RE: Feuilles singulières / Singular leaves

လူဆိုတဲ့ သဘောသဘာဝသည် အပေါ်ယံ အလှအပများကို နှစ်သက်ခုံမင်တက်ကြပါတယ်။
လူဆိုရင် နုပျိုနေမှ
ပန်းဆိုရင် လန်းဆန်းနေမှ
သဘောကျ နှစ်ခြိုက်တက်ကျပါတယ်။
အိုသွားမယ် နွမ်းသွားမယ် ခြောက်သွားမယ်ဆိုရင် လူတွေဟာ ဂရုမစိုက် တန်ဖိုးမထားတက်ကြတော့ပါဘူး။
ငါလည်း တစ်နေ့ အိုရမယ်ဆိုတာကို သိပါလျက်နဲ့ ဖြစ်ခြင်းပျက်ခြင်းဆိုတဲ့ သခ်ါရ တရားတွေကို မသိနားမလည်တဲ့ လူတွေရဲ့ လွဲမှားနေကြတဲ့အယူအဆတစ်ခုပေါ့ဗျာ။
ကျွန်နော်ဆိုလိုချင်တာက လူအိုသွားပြီဆိုရင် လူတွေဟာ ဂရုမစိုက် အလေးအနက်မထားတက်ကြတော့ပါဘူး။
သစ်ပင် သစ်ရွက် ပန်းပင် ပန်းပွင့် များဟာ ညှိုးသွားမယ် နွမ်းခြောက်သွားပြီဆိုရင် လူတွေဟာ တန်ဖိုးမထားကြတော့ပါဘူး။
ဖြစ်ခြင်း ပျက်ခြင်းဆိုတဲ့ သခ်ါရ တရားရဲ့ သဘာဝကပေးအပ်လာသော သစ်ရွက် ပန်းပွင့်တွေရဲ့ အလှတရားအစစ်အမှန်တွေကို ရိုက်ကူးတင်ပြ လာတဲ့အတွက် ကျွန်နော်မြင်တွေ့ခွင့် သတိထားခွင့် ရရှိလာခဲ့ပါပြီ။
သဘာဝက ပေးစွမ်းလာတဲ့ စစ်မှန်ဆုံးသော အလှတရားဆိုတာ ယခုလို ရိုက်ကူးတင်ပြလာတဲ့ ပုံရိပ်တွေပါဟု လိုရင်း တိုရှင်း မှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျာ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency