Introducing myself

Hello Steemit, I'm Shine Zin from Myanmar. I live in Nyaung Done township, Ayeyarwady Region. But now, I usually live in Pathein for my university. I'm studying at Pathein University with Biochemistry Specialization. I love my major, philosophy, music, movies, history, food, travelling, languages and talking with friends. I really want to share our knowledge and information with you and I hope so. And also, I want to make friends, build community, promote life and peace on steemit.
Nice to meet you all.
Be happy and healthy.
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ Steemit အဖွဲ့ဝင်အသစ် သျှိုင်းဇင်ပဲ ဖြစ်ပါတယ်။ ကျွန်တော်ခုလောလောဆယ်တော့ ဂျပန်ကို ကာလတို ပညာသင်နဲ့ရောက်နေပါတယ်။ ကျွန်တော်က ပုသိမ်တက္ကသိုလ်မှာ ဇီဝဓာတုဗေဒ အထူးပြုနဲ့ တက်ရောက်နေတာခုဆို ဒုတိယနှစ် ဂုဏ်ထူးတန်းကိုရောက်ပါပြီ။ အားလုံးနဲ့တွေ့ဆုံခွင့်ရပြီး တစ်ဦးနဲ့တစ်ဦး ဗဟုသုတွေ၊ စိတ်ကူးစိတ်သန်းတွေကို မျှယူလက်ခံခွင့်ရတော့မှာမို့ အတိုင်းမသိဝမ်းသာရပါတယ်။ အမှန်တော့Steemitဟာကျွန်တော်နဲ့သူစိမ်းတွေဗျ။ကျွန်တော်တို့ရဲ့ အချစ်တော်က facebook လေ။ ဒါပေမဲ့သူ့ဆီမှာ commentတောင်ဝင်မရေးရဲဘူးဗျ။ postလဲမတင်ရဲ။ သူတို့က သိသိမသိသိ တအားအဆဲသန်တာကိုဗျာ။ ထားပါတော့လေ။ ကျွန်တော်steemitနဲ့မိတ်ဆွေဖြစ်လာရတာကတော့ 2017ကိုနှုတ်ဆက်ရင်း စိတ်သစ်လူသစ်နဲ့ နှစ်သစ်ကိုခြေစလှမ်းတော့မယ့်ည။ အဲ့ဒီညကုန်ဆုံးတဲ့သန်းခေါင်ယံမှာ ကျွန်တော့်သူငယ်ချင်း အသိမိတ်ဆွေတွေကို နှစ်သစ်ဆုတောင်း messageလေးတွေပို့ပေါ့။ အဲ့ဒီမှာကျွန်တော့်သူငယ်ချင်းထက်လင်းအောင်ဆီကစာပြန်လာတယ်။ သူငယ်ချင်းရေ မင်းစာလေးဘာလေးရေးပါလားဆိုပြီး steemitနဲ့မိတ်ဆက်ပေးခဲ့တာပေါ့ဗျာ။ ကျွန်တော်ကစာလည်းရေးချင်သား။ တဖက်ကလည်း ဝစီဒုစရိုက်သမားတွေကိုလည်းကြောက်တော့ သူက တကယ့်ကိုပဲအာမခံလေရဲ့။ steemitမှာဒီလူတွေမရှိဘူး ဆိုပြီးတော့ပေါ့။ ကျွန်တော်လည်းaccountရရချင်း မိတ်မဆက်ခင်လိုက်ကြည့်တော့ တစ်ဦးနဲ့တစ်ဦး အကြိုက်တူတာတွေ ဝါသနာတူတာတွေ မျှဝေထားကြတာတွေ့ရတော့ တကယ့်ကိုပဲ ဝမ်းသာမိပါတယ်။ကျွန်တော်တို့တွေ တစ်ဦးနဲ့တစ်ဦး informationတွေကို အကျိုးရှိစွာဝေမျှနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားရင်း အားလုံးကိုနှုတ်ခွန်းဆက်လိုက်ရပါတယ်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။။

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency