This content was deleted by the author. You can see it from Blockchain History logs.

Introduction myself on steemit

အားလုံးပဲ မင်္ဂလာပါ

      Steemit ထဲကိုရောက်ရှိလာတာက ကျွန်တော်ရဲ့ Facebook 

friend ဖြစ်တဲ့ Ko Aung Ko Oo ရဲ့ တိုက်တွန်းမှုကြောင့်ရယ်
ကျွန်မရဲ့ စာရေးဝါသနာ ကြောင့်ပဲ ဖြစ်ပါတယ် ။ သူကတော့ Steemit
မှာ @henryba ဆိုတဲ့ account name နဲ့ September /
2017 လောက်တည်းက Steemitကို စတင် အသုံးပြုခဲ့တာဖြစ်ပါတယ် ။
ဟိုးအရင်တည်းက Online Money ဘက်ကို စိတ်ဝင်စား
တာကြောင့် အလုပ်အားတဲ့အချိန်တွေတိုင်းလိုလို လုပ်ဖြစ်နေပါတယ် ။
မအားဘူးဆိုရင်တောင်မှ တစ်ရက်ကို နာရီဝက်လောက်တော့ ဟိုဟာ
လေး လုပ်ကြည့် ဒီဟာလေးလုပ်ကြည့် ၊ Facebook က Group
တွေကို Join ထားပြီး သူတို့တင်ထားတာတွေ လိုက်စမ်းသပ်ကြည့်
အဲ့လိုလေးတွေ လုပ်နေခဲ့တာပါ ။ သူငယ်ချင်းတွေ ထဲမှာလည်း Online
Money ကို စိတ်ဝင်စား ဝါသနာပါတဲ့သူတွေ ရှိနေကြတဲ့အတွက် သူတို့နဲ့
တွေ့ရင်လည်း Online Money အကြောင်းတွေကို ဆုံတိုင်းလိုလို
ဆွေးနွေးပြောဖြစ် ၊ လုပ်ဖြစ်နေကျပါ ။

                ကျန်ခဲ့တဲ့ နှစ်နှစ်လောက်က တော့Site တစ်ခုမှာ စိတ်နှစ်ပြီး လုပ်ခဲ့ဖူးပါတယ် ။ MMM Global - အဲ့ဒီ Site ကတစ်ဆ ရင်းရင် နောက်တစ်ဆလောက်မြတ်တယ်လို့်သူငယ်ချင်း တစ်ယောက် ပြောတယ် ။ သူလဲ အခုလုပ်နေတာ တစ်ကယ်လဲ ထုတ်လို့ရတယ် ။ လုပ်ရတာလည်း သိပ်အခက်ကြီးမဟုတ်တော့ ရှိစုမဲ့စုလခလေး

တွေနဲ့ တစ်သိန်းလောက် ရင်းပြီး လုပ်ခဲ့တယ် ။ တကယ်လဲရခဲ့ပါတယ် ။
ဒါပေမယ့် ကျွန်မစသုံးပြီး ခြောက်လလောက်အကြာမှာတော့ scan
ထိပြီး MMM ထဲမှာ ရှိနေတဲ့ လောဘကြီးပြီး မထုတ်ပဲ စုထားတဲ့ ပိုက်ဆံတွေ အကုန်ဆုံးသွားခဲ့တယ် ။ မနှစ်ကတော့ MMM ကထိုင်း
မှာပြန်ဖွင့်နေပြီးတော့ Myanmar က user တွေကိုလည်း နဂိုက ဆုံး
သွားတဲ့ ပိုက်ဆံတွေ ပြန်ပေးမယ်လို့တော့ ကြားခဲ့ရတယ် ။ ဒါပေမယ့် ကြား
တော့ကြားတယ် " ငကြား " ပဲရှိပါတယ် ။ မျှော်လင့်ချက် လေးဆုံး ရှုံးခဲ့ရတာပေါ့ ။

         ဒါနဲ့ပဲ Online ပေါ်မှာ ဟိုဟာလေးစမ်းဒီဟာလေးစမ်းနဲ့ လုံ့လည်ရှာလည် လုပ်နေရင်း အခုတော့ အပေါ်မှာပြောပြခဲ့တဲ့ အကိုနဲ့တွေ့

ပြီး ကိုယ်တိုင်ကလည်း စာရေးစာဖတ် ဝါသနာပါနေတာကြောင့် ပိုက်ဆံလဲရ
ကိုယ်ဝါသနာပါတဲ့ Online Money လည်းဖြစ်နေတဲ့အတွက် Steemit ဘက်ကိုရောက်လာခဲ့တာပါ ။

@kyawthetka

:-------------------------------------------:

IMG_20180204_153305.png