယ်​..။

"သူဖတ်​ဖို့"

ဒဿနမဆန်​​ပေမယ့်​လည်း
ရင်​ဘတ်​က ......အမှန်​တရားတစ်​ချို့
........သူဖတ်​သည်​ဖြစ်​​စေ......
.....မဖတ်​သည်​ဖြစ်​​စေ.....
ချ​ရေးလိုက်​မိတယ.်​..။

သူ့..မျက်​ဝန်း​လေးထဲ
အငိုက်​မိသွားခဲ့တဲ့ ....မသိစိတ်​​လေးက
သူ့...အရိပ်​​လေးပဲဖြစ်​ချင်​လာတယ်​...။

ယုံကြည်​ပါကွယ်
ကြုံဆုံဖူးတဲ့.... မင်းသိတဲ့လူတစ်​ချို့လို​တော့
အ​ပြောအဆို ....​ကောင်း​ကောင်း​တွေနဲ့
မင်း ...အချစ်​ကို ...လိမ်​ညာပြီးမ​တောင်းဆိုပါဘူး...။

အချစ်​ဦး ဖြစ်​ခွင့်​မရရင်​​လည်း​နေပါ​စေ..
တစ်​သက်​တာ ...အတူတူ ​...နေခွင့်​ရရင်​ ...​ကျေနပ်​ပြီ။
ကိုယ့်​ဘက်​ကို.... ယက်​တယ်​လို့မထင်​ပါနဲ့​နော်​..
ကိုယ့်​အသက်​ရှင်​ချိန်​​လေး​တော့
မင်း​ဘေးနားမှာပဲ ....​နေသွားပါရ​စေ....။

တကယ်​​တော့​လေ
အ​နေလည်းမနီး
ခရီးလည်း​ဝေးတဲ့
သူ...ရှိတဲ့ အရပ်​နဲ့ ...ဆန့်​ကျင်​ဘက်​တစ်​ခုမှာ
ငါ့..ရင်​ဘတ်​မှာ
ဖြစ်​​နေတဲ့ ခံစားမူ​တွေ
သူ့...အနား တိုးတိုး​လေး... ​ရေရွတ်​ခွင့်​မရှိလို့
"သူဖတ်​ဖို့ "ရည်​ရွယ်​ ပြီး​ရေးခဲ့တယ်​..။

အမှတ်​တမဲ့ .....​လေးပဲဖြစ်​ဖြစ်
သူ...ဖတ်​ဖြစ်​ခဲ့ရင်​ .....​ကျေနပ်​တယ်​..။

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency