ကဗျာမမီ

အတွင်းဝန်များရုံးထဲက
သူရဲဘောကြောင်လှတဲ့
တော်မီဂန်း စက်သေနတ်သံတွေအောက်မှာ
သူ အသက်ပျောက်ခဲ့ရပြီ ။

ရန်သူရဲ့အဖမ်းကို ဘယ်တော့မှမခံဘူးဆိုတဲ့
သူ့ရဲ့နည်းဗျူဟာ
အနုနည်းနဲ့မရရင်
အကြမ်းနည်းနဲ့ချမယ်ဆိုတဲ့
သူ့ရဲ့မဟာဗျူဟာ
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
တိုက်ပွဲစဉ်တစ်လျှောက်
ရဲဝံ့ပြောင်မြောက်စွာ ဖြတ်သန်းလာတဲ့သူဟာ
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့တိရစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ ။

အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ
တိုင်ပြည်အတွက်
ကံမကောင်း အကြောင်းမလှမှု တစ်ခုပေပဲလား။
မြင့်မြတ်တဲ့ ` ဗိုလ်အောင်ဆန်း ´ရယ်
ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ
သင့်နာမည်နာမဟာ
အမြဲစီးဆင်းနေရစ်မယ့် ဧရာဝတီဖြစ်ပါတယ်။

သင့်အမည်နာမဟာ
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
ရိုးမလည်းဖြစ်ပါတယ် ။

သင့်ရဲ့
ကြီးမြတ်တဲ့ ဝိညာဉ်ဟာ
ဧရာဝတီလို အမြဲထာဝရစီးဆင်းပြီး
ရိုးမလို အမြဲထာဝရ ရပ်တည်နေမှာပဲ ဖြစ်ပါတယ် ။

ဂန္ဒီကြီး´အန်ကယ်ဟို´
ဒေါက်တာရီဇော်´မော်´
အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ
ကျွန်တော်တို့ တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
`အောင်ဆန်း´ ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့
ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ် ။

ငါ့တိုင်းပြည်ကိုပြန်ပေး
ငါ့သယံဇာတကိုပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိပ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ
ယူနီယံဂျက်အလံကိုဖောက်ထွင်း
နေဝန်းနီအလံကိုဆွဲဖြဲပြီး
နွေဦးကွင်းပြင်ထဲကထွက်လာရဲ့ ။
image

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency