Entry for Shadow Hunters Contest/ SMASh

Hello.

While I were going on a pilgrimage, I rested in the shadow of a Pagoda for a while.
The human world is messy.
Due to the bad political situation in Myanmar, I live with daily worries.
So I went on a pilgrimage to find peace for a while.

I took a photo with my phone camera because I saw the shadows of the buildings while I was on a pilgrimage and resting in the shade of a pagoda.

It is said that More than the many shadows in the world, Buddha's shadow, Dhamma's shadow, Parent's Shadow is the most peaceful.
That is why we Buddhists go to Pagodas and temples.
In fact, taking refuge in Buddha's shadow means that only by living according to the teachings of Buddha, will you get true peace.

မင်္ဂလာပါ။

ဘုရားဖူးသွားရင်း ဘုရားအရိပ်မှာ ခဏ နားခိုဖြစ်ခဲ့သည်။
လူ့လောကကြီးက ရှုတ်ထွေးပွေလီလှသည်။
မြန်မာနိုင်ငံ၌ နိုင်ငံရေးအခြေအနေဆိုးရွားနေသောကြောင့် နေ့စဉ် စိုးရိမ်သောကတွေဖြင့် နေထိုင်နေရသည်။
သို့ဖြစ်၍ ခဏတာ ငြိမ်းအေးမှုရရန် ဘုရားဖူးသွားခြင်း ဖြစ်သည်။

ဘုရားဖူးပြီး ဘုရားရိပ်မှာ ခိုနားနေစဉ် အဆောက်အဦးတွေ၏ အရိပ်များကို မြင်တွေ့ခဲ့ရသောကြောင့် ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ယူခဲ့သည်။


ကမ္ဘာလောကကြီး၌ရှိသော အရိပ်တွေများစွာထက် ဘုရားအရိပ်၊ တရားအရိပ်၊ မိဘအရိပ်သည် အအေးမြဆုံးဖြစ်သည်ဟု ဆိုကြသည်။
ထို့ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဘုရားကျောင်းတွေဆီသို့ သွားကြခြင်း ဖြစ်သည်။
တကယ်တော့ ဘုရားအရိပ်၌ ခိုလှုံခြင်းဆိုသည်မှာ ဘုရား ဟောကြားဆုံးမတော်မူသော တရားတွေ အတိုင်း ကျင့်ကြံနေထိုင်မှသာ ငြိမ်းအေးမှုအစစ်အမှန်ကို ရရှိလိမ့်မည် ဖြစ်သည်။

@golden.future

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency