Farmers' life is Convenient If Weather is Good

Hello.

There is a storm at sea and clouds in the sky, so I thought it would rain this week, but it hasn't rained yet.
It hasn't rained yet, there are still clouds in the sky.
The weather is sunny and cloudy.
This situation is not hot or cold, so it is good to live.

The weatherman said it would rain and there were clouds in the sky, so the farmers in my area were tired.
Because...
in the area where I live, they are harvesting peanuts.
They harvest peanuts and dry them in the sun.
When the sun shines, the peanuts are dried, and when the rain comes, they store the peanuts in a hurry.
The farmers are tired because they have to save the groundnut plants for cattle feed.

The life of the farmers is also convenient due to the good weather.
If the weather is bad, the farmers have to suffer.
What is the situation in your friend's area?

Burmese Language,
မင်္ဂလာပါ။

ပင်လယ်ပြင်မှာ မုန်တိုင်းရှိပြီး ကောင်းကင်မှာ တိမ်တွေ ရှိနေတော့ ဒီရက်ပတ် မိုးရွာမယ် ထင်ခဲ့သော်လည်း မိုးမရွာသေးပါ။
မိုးမရွာသေးတော့ ကောင်းကင်မှာ တိမ်တွေရှိနေသေးသည်။
ရာသီဥတုက နေရောင်ဖြာထွက်လာလိုက် မိုးအုံ့လိုက်ပါပဲ။
ဒီအခြေအနေလေးက မပူမအေးဆိုတော့ နေထိုင်လို့တော့ ကောင်းပါတယ်။

မိုးလေဝသပညာရှင်က မိုးရွာမည်ဟု ဆိုထားပြီး ကောင်းကင်မှာ တိမ်တွေရှိနေတော့ ကျွန်တော် နေထိုင်ရာဒေသမှ တောင်သူတွေ ပင်ပန်းကြရပါသည်။
အဘယ်ကြောင့်ဆိုသော် ...
ကျွန်တော်နေထိုင်ရာဒေသမှာ မြေပဲ ရိတ်သိမ်းနေကြချိန် ဖြစ်သည်။
မြေပဲ ရိတ်သိမ်းပြီး မြေပဲဥများကို နေလှန်းကြရသည်။
နေရောင်လာချိန် မြေပဲတွေ အခြောက်လှန်းထားချိန် မိုးအုံ့လာသောအခါ မြေပဲတွေကို အ‌ဆောတလျှင် သိမ်းဆည်းကြရသည်။
မြေပဲပင်များကို နွားစာအတွက် သိမ်းဆည်းကြရသည်မို့ တောင်သူတွေ ပင်ပန်းကြရပါသည်။

တောင်သူတွေ ဘဝသည်လည်း ရာသီဥတုကောင်းမှ စိုက်ပျိုးရိတ်သိမ်းရအဆင်ပြေသည်။
ရာသီဥတု မကောင်းလျှင် တောင်သူတွေ ဒုက္ခရောက်ကြရသည်မှာ ဓမ္မတာသည်ပင်။
မိတ်ဆွေတို့၏ ဒေသမှာရော အခြေအနေဘယ်လိုရှိပါသလဲ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
23 Comments
Ecency