A chat about some of My Events of Nature photography

Hello.

I read @ansoe 's Love The Clouds Community post this morning and commented, "Now we're loving the clouds so much."
He lives in Sagaing City. He Take photos of the clouds in the city and submit them on the Hive Blockchain.
I live in a village in Tada Oo Township, which is separated from Sagaing City by the Irrawaddy River.
While traveling to the villages, I often takes pictures of the clouds and countryside scenery and submits them on the Hive Blockchain.

The other day, while shopping in Sagaing, I met @ansoe at a tea shop. We sat and talked.
I was afraid to take pictures while going on trip. I said that I did not dare to stop the motorcycle on the road because I was afraid of the robber.
U Soe said that because there are looters in the city, he dare not go to a place where there are no people.

For people like us who submit natural landscape images to Hive Blockchain, natural landscapes abound. We can only get beautiful pictures if we can take pictures with peace of mind, right?

Now, today is just a chat about some of my events with nature landscape pictures.

Burmese Language,
မင်္ဂလာပါ။

မနက်က @ansoe ၏ Love The Clouds Community ၌ တင်ထားသော Post ကို ဖတ်ပြီး "ခုမှ တိမ်တွေကို အရမ်းချစ်တတ်နေတယ်" ဟု Comment ပေးခဲ့သည်။
သူက Sagaing မြို့ထဲ၌ နေသည်။ မြို့ထဲနေရင်း တိမ်တွေကို ဓာတ်ပုံရိုက်ယူကာ Hive Blockchain ပေါ်မှာ တင်ပြသည်။
ကျွန်တော်က စစ်ကိုင်းမြို့နှင့် ဧရာဝတီမြစ်ကြီး ခြားထားသော တံတားဦးမြို့နယ်ထဲက ရွာမှာ နေသည်။
ရွာတွေဆီ ခရီးသွားရင်း တိမ်တွေနှင့်တောသဘာဝရှုခင်းတွေကို ဓာတ်ပုံရိုက်ယူကာ Hive Blockchain ပေါ်မှာ တင်ပြလေ့ရှိသည်။

ဟိုတနေ့က စစ်ကိုင်းမြို့သို့ ဈေးဝယ်သွားရင်း @ansoe နှင့် တွေ့ဆုံကာ လက်ဖက်ရည်ဆိုင်မှာ။ထိုင်ရင်း စကားပြောဖြစ်ခဲ့ကြသည်။
ကျွန်တော်က လမ်းသွားရင်း ဓာတ်ပုံရိုက်ရသည်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် လုပ်ရကြောင်း၊ လုယတ်သူကို ကြောက်ရသောကြောင့် လမ်းမှာ ဆိုင်ကယ်ကို မရပ်ရဲကြောင်း ပြောဖြစ်ခဲ့သည်။
ဦးစိုး က မြို့မှာလည်း လုယတ်သူရှိသောကြောင့် လူပြတ်တဲ့နေရာ မသွားရဲကြောင်း ဆိုပါတယ်။

ကျွန်တော်တို့လို Hive Blockchain မှာ သဘာဝရှုခင်းပုံတွေ တင်ပြနေသူတွေ အတွက် သဘာဝရှုခင်းတွေကို လွတ်လပ်စွာ၊ စိတ်အေးချမ်းစွာ ဓာတ်ပုံရိုက်ယူနိုင်မှသာ ပုံလှလှလေးများ ရရှိမည် မဟုတ်လား။

ကဲ ဒီနေ့တော့ သဘာဝရှုခင်းပုံများဖြင့် ကျွန်တော်၏ ဖြစ်ရပ်အချို့အကြောင်း စကားစမြည်သာပါပဲ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
21 Comments
Ecency