💛နက်ရှိုင်းဆုံး အမုန်း💛

💛နက်ရှိုင်းဆုံး အမုန်း💛

"ပန်း...နင်အဆင်ပြေရဲ့လား ကဗျာ ပန်း အိမ်သို့
ရောက်နေလေ၏...

"သူမ အိပ်နေရင်းမှ ထလိုက်သည်..."

"အင်း ငါ အဆင်ပြေပါတယ်...ဒါနဲ့ နင်ဒီဘယ်လို
လုပ်ပြီး ရောက်လာတာလဲ ပန်း မေးလိုက်၏"

"ငါ နင့်ကိုအရေးကြီးတဲ့ သတင်း ပြောစရာရှိလို့...
ဒါနဲ့ နင့်ပါးဘာဖြစ်လာတာလဲ...ပြီးတော့ နင့်နှုတ်ခမ်းယောင်နေတာ ပန်း"

"အဟွန့်...ပန်း မဲ့ပြုံးလိုက်သည်"

"ဒီလိုပါပဲ...ငါ ဘာမှမဖြစ်ပါဘူး နင် အရေးကြီးတဲ့
ကိစ္စ ပြောလေ...ပန်း ဟန်ဆောင်ကာ ပြောရင်း"

"ငါ တို့ မင်းဝဏ္ဏ အမှု့ကိုစစ်ဆေးတာ သူ့မှာလှို့ဝှတ်
ချက်ရှိတယ်...ပြီးတော့ သူ့မှာအကြံတွေရှိနေသေး
တယ်လို့ ငါတို့ ယူဆထားတယ်...

"အဲ့ဒါကြောင့် နင် သတိနဲ့နေပါလို့ ငါ ပြောချင်တယ်"

"အင်း...အဲ့ကိစ္စနဲ့ ပတ်သက်ပြီး...ငါသိထားတာရှိ
တယ်...ပြီးတော့ သူ့တပည့်တွေ ငါ့နောက်ကိုလိုက်
နေတာလဲ ငါသိတယ်"

"ဟင်...ဘယ်လို ဘယ်လို ပန်း"

"ကဗျာ...သူငယ်ချင်း ဖြစ်သူကိုစိတ်ပူသွားရသည်"

"ပန်း ရယ်...မဖြစ်ဘူး ငါ နင်နဲ့ အဖော်လာနေမယ်"

"အင်း...နင်တကယ်ပြောတာလား ငါ အဖော်လိုနေ
တာနဲ့ အတော်ပဲ...ဒါပေမယ့် ငါ သေသွားတာလဲ
ကောင်းပါတယ်"

"အယ်း...ပန်း နင်ဘာစကားတွေပြောနေတာလဲ..."

"ကဗျာ...သူမ ကိုအံဩစွာမေးလိုက်၏..."

"ဟုတ်တယ် ငါ တကယ်ပြောတာ...ငါ ဆက်ပြီးအ
သက်မရှင်ချင်တော့ဘူး...သူမ မျက်နှာညှိုးငယ်သွားရ၏..."

"နင် ဘာတွေဖြစ်နေတာလဲဆိုတာ ငါ မသိပေမယ့်.
ဘာမဟုတ်တဲ့ ကိစ္စကြောင့်နဲ့ ကိုယ့်ရဲ့ ရှင်သန်နေ
တဲ့ အသက်ကို မဖျက်စီးလိုက်ပါနဲ့ ပန်း"

"အင်းပါ...ငါ ဒီလိုပဲ စိတ်ညစ်လို့ ပြောလိုက်မိတာ"

"ငါ တို့...ရုပ်ရှင် သွားကြည့်ကြရအောင်...ပန်း ကဗျာ ကိုပြောလိုက်၏.."

"အင်း နင့်သဘောပါ"

"Ok...ငါ ရေချိုးလိုက်အုံးမယ် အဲ့ဆို နင်ခဏစောင့်

"ပန်း ပြောပြီး ရေချိုးခန်းထဲ သူမ ဝင်သွားလေသည်
သူမ ကဗျာ ရှေ့မှာဟန်ဆောင်နေရပေမယ့်...နောက်
ကွယ်မှာကျတော့ သူမ ငိုချလိုက်၏"

"ကဗျာ ရယ်...ငါ ဘယ်လောက်ထိနာကျင်နေရတာ
လဲဆိုတာ နင်မသိပါဘူး...သူမ ငိုကြွေးကာပြောရင်း"

"ပန်း ရုပ်ရှင်ရုံထဲရောက်တော့...သူမ ကြည့်ချင်တဲ့
ဇာတ်ကားများကို သူမ ရွေးနေလေသည်...

"ဟို ညီမ...အစ်မကို ဒီကဇာတ်ကားလက်မှတ် နှစ်
စောင် လောက်ဖြတ်ပေးပါ..."

"အယ်း...ဆေားရီး နော်...အစ်မ ဒီဇာတ်ကားလက်
မှတ်က ခုနလေးပဲ ကုန်သွားတာ...ဟိုဘက်က စုံတွဲ
လေးဖြတ်လိုက်တာ...

"ပန်း...ထိုကောင်မလေး ပြတဲ့ဘက်ကိုကြည့်လိုက်
သည်...သူမ ထင်မှတ်မထားတဲ့ လူနှစ်ယောက်"

"ကိုကို...မနေ့က ကောင်မလေးနဲ့"

"သူမ...မျက်ရည်များစီးကျလာ၏...ဒါလား အတိတ်မေ့နေတဲ့လူက...ပျော်ရွှင်နေလို့ပါလား"

"ရှင် တကယ်ပဲ ကျွန်မ နဲ့ပတ်သက်ခဲ့တာတွေ...ဘာ
တစ်ခုမှ သတိမရခဲ့တာလား...ဒါမှမဟုတ် ရှင် အ
တိတ်မေ့ချင်ယောင်ဆောင်ခဲ့တာလား"

"သူမ...စိတ်ထဲမှပြောရင်း နာကျင်နေမိသည်"

"ပိုင်...မထင်မှတ်ပဲ ပန်း ရှိတဲ့နေရာကို သူကြည့်လိုက်မိသည်...သူ သူမ ကိုတွေ့လိုက်ရ၏"

"ပန်း...သူနဲ့အကြည့်ချင်းဆုံသွားတော့ သူမ ရှောင်
လိုက်မိသည်...သူမ ရုံထဲကနေ ပြေးထွက်သွားရင်း

"ပိုင်...ဘာဖြစ်မှန်းမသိ သူအခုလို သူမ ထွက်ပြေး
သွားတာကို မြင်လိုက်တော့ သူ နာကျင်နေမိ၏"

"သူ ဘာမှထပ်ပြီး စဉ်းစားမနေတော့ပဲ...သူမ နောက်သို့ ပြေးလိုက်သွားလေသည်..."

"မေ...ပိုင် ရော...ဇော် အအေးသွားဝယ်ပြီး ပြန်လာ
တော့ မတွေ့သဖြင့်မေးလိုက်သည်...

"ခုနတုန်းက ဒီနားမှာပဲ...ဘယ်ထွက်သွားတာလဲ မသိဘူး...ရုပ်ရှင်က လာနေပြီး"

"မထူးတော့ပါဘူး...ကိုယ် တို့နှစ်ယောက်ပဲ သွား
ကြည့်လိုက်ကြတာပေါ့ ဇော် ပြောပြီး သူမ လက်ကို
ဆွဲပြီး ဝင်သွားလေ၏"

"ဒီမှာ ခင်ဗျာ...ခဏနေပါအုံး"

"ပိုင်...သူမ လက်ကိုလှန်းဆွဲလိုက်၏..."

"အို...ရှင် ဒါဘာလုပ်တာလဲ ကျွန်မ လက်ကိုလွှတ်ပါ
ပန်း ပြောပြီး ရုန်းလိုက်မိသည်..."

"ကျွန်တော် ခင်ဗျာ နဲ့စကားနဲနဲလောက်ပြောချင်တယ်...ပိုင် ပြောရင်း"

"ကျွန်မ ရှင်နဲ့ ပြောစရာ စကားမရှိဘူး...ထပ်ပြီး
တော့လဲ ကျွန်မ နဲမပတ်သက်ပါနဲ့...ကျွန်မ တောင်း
ပန်ပါတယ်...သူမ ပြောရင်း မျက်ရည်များစီးကျ
လာ၏"

"ပိုင်...အခုမှ သူမ ကို သူသေချာကြည့်မိသည်...
မနေ့တုန်းက သူလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် သူမ
ဖြူဖွေးဥနေတဲ့ သူမ ပါးလေးနီရဲနေလေသည်.

"သူမ ကို...သူ သနားသွားရသည်"

"မင်းက ငါ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူဆို...ပိုင်
သူမ ကိုမေးလိုက်၏"

"အရင်တုန်းက ဟုတ်တယ်...အခုမဟုတ်တော့ဘူး
ရှင်နဲ့ပတ်သက်ပြီး ကျွန်မ ရင်ထဲမှာဘာမှမကျန်တော့ဘူး..."

"ကျွန်မ ကိုသွားခွင့်ပြုပါအုံး"

"သူမ ပြောပြီး ထွက်သွားရင်း"

"မင်း ငါ့ကို အရမ်းချစ်ခဲ့တာလား"

"သူ့အမေးကြောင့် သူမ ခြေလှန်းများရပ်တန့်သွား
လေသည်"

"ကျွန်မ ရှင့်ကို အရင်တုန်းက အရမ်းချစ်ခဲ့တယ်..ဒါ
ပေမယ့် အခုချိန်မှာ အဲ့ဒါတွေမရှိတော့ဘူး...နောက်
လဲရှင့်ကို ပြန်ချစ်လာမှမဟုတ်တော့ဘူး"

"ရှင် သိထားဖို့က အခုချိန်ရော နောက်အချိန်ရောပါ
ကျွန်မ ရင်ထဲမှာရှိနေတာ ရှငွ့အတွက်...(နက်ရှိုင်း
ဆုံး အမုန်း)...ပဲ"

"ပန်း...သူ့ကိုပြန်လှည့်မကြည့်ပဲ ပြောလိုက်၏"

"သူမ...ပြောပြီး ထွက်သွားလေသည်"

"ပိုင်...သူမ စကားတွေကြောင့် သူ အငိုက်မိသွားရ
လေသည်...သူမ သူ့ကို ဒီလောက်ထိမုန်းသွားတာ
လား...သူ့ စိတ်ထဲမှပြောရင်း"

"ငါ ဒီအတိတ်မေ့နေတာတွေကို ဘယ်တော့မှ ပျောက်မှာလဲ...ဘယ်တော့မှ ပြန်သတိရလာမှာလဲ"

"သူ တစ်ယောက်ထဲရေရွတ်စွာ ပြောနေမိသည်"

H2
H3
H4
3 columns
2 columns
1 column
Join the conversation now