Entry for Reflection Hunters Contest/ ThreeShotsInOneView

Hello.

Yesterday evening I went bird watching to a large lake in the area where I live.
In winter, wintering birds visit the lake, so I went to see all kinds of birds.
But unfortunately I didn't see any birds.

When I reached the lake, the sun came out from among the clouds.
Clouds scattered in the sky.
The scene where the sun doesn't shine is getting dark.
When I aimed the phone camera directly at the sun, my vision was blurry.
So the same scene was photographed 3 times.
1View 3Shots.

I could not see the birds and returned before darkness fell.
The birds haven't come yet because it hasn't snowed in winter yet?
Is it because the birds are feeding on the shallow side of the forest?
I Don't know.
I'll have to go next time to see the birds.

Burmese Language,
မင်္ဂလာပါ။

မနေ့ညနေက ကျွန်တော်နေထိုင်ရာ ဒေသရှိ ကျယ်ပြန့်သော ရေကန်တစ်ခုဆီသို့ ငှက်ကြည့်သွားဖြစ်ခဲ့သည်။
ဆောင်းရာသီ၌ ထိုရေကန်သို့ ဆောင်းခိုငှက်များ လာရောက်တတ်သောကြောင့် ငှက်မျိုးစုံ မြင်ရဖို့ သွားကြည့်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကံမကောင်းစွာပဲ ငှက်တွေကို မမြင်ခဲ့ရပါ။

ထိုကန်ဆီသို့ ကျွန်တော် ရောက်သွားခါမှ တိမ်ထုကြားမှ နေလုံးသည် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်မှာ တိမ်တွေ ပြန့်ကျဲနေသည်။
နေရောင် မကျရောက်သော မြင်ကွင်းက မှောင်လာနေသည်။
နေလုံး တည့်တည့်ကို ဖုန်းကင်မရာဖြင့် ချိန်ရွယ်လိုက်တော့ အမြင် ဝါးနေသလို ရှိသည်။
သို့ကြောင့် ထိုမြင်ကွင်းတစ်ခုတည်းကို ၃ ကြိမ်မျှ ဓာတ်ပုံရိုက်ယူခဲ့သည်။
1View 3Shots ပေါ့။

ကျွန်တော်လည်း ငှက်တွေကို မမြင်ရတာနဲ့ အမှောင်ထုကြီး မကျရောက်ခင် ပြန်လာခဲ့သည်။
ဆောင်းက နှင်းဖွဲဖွဲမကျသေးလို့ ငှက်တွေ မလာကြသေးတာလား။
ငှက်တွေက တောနက် ရေတိမ်သည့်ဘက်မှာ ကျက်စားနေကြလို့လား။
မသိပါ။
ငှက်တွေ မြင်ရအောင် နောက်တစ်ကြိမ် သွားရပေဦးမယ်ပေါ့။

@golden.future

H2
H3
H4
3 columns
2 columns
1 column
25 Comments
Ecency