My Entry For Phone Photography Contest - 10

Hello everyone, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


I went on a short trip last month when the temperature was high. I went to the mountain stream in Patheingyi Township, Mandalay Region, to take a rest.

အပူချိန်ပြင်းတဲ့ လွန်ခဲ့တဲ့လတုံးက ခရီးတိုတစ်ခုသွားဖြစ်ခဲ့တယ်။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ထဲက တောင်ကျစမ်းချောင်းလေးဆီကို အနားယူတဲ့အ‌နေနဲ့သွားခဲ့တာပါ။




At around 10 o'clock in the morning, they left Sagaing, where I live, to go to the stream. It was already past 12 o'clock in the afternoon when we arrived at the stream. We are also hungry. There are small traditional huts where you can rest and eat on the banks of the stream, selling food. We didn't have any favorite food, but we ordered some convenient food and sat down in a traditional hut by the creek. When I sat under the hut, the heat outside decreased. The cool natural wind blowing through the stream and the shade of the hut keep the visitors cool. I think the beginning of this stream is from the mountains of Shan State.

မနက် ၁၀ နာရီလောက်မှာ ကျွန်တော်နေထိုင်ရာ စစ်ကိုင်းမြို့ကနေ စမ်း‌ချောင်းရှိရာကိုထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ အေးအေးဆေးဆေးနဲ့သွားကြတဲ့အတွက် စမ်းချောင်းကို‌ကျွန်တော်တို့ရောက်တော့ နေ့လည် ၁၂ နာရီကျော်နေပါပြီ။ ကျွန်တော်တို့လည်း ဗိုက်ဆာနေကြပြီဖြစ်ပါတယ်။ စမ်းချောင်းရဲ့ကမ်းပါးဘေးမှာ အနားယူရင်းစားသောက်နိုင်တဲ့ ရိုးရာတဲလေးတွေနဲ့ အစားအစာကိုရောင်းချပေးကြတာကိုတွေ့ရပါတယ်။ နှစ်သက်ရာ အစားအစာတွေတော့ မရှိပေမယ့် အဆင်ပြေတဲ့ အစားအစာတွေကို မှာယူပြီး ချောင်းနံဘေးက တဲတစ်လုံးမှာ ဝင်ထိုင်လိုက်ကြပါတယ်။ တဲအောက်မှာ ထိုင်လိုက်တာနဲ့ အပြင်ကအပူဒဏ်တွေက လျော့ကျသွားခဲ့ပါတယ်။ ‌စမ်းချောင်းကိုဖြတ်သန်းတိုက်ခတ်လာတဲ့ သဘာဝ‌လေ‌အေး နဲ့ တဲရဲ့အရိပ်က ရောက်လာတဲ့ ဧည့်သည်တွေကို အေးမြစေခြင်းပဲဖြစ်ပါတယ်။ ဒီစမ်းချောင်းရဲ့အစက ရှမ်းပြည်နယ်တောင်တန်းကြီးတွေဆီကဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။






There are food stalls opened by locals from nearby villages. The honest and warm relations of the locals make visitors satisfied. You can see people of all ages bathing in the stream and taking memorable photos. The water of the stream is clear and cold, so they seem to be comfortable bathing. It's not a comfortable place, but it's a place where you can get some relief from the heat of the day.

အနီးအနားရွာက ဒေသခံတွေက လာရောက်ပြီးဖွင့်ကြတဲ့ အစားအစာဆိုင်တွေဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ရိုးသားပြီး နွေးထွေးတဲ့ဆက်ဆံရေးတွေကြောင့် လာရောက်တဲ့ ဧည့်သည်တွေကို ကျေနပ်စေပါတယ်။ စမ်းချောင်းထဲမှာ အရွယ်မျိုးစုံ ရေချိုးနေကြသလို အမှတ်တရဓာတ်ပုံရိုက်နေကြတဲ့သူတွေကိုလည်း မြင်တွေ့ရပါတယ်။ စမ်းချောင်းရဲ့ရေကလည်း ကြည်လင်ပြီး အေးနေတဲ့အတွက် ရေချိုးရတာလည်း အဆင်ပြေကြပုံရပါတယ်။ အဆင်ပြေတဲ့နေရာတစ်ခု မဟုတ်ပေမယ့် ‌အပူဒဏ်ကနေ့ ခဏတာတော့သက်သာရာရခဲ့တဲ့နေရာတစ်ခုပါ။












With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency